ပဲခူးမှာ ဘုန်းကြီး၂၅ ပါး ကြာဇံကြော်ဘုန်းပေးပြီး အစာအဆိပ်သင့်မှုဖြစ်ပွားလို့ ဆေးကုသမှုခံယူနေရ

စက်တင်ဘာ ၁၉-၂၀၂၂
VOM (GG)

ပဲခူးမြို့ ၊မြို့တွင်းကြီးရပ်ကွက်က သာသနာ့မဏ္ဍိုင်ကျောင်းတိုက်မှာ ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မှာ သံဃာ ၂၅ ပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ မနက်ပိုင်း အလှူရှင်တဦး အာရုံဆွမ်းကပ်တဲ့ ကြာဇံကြော်ကို ဘုန်းပေးအပြီးမှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ကာဆေးကုသမှုပေးခဲ့ရတယ်လို့သိရပါတယ်။

“အလှူရှင်က အရုဏ်ဆွမ်းလာကပ်တာ ၊ဘာအခန့်မသင့်လဲမသိဘူး ဘုန်းကြီးတွေ ဘုန်းပေးအပြီး အစာအဆိပ်သင့်သွားတာပါ ၊ စိုးရိမ်စရာတော့မရှိတော့ဘူးကြားပါတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

အစာအဆိပ်သင့်ခဲ့တဲ့ ဘုန်းကြီး ၂၅ ပါးကို ပဲခူးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကာ ဆေးကုသမှုပေးခဲ့ရာ လက်ရှိ ဘုန်းတော်ကြီး ၁၉ ပါး ရောဂါသက်သာတာကြောင့် ဆေးရုံကဆင်းပြီး ကျောက်တိုက်ကို ပြန်ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ဘုန်းတော်ကြီး ၆ ပါးကတော့ ဆေးကုသမှုဆက်လက်ခံယူနေရတုန်းပဲဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW