မ​လေးရှားသွားမယ့် အထောက်ထားမဲ့သူ ၃၇ ဦးကို ပြည်မြို့ နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာဖမ်းမိ

စက်တင်ဘာ ၂၁-၂၀၂၂
VOM (GG)

ပဲခူးတိုင်း ၊ပြည်မြို့ ၊ ပန်းတောင်းမြို့နယ်ဘက်အခြမ်း နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာ မနေ့ စက်တင်ဘာ၂၀ ရက်က ကားပေါ်ကို တရားမဝင်လိုက်ပါလာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ကားပေါ်မှာပါတဲ့ ပုလင်းခွံအိတ်တွေကို ကာပြီး အံဝှက်ပုံပြုလုပ်ကာ လိုက်ပါလာကြတာဖြစ်ပြီး ယောကျ်ားလေးက ၃၃ ယောက် နဲ့ မိန်းကလေး ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကမနက် ၁၀ နာရီခွဲလောက်မှာ ဖမ်းမိတာ၊ ကံမကနေ ပြည်ကိုဖြတ်သန်းသွားမှာကို ပြည်တဖက်ကမ်း ပန်းတောင်းဘက်ချမ်းက နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာ စစ်ဆေးတော့ မိတာ၊ ယာဥ်မောင်းလည်း မိတယ်။”လို့ ပြည်ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

နိုင်ငံသားအထောက်ထားမဲ့သူတွေကို တယောက်သိန်း ၄၀ နဲ့ လူပွဲစားက မလေးရှား ပို့ပေးမယ်ဆိုပြီး ကားနဲ့တရားမဝင်တင်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံသားအထောက်အထားမဲ့သူတွေကို မင်းဘူးမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ပထမ ၂၈ ဦး ၊ နောက်ထပ် ၉ ဦးကို တင်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတုန်းကလည်း ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နဲ့ ဥသျှစ်ပင်​မြို့မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၃၅ ယောက် ဖမ်းဆီးရမိတာ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW