တရုတ်မှာ ကွာရန်တင်း၀င်ဖို့ ကိုဗစ်လူနာတွေခေါ်ဆောင်လာတဲ့ ဘတ်စ်ကာတိမ်းမှောက်မှု ၂၇ ဦးသေဆုံး

ပေကျင်း၊ စက်တင်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေကို ကွာရန်တင်းစင်တာကို ခေါ်ဆောင်လာတဲ့ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးသွားပါတယ်။

ဘတ်စ်ကားတိမ်းမှောက်မှုဟာ နိုင်ငံအနောက်တောင်ပိုင်း Guizhou ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၂၀ ကျော်လည်း ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်နီးပါးကာလက ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး အဲဒီပြည်နယ်မှာ ရောဂါကြောင့် လူနှစ်ဦးသာသေဆုံးခဲ့ပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံး၀ ကူးစက်မှုမရှိစေရေး မူဝါဒ ဆက်လက်ကျင့်သုံးနေတဲ့ ဝေဖန်မှုတွေနဲ့ အမျက်ဒေါသထွက်မှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဘတ်စ်ကားမတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

တရုတ်နိုင်ငံမှာ သတ်မှတ်ထားတဲ့စည်းမျဉ်းအရ မနက် ၂ နာရီကေန ၅ နာရီအတွင်း အဝေးပြေးလမ်းပေါ်မှာ ခရီးသည်တင်ဘတ်စ်ကားတွေ မောင်းနှင်ခွင့်မရှိပါဘူး။

ဒါပေမယ့် မတော်တဆမှုဖြစ်ခဲ့တဲ့ ဘတ်စ်ကားဟာ ညသန်းခေါင်းကျော်လောက်မှာ ထွက်ခွာလာတာဖြစ်ပြီး ၂ နာရီ ၄၀ မိနစ်မှာ မတော်တဆမှုဖြစ်ပွားတာကြောင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ကြောင်း ပြသနေပါတယ်။

Ref: BBC
Photo:Ariana
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW