ပဲခူးမှာ ဘုန်းကြီး၂၅ ပါး ကြာဇံကြော်ဘုန်းပေးပြီး အစာအဆိပ်သင့်မှုဖြစ်ပွားလို့ ဆေးကုသမှုခံယူနေရ

စက်တင်ဘာ ၁၉-၂၀၂၂ VOM (GG) ပဲခူးမြို့ ၊မြို့တွင်းကြီးရပ်ကွက်က သာသနာ့မဏ္ဍိုင်ကျောင်းတိုက်မှာ ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မှာ သံဃာ ၂၅ ပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ မနက်ပိုင်း အလှူရှင်တဦး အာရုံဆွမ်းကပ်တဲ့ ကြာဇံကြော်ကို ဘုန်းပေးအပြီးမှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ကာဆေးကုသမှုပေးခဲ့ရတယ်လို့သိရပါတယ်။ “အလှူရှင်က အရုဏ်ဆွမ်းလာကပ်တာ ၊ဘာအခန့်မသင့်လဲမသိဘူး ဘုန်းကြီးတွေ ဘုန်းပေးအပြီး အစာအဆိပ်သင့်သွားတာပါ ၊ စိုးရိမ်စရာတော့မရှိတော့ဘူးကြားပါတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ အစာအဆိပ်သင့်ခဲ့တဲ့ ဘုန်းကြီး ၂၅ ပါးကို ပဲခူးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကာ ဆေးကုသမှုပေးခဲ့ရာ လက်ရှိ ဘုန်းတော်ကြီး ၁၉ ပါး ရောဂါသက်သာတာကြောင့် ဆေးရုံကဆင်းပြီး ကျောက်တိုက်ကို ပြန်ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ဘုန်းတော်ကြီး ၆ ပါးကတော့ ဆေးကုသမှုဆက်လက်ခံယူနေရတုန်းပဲဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ပဲခူး

Read More

မုံရွာ-ကလေးဝ-တမူးကားလမ်း ရေတိုက်စားပြီး သွားလာမရလို့ ကားလိုင်းတွေပိတ်ထားရ

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ ပျဥ်းကိုင်းကျေးရွာနားက မုံရွာ-ကလေးဝ-တမူး ကားလမ်းဟာ ရေတိုက်စားပြီး လမ်းတွေပျက်စီးနေတဲ့အတွက် သွားလာလို့မရတာကြောင့် ကားလိုင်းတွေပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းက ရွာတဲ့မိုးဟာ သဲချောင်းတွေအကုန်ကျပြီး ကွန်ကရစ်လမ်းသား တိုက်စားသွားတယ် ၊ ကားတချို့လည်း အဲ့ဒီ သဲချောင်းတွေမှာ ပိတ်မိထားနေတယ် “လို့ မုံရွာ-ကလေးဝ-တမူး ကုန်တင်ကားသမားတယောက်က ပြောပါတယ်။ အဲ့ဒီ မဟာမြိုင်ကားလမ်း ပိတ်ထားတာနဲ့ ပတ်သက်ပြီး မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” အခါတိုင်းက အခုလို မိုးတွင်းမှာ မဟာမြိုင်ကားလမ်းပျက်တာကြောင့် မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းကို အဓိကထားပြီး ပြေးဆွဲတယ် ၊ ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းက…

Read More

ထိုင်၀မ်ကို တရုတ်ကတိုက်ခိုက်လာရင် အမေရိကန်က ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင် ထပ်မံပြောဆို

၀ါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ကို တရုတ်နိုင်ငံက မကြုံစဖူးပုံစံမျိုးနဲ့တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်က ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၈ ရက်မှာ ထပ်မံပြောဆိုလိုက်ပါတယ်။ စီဘီအက်စ် သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ အမေရိကန်စစ်တပ်က ထိုင်၀မ်ကို ခုခံကာကွယ်ပေးသွားမှာလားဆိုပြီး မေးမြန်းမှုအပေါ် ဂျိုးဘိုင်ဒင်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ ထိုင်၀မ်မူဝါဒဟာ ထိုင်၀မ်ကို ခုခံကာကွယ်ပေးသွားမယ်လို့ တရား၀င်ကတိက၀တ်ပြုထားတာမျိုး မရှိသလို ကာကွယ်ပေးသွားမယ်ဆိုတဲ့ကိစ္စကိုလည်း ပယ်ချထားခြင်းမရှိပါဘူး။ ထိုင်၀မ်ဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်ပြီး တရုတ်နိုင်ငံကတော့ သူ့ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် အခိုင်အမာပြောဆိုထားပါတယ်။ အမေရိကန်ဟာ ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးရာ အကျဉ်းအကြပ်မှာ ကာလရှည်ကြာ လျှောက်လှမ်းနေခဲ့ပြီး တဘက်မှာတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအခြေခံအုတ်မြစ်ဖြစ်တဲ့ တပြည်ထောင်မူဝါဒကို အသိအမှတ်ပြုထားရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဒီမူဝါဒအရ ထိုင်၀မ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဆိုတဲ့ မူဝါဒကို စိန်ခေါ်ခြင်းမရှိပါဘူး။ ဒါကြောင့် အမေရိကန်ဟာ ထိုင်၀မ်နဲ့…

Read More

ရွှေသောင်ယံမှာ စက်လှေနဲ့လာတဲ့ အထောက်အထားမဲ့သူ ၃၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၁၉-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာ ပင်လယ်ကမ်းစပ်အနီးမှာ မနေ့ စက်တင်ဘာ ၁၈ရက်က စက်လှေသမား ၅ ဦးနဲ့ လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃၁ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်လှေမောင်းပို့တဲ့ အမျိုးသား ၅ ယောက်နဲ့အတူ အသက် ၁၈ နှစ်အောက် ကလေး ၁ ယောက်အပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်ကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကသွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ”ဖမ်းမိတာ မှန်တယ် ကလေး ၁ ယောက်ပါတယ် ၊ နွယ်ညိုချောင်းကျေးရွာမှာ ဖမ်းမိတာ ၊အဲ့ဒီ နွယ်ညိုချောင်းကျေးရွာက ပင်လယ်ကမ်းစပ်မှာရှိတာ ၊ အဲ့ဒီရွာနားမှာ ဖမ်းမိတာ ၊ စက်လှေမောင်းပို့တဲ့သူ ၅…

Read More

မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်မှုဆက်ဖြစ်နေရင် ကုလသမဂ္ဂမှာ တိုင်ကြားမယ်လို့ ဘင်္ဂလားဒေ့ရ်ှပြော

ဒါကာ၊ စက်တင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ကျရောက်မှုတွေကို သတိပေးဖို့အတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးဌာနက မြန်မာသံအမတ်ကို တလအတွင်း စတုတ္ထအကြိမ် မြောက်ဆင့်ခေါ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည်တွေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ကြိမ်ဖန်များစွာ ကျရောက်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ဖြစ်သူ ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးဌာနက ဆင့်ခေါ်ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်(AA) တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်မှာ ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီလိုတိုက်ပွဲတွေအတွင်း သေနတ်ကျည်တွေနဲ့ မော်တာကျည်တွေဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရ်ှလူနေရပ်ကွက်တွေထိ ကျရောက်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ပိုင်းနယ်စပ် ဘန်ဒါဘန်ခရိုင်မှာ စက်တင်ဘာ ၁၄ ရက်ညပိုင်း မြန်မာဘက်က ပစ်လိုက်တဲ့ကျည်တွေကျရောက်မှုကြောင့် ရိုဟင်ဂျာလူငယ်တဦးသေဆုံးပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရ်ှပြည်ထဲရေး၀န်ကြီး Asaduzzaman Khan ကတော့ နှစ်နိုင်ငံနယ်စပ်ပြသနာနဲ့ပတ်သက်ပြီး သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊…

Read More

တရုတ်မှာ ကွာရန်တင်း၀င်ဖို့ ကိုဗစ်လူနာတွေခေါ်ဆောင်လာတဲ့ ဘတ်စ်ကာတိမ်းမှောက်မှု ၂၇ ဦးသေဆုံး

ပေကျင်း၊ စက်တင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေကို ကွာရန်တင်းစင်တာကို ခေါ်ဆောင်လာတဲ့ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးသွားပါတယ်။ ဘတ်စ်ကားတိမ်းမှောက်မှုဟာ နိုင်ငံအနောက်တောင်ပိုင်း Guizhou ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၂၀ ကျော်လည်း ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်နီးပါးကာလက ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး အဲဒီပြည်နယ်မှာ ရောဂါကြောင့် လူနှစ်ဦးသာသေဆုံးခဲ့ပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံး၀ ကူးစက်မှုမရှိစေရေး မူဝါဒ ဆက်လက်ကျင့်သုံးနေတဲ့ ဝေဖန်မှုတွေနဲ့ အမျက်ဒေါသထွက်မှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဘတ်စ်ကားမတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ တရုတ်နိုင်ငံမှာ သတ်မှတ်ထားတဲ့စည်းမျဉ်းအရ မနက် ၂ နာရီကေန ၅ နာရီအတွင်း အဝေးပြေးလမ်းပေါ်မှာ ခရီးသည်တင်ဘတ်စ်ကားတွေ မောင်းနှင်ခွင့်မရှိပါဘူး။ ဒါပေမယ့် မတော်တဆမှုဖြစ်ခဲ့တဲ့ ဘတ်စ်ကားဟာ ညသန်းခေါင်းကျော်လောက်မှာ ထွက်ခွာလာတာဖြစ်ပြီး ၂ နာရီ…

Read More

ကလေးဝမြို့နယ်ထဲက မစိန်နယ်မြေရဲစခန်း အစီးခံရပြီး ရဲ ၅ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ မစိန်စံပြကျေးရွာမှာရှိတဲ့ မစိန်နယ်မြေရဲစခန်းဟာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက် ၅ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပြီး ရဲစခန်းကျကာ ရဲ ၅ ဦး သေဆုံးသွားတယ်လို့ ကလေးဝမြို့ခံတွေဆီက သိရပါတယ်။ ” မနက် ၅ နာရီဝန်းကျင်မှာ တိုက်ပွဲစဖြစ်တယ် ၊ ၂ ဘက်ပစ်ခတ်တာ နာရီပိုင်းလောက်ကြာတယ် ၊ မနက် ၈ နာရီဝန်းကျင်မှာတော့ သေနတ်သံ မကြားရတော့ဘူး ၊ ရဲစခန်းကျသွားပြီး မီးရှို့ခံရတယ် ၊ ရွာထဲက လူတွေလည်း အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်ရောက်လာပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ် ” လို့…

Read More
VOM News

FREE
VIEW