ယူကရိန်းရဲ့တန်ပြန်ထိုးစစ် ရုရှားရဲ့ အစီအစဉ်တွေကို မပြောင်းလဲနိုင်ကြောင်း ပူတင်ပြော

မော်စကို၊ စက်တင်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းရဲ့ မကြာသေးမီက တန်ပြန်ထိုးစစ်ဟာ ရုရှားရဲ့ အစီအစဉ်တွေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က ပြောဆိုလိုက်ပါတယ်။

ယူကရိန်းရဲ့ လျှင်မြန်တဲ့တန်ပြန်ထိုးစစ်တစ်ခုအတွင်း နိုင်ငံအရှေ့မြောက်ဘက် ခါကိဗ်ဒေသမှာ ခြောက်ရက်အတွင်း ၃၀၈၈ စတုရန်းမိုင်းထိ ယူကရိန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အလျင်မလိုကြောင်းနဲ့ ဒွန်ဘတ်စ်ဒေသမှာ ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုဟာ လမ်းကြောင်းမှန်ပေါ်ဆက်လက်ရှိနေတယ်လို့ ရုရှားသမ္မတ ပူတင်ကပြောပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိချိန်ထိ ယူကရိန်းမှာ ရုရှားတပ်တွေကို အပြည့်အ၀တပ်ဖြန့်မထားရသေးဘူးလို့ သူကဆိုပါတယ်။

ဒွန်ဘတ်စ်ဒေသမှာ မိမိတို့ရဲ့ ထိုးစစ်ဆင်မှုတွေ ရပ်တန့်မနေကြောင်း၊ အရှိန်အဟုန်နဲ့ မဟုတ်ပေမယ့် ယူကရိန်းနယ်မြေတွေကို ပိုပြီး သိမ်းပိုက်နေတယ်လို့ ပူတင်ကပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကျူးကျော်မှုရဲ့ အဓိကနေရာဖြစ်ပြီး ရုရှားစကားပြောလူမျိုးတွေကို ကယ်တင်ဖို့လိုတယ်လို့ ပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW