မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့မှု ပြန်များလာပြီး ကျန်းမာရေးဝန်ထမ်းအချို့လည်း ကိုဗစ်ကူးစက်ခံလာရ

စက်တင်ဘာ၊ ၁၈-၂၀၂၂
မင်းမြတ် (VOM)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားလာပြီး ကျန်းမာရေး၀န်ထမ်းတွေပါကူးစက်မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

” ပြည်တွင်း ကူးစက်ခံရတာတွေများလာတယ် ပြီးခဲ့တဲ့ သြဂုတ်လလောက်ကနေ စတင်ကူးစက်လာတာ၊ ၂၄ နာရီအတွင်းစာရင်းထဲက ၃၀၅ ယောက်ထဲမှာ ပြည်ပကူးစက်မခံရသူက ၅ ယောက်ပဲရှိ တာ ၊ အခုစာရင်းတွေကိုကြည့်ရင် ရန်ကုန်က ကူးစက်ခံရတာ အများဆုံးဖြစ်နေတယ် ၊ ကူးစက်ခံရသူဦးရေ နေ့စဉ် တိုးလာနေတယ် ၊ ဒါက စက်တင်ဘာ ၁၆ ရက် ည ၈ နာရီအထိစာရင်းပဲရှိသေးတာ ၊ မနေ့က စက်တင်ဘာ ၁၈ ရက် ည ၈ နာရီကကလည်း ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၆၁ ဦးထပ်မံတွေ့ရှိ တယ်လို့သိရတယ်၊ သေဆုံးသူကတော့ မရှိသေးတာ တွေ့ရတယ် ၊ စာသင်ကျောင်းတွေက ကလေးတွေ ရုတ်တရက် ကူးစက်ခံရတာ ၊ သေဆုံးတာလည်း ရှိလာတယ်”လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၁၈၂၅ ခုကို စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၅ ဦး နဲ့ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၈ ရာခိုင်နှုန်းရှိတယ်လို့ သက်ဆိုင်ရာက မနေ့ စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်မှုအရ သိရပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၅ ဦးဟာ စက်တင်ဘာ ၁၅ ရက်၊ ည ၈ နာရီကနေ စက်တင်ဘာလ ၁၆ ရက်၊ ည ၈ နာရီအတွင်း စစ်ဆေးတဲ့အတည်ပြုလူနာအသစ်တွေဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၃၀၅ ဦးမှာ ရန်ကုန်တိုင်းက ၁၅၁ ဦး ၊ နေပြည်တော်က ၅၈ ဦး ၊ ကချင်ပြည်နယ်က ၁၆ ဦး ၊ ရှမ်းပြည်နယ်က ၁၆ ဦး ၊ ဧရာဝတီတိုင်းက ၁၄ ဦး ၊ ပဲခူးတိုင်းက ၁၃ ဦး ၊ မန္တလေး တိုင်းက ၁၀ ဦး ၊ ကရင်ပြည်နယ်က ၈ ဦး ၊ ကယားပြည် နယ်က ၇ ဦး ၊မွန်ပြည်နယ်က ၄ ဦး ၊ စစ်ကိုင်းတိုင်းက ၄ ဦး ၊ မကွေးတိုင်းက ၂ ဦး ၊ ရခိုင်ပြည်နယ်က ၁ ဦး ၊ တနင်္ဟာရီတိုင်းက ၁ ဦးတိုဖြစ်ပြီး ရန်ကုန်တိုင်းက ၁၅၁ နဲ့ အများဆုံး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရပြီး ပြည်တွင်းကူးစက်ခံရသူတွေများတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူမရှိခဲ့ပေမယ့် လက်ရှိမှာ ကိုဗစ်-၁၉ရောဂါ ရဲ့ဗီဇပြောင်း အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ဟာ ပြည်တွင်းမှာ ဖြစ်ပွားနေပြီး အခုရက်ပိုင်းအတွင်းမှာ ပြည်တွင်းအစုလိုက် ကူးစက်မှုတွေဖြစ်ပွားလာတာကို တွေ့ရပါတယ်။

ဧရာဝတီတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာတွေရှိလာတယ်လို့ သတိထားရမယ်လို့ ကျန်းရေးဝန်ထမ်းတွေရဲ့ပြောပြချက် အရ သိရပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးက မြို့နယ်အများစုမှာ ကိုဗစ်-၁၉ ရောဂါ နောက်ထပ်တလှိုင်းစတင်လာနေပါပြီ ၊ သေဆုံးသူက သိသိသာသာတိုးမလာသေးပေမဲ့ ရောဂါပိုးကူးစက်သူကတော့ တရက်နဲ့ တရက် သိသိသာသာကို တိုးများလာနေတယ် ၊ အားလုံးဆင်ခြင်နေထိုင်သွားလာဖို့ လိုအပ်နေပြီ ၊ တချို့ နေရာတွေမှာ အစုလိုက်ကူးစက်ခံရတာတွေရှိလာတယ် ၊ ဒါဆို သေဆုံးနှုန်းကလည်းတက်လာမှာ သေချာတယ် ၊ ဒါ့ကြောင့် စီးပွားရေး ၊ နိုင်ငံရေး ၊ စေတနာ့ဝန်ထမ်း တွေအစစ အရာရာမပြည့်စုံတဲ့ ဒီကာလမှာ ကိုဗစ်-၁၉ ရောဂါဟာ အဆမတန်ကူးစက်လာရင် အကုန်ဒုက္ခရောက်မှာ၊ ကျွန်မတို့ ဧရာဝတီတိုင်းမှာဆို မနေ့က ကျန်းမာရေးဝန်ထမ်း အသက် ၃၉ အရွယ် တာဝန်ထမ်းဆောင် နေတဲ့ အိမ်မဲမြို့က အမျိုးသမီးကူးစက်ခံရတာ လို့ ကြားရတော့ အံ့သြသွားတာ ၊ ထူးခြားတယ်လေ ဘာလို့လည်းဆိုတော့ အခုကူးစက်ခံရသူတွေအများစုက ကာကွယ်ဆေးမထိုး ထား သူတွေတဲ့ ဒီဝန်ထမ်းကကော ဘယ်လိုလည်းပေါ”လို့ ဧရာဝတီတိုင်းမှာ တာဝန်ကျနေတဲ့ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမြင့်တက်လာတဲ့အခြေ အနေနဲ့ ပတ်သက်လို့ ပြင်ပဆရာဝန်တဦးက “အိုမီခရွန်ကတော့ ကိုဗစ်-၁၉ ရဲ့ မျိုးရိုးဗီဇကွဲဖြစ်တယ် ၊ လူတိုင်းဟာ အိုမီခရွန် ကူးစက်ခံရနိုင်တယ် ၊ အခြားမျိုးရိုးဗီဇကွဲတွေထက် လျင်လျင်မြန်မြန် ကူးစက်တဲ့ အမျိုးအစားဖြစ်တယ် ၊ အိုမီခရွန်ဟာ ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပြီး မပြင်းထန်တဲ့ ကိုဗစ်-၁၉ အခြေအနေကနေ ပြင်းထန်တဲ့ ဖျားနာခြင်းတွေ၊ အသက်သေဆုံးခြင်းတွေဖြစ်နိုင်တယ် ၊ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေးမထိုးနှံရသူတွေမှာ ဖြစ်ပွားဖို့ရော၊ ကုသဖို့ရော ခက်ခဲပြီး အသက်သေဆုံးနိုင်တယ် ၊ ဒါကြောင့် အိုမီခရွန်က မပြင်းထန်ဘူးလို့ ဆိုရင်တောင် ကိုယ်ခံအားနည်းသူတွေ၊ ကာကွယ်ဆေး မထိုးနှံသူတွေနဲ့ ရောဂါအခံရှိသူတွေတော့ အသက်သေဆုံးနိုင်တယ်ဆိုတာကို မေ့လျော့ပေါ့ဆထားလို့ မရဘူးဆိုတာပြောချင်တယ်”လို့ ပြောပါတယ်။

ကိုဗစ်ကူးစက်မှု ပြန်ဖြစ်ပွားနေတာကြောင့် နေပြည်တော်က အစိုးရရုံးအချို့မှာ ရုံးကိုတပတ် တက် ၊ တပတ်နားစနစ်နဲ့ ပြန်လုပ်နေတယ်လို့လည်း သတင်းဌာနအချို့ရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ အချိန်ကနေ မနေ့ စက်တင်ဘာ ၁၇ ရက်အထိ ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၆၁၈၆၆၄ ဦးရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်းမှာ ၁၉၄၄၄ ဦးရှိခဲ့ တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ နှုန်းဟာ လက်တွေ့ မြေပြင်မှာက ရောဂါပိုးကူးစက်ခံရတဲ့ တရားဝင် ကိန်းဂဏန်းထက်များပြားလာတယ်လို့ စေတနာ့ဝန်ထမ်းတွေဆီကနေသိရပါတယ်။

#voiceofmyanmar #VOM #ကိုဗစ်ကူးစက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW