ရုရှားနဲ့ပေါင်းစည်းရေးအတွက် သိမ်းပိုက်ခံယူကရိန်းနယ်မြေတွေမှာ ဆန္ဒခံယူပွဲ ကျင်းပဖို့ ရုရှားစီစဉ်

၀ါရှင်တန်၊ စက်တင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ ယူကရိန်းနယ်မြေတွေ ရုရှားနဲ့ပေါင်းဖို့အတွက် လူထုဆန္ဒခံယူပွဲတွေ ချက်ချင်းကျင်းပဖို့လုပ်နေတဲ့ ရုရှားရဲ့အစီအစဉ်ကို အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်တို့က အဲဒီအတုအယောင် မဲရလဒ်တွေကို ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအစီအစဉ်တွေဟာ ယူကရိန်းစစ်ပွဲကို ပိုမိုဆိုးရွားစေမယ်လို့ နေတိုးအဖွဲ့လည်း သတိပေးပြောဆိုပါတယ်။ သောကြာနေ့ကစတင်မယ့် ငါးရက်ကြာ လူထုဆန္ဒခံယူပွဲတွေကို လူဟန့်ခ်၊ ဒွန်နက်ခ် ၊ ဇာပိုရစ်ဇီးယားနဲ့ ခါဆွန်ဒေသတို့မှာ ပြုလုပ်ဖို့ ရုရှားလိုလားတဲ့ ဒေသခေါင်းဆောင်တွေက ကြေညာထားပါတယ်။ အဲဒီနယ်မြေတွေဟာ ယူကရိန်းပိုင်နက်ရဲ့ ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဟန်ဂေရီနိုင်ငံ အရွယ်အစားလောက်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီဆန္ဒခံယူပွဲဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီ၀န်ကြီးချုပ် အိုလပ်ရှုဇ်က ထုတ်ဖော်ပြောဆိုထားပြီး ဒါဟာ ဒီမိုကရေစီအတုအယောင်ဖြစ်တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ဝေဖန်ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar…

Read More

ဝေဖန်ခံနေရတဲ့ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲဖို့ ကုလအထွေထွေညီလာခံမှာ ဂျပန်၀န်ကြီးချုပ် တိုက်တွန်း

နယူးယောက်၊ စက်တင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲရေးစတင်ဖို့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါက စက်တင်ဘာ ၂၀ ရက်က နယူးယောက်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေးကောင်စီမှာ အမြဲတမ်းကောင်းစီ၀င်ဖြစ်တဲ့ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂစတင်တည်ထောင်စဉ်က ချမှတ်ခဲ့တဲ့ အခြေခံမူနဲ့ ပဋိညာဉ်တွေကို နင်းချေတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဂျပန်၀န်ကြီးချုပ်က ထောက်ပြပြောဆိုပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားမှုကို ထိခိုက်စေပြီး အလုပ်မဖြစ်ဘူးလို့ မကြာခဏဝေဖန်ခံနေရတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲဖိုမှာ အခြေခံညှိနှိုင်းမှုတွေကနေ စတင်သွားရမှာဖြစ်ကြောင်း သူကပြောပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့မှာ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲမှုနဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေ ပိုမိုအားကောင်းစေရေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဂျပန်၀န်ကြီးချုပ် ကာရှီဒါက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ ဇန်နဝါရီလမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့၀င်ဖြစ်လာတဲ့ အခါ ဒီကိစ္စတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။ Ref: NHK Photo:Kyodo #voiceofmyanmar #VOM #နယူးယောက်

Read More

ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့စျာပနကို ကန့်ကွက်မှုအဖြစ် ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြမှု ဖြစ်ပွား

တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) ဇူလိုင်လမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနကို ကန့်ကွက်မှုအဖြစ် ဂျပန်အမျိုးသားတဦးဟာ စက်တင်ဘာ ၂၁ ရက်မှာ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။ တိုကျိုမြို့ရှိ ၀န်ကြီးချုပ်ရုံးအနီးမှာ မီးလောင်နေတဲ့အမျိုးသားတဦးကို တွေ့ရှိခဲ့ပြီး တာ၀န်ရှိသူတွေက မီးငြှိမ်းသတ်ပြီးနောက် သတိလစ်နေတဲ့ အဲဒီအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သူ့ရဲ့အနီးမှာ ဆန္ဒထုတ်ဖ်ာမနဲ့ပတ်သက်တဲ့ လက်ရေးမှတ်စုတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူ့ရဲ့ မီးလောင်ဒဏ်ရာ ပမာဏနဲ့ လက်ရှိအခြေအနေကို မသိရသေးပါဘူး။ အဲဒီအမျိုးသားဟာ အသက် ၇၀ ၀န်းကျင်ရှိမယ်လို့ ယူဆရကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီလို ဆန္ဒပြမှုအပေါ် ဂျပန်အစိုးရက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတော်စျာပနကျင်းပမယ့် ကိစ္စအပေါ် မကြာသေးမီအချိန်တွေအတွင်း လူထုဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာပြီး အသုံးစရိတ်အတွက် မကျေမနပ်ဖြစ်နေကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနကို…

Read More

မန္တလေးမှာ NLDစာသားပါတဲ့အင်္ကျီအနီရောင်၀တ်ထားသူတွေက မြို့နယ်NLDရှေ့မှာ ဆန္ဒပြမှုပြုလုပ်ခဲ့

စက်တင်ဘာ ၂၁-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း မြို့ပတ်လမ်းပေါ်ရှိ ချမ်းအေးသာစံမြို့နယ်NLDပါတီရုံးရှေ့မှာ NLDပါတီတံဆိပ်ပါတဲ့ အင်္ကျီအနီရောင်၀တ်ဆင်ထားသူတွေက ဗီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြမှုပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ ” မနက်က အစောကြီးပဲ ဆိုင်ကယ်နဲ့ဖြတ်သွားတုန်းတွေ့တာ ၊ အမေစုကျန်းမာပါစေ ဆိုတဲ့ ဗီနိုင်းကိုင်ပြီး ဆန္ဒပြနေကြတာ၊ ထင်ယောင်ထင်မှားလုပ်တယ်လို့ပဲ မြင်တယ်၊ ပါတီ၀င်အများစုက ပြေးနေရသူတွေနဲ့ အဖမ်းခံရသူတွေများတယ်လေ၊ ဒီကာလမှာ ဘယ်သွားသွား NLDတံဆိပ်ပါရင်ကို လမ်းမှာစစ်ဆေးရေးတွေ့ရင် တနည်းမဟုတ် တနည်းနဲ့ဖမ်းခံနေရတာလေ၊ အခုလို ဆန္ဒပြတာတော့ ဘယ်သူတွေလုပ်တယ်ဆိုတာ ထင်ရှားပါတယ်”လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။ ဆန္ဒပြရာမှာ ” အပြစ်မဲ့ NLD ပါတီ၀င်များ သေဆုံးနေသည်”၊ ” အမေစုကျန်းမာပါစေ”၊ “NUG CRPH နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုံ့ချသည်”၊ “မြန်မာနိုင်ငံရေးလောကမှ NLD ပါတီအားပျောက်ကွယ်အောင်လုပ်ဆောင်နေသူများသည် NUG…

Read More

မ​လေးရှားသွားမယ့် အထောက်ထားမဲ့သူ ၃၇ ဦးကို ပြည်မြို့ နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာဖမ်းမိ

စက်တင်ဘာ ၂၁-၂၀၂၂ VOM (GG) ပဲခူးတိုင်း ၊ပြည်မြို့ ၊ ပန်းတောင်းမြို့နယ်ဘက်အခြမ်း နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာ မနေ့ စက်တင်ဘာ၂၀ ရက်က ကားပေါ်ကို တရားမဝင်လိုက်ပါလာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ကားပေါ်မှာပါတဲ့ ပုလင်းခွံအိတ်တွေကို ကာပြီး အံဝှက်ပုံပြုလုပ်ကာ လိုက်ပါလာကြတာဖြစ်ပြီး ယောကျ်ားလေးက ၃၃ ယောက် နဲ့ မိန်းကလေး ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကမနက် ၁၀ နာရီခွဲလောက်မှာ ဖမ်းမိတာ၊ ကံမကနေ ပြည်ကိုဖြတ်သန်းသွားမှာကို ပြည်တဖက်ကမ်း ပန်းတောင်းဘက်ချမ်းက နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာ စစ်ဆေးတော့ မိတာ၊ ယာဥ်မောင်းလည်း မိတယ်။”လို့ ပြည်ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တယောက်သိန်း ၄၀ နဲ့ လူပွဲစားက မလေးရှား ပို့ပေးမယ်ဆိုပြီး ကားနဲ့တရားမဝင်တင်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံသားအထောက်အထားမဲ့သူတွေကို မင်းဘူးမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ပထမ ၂၈ ဦး…

Read More
VOM News

FREE
VIEW