ပြင်ဦးလွင်မှာ အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

စက်တင်ဘာ ၁၈-၂၀၂၂
VOM (GG)

ပြင်ဦးလွင်မြို့နယ် ၊စည်းကားရွာကကြက်မွေးမြူရေးခြံတခုမှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရသူတွေက မိန်းကလေး ၃ ယောက်နဲ့ ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး ကြက်ခြံထဲမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ အသတ်ခံရသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ်ကလေးလည်းပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

“၁၁ နာရီလောက်သိရတယ်၊ကြက်ခြံထဲမှာဖြစ်တာပါ။အသတ်ခံရတာက မိသားစုတွေလို့တော့ပြောတယ်။ တယောက်က အသက်ရှိသေးတယ် ဆေးရုံရောက်မှဆုံးတာ။အသတ်ခံထားရတာက ဒီနေ့ မနက်အစောကြီးတို့၊ ညပိုင်းတို့ လူမရှိချိန်အသတ်ခံရတယ်လို့ထင်တယ်။ “လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

အသတ်ခံရ သူ၅ယောက်လုံးဟာ ကြက်ခြံမှာအလုပ်လုပ်ကိုင်နေသူတွေဖြစ်​ပြီး အားလုံးမှာ ဓားခုတ်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးသူရုပ်အလောင်း ၅ လောင်းကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကိုပို့ဆောင်ထား​ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ လောလောဆယ်မှာ တရားခံကိုဖမ်းဆီးရမိရေး အမှုဖွင့်ဆောင်ရွက်နေတယ်လို့်သိရပါတယ်။

#voiceofmyanmar #VOM #ပြင်ဦးလွင် #၅လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW