ဝေဖန်ခံနေရတဲ့ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲဖို့ ကုလအထွေထွေညီလာခံမှာ ဂျပန်၀န်ကြီးချုပ် တိုက်တွန်း

နယူးယောက်၊ စက်တင်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲရေးစတင်ဖို့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါက စက်တင်ဘာ ၂၀ ရက်က နယူးယောက်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။

လုံခြုံရေးကောင်စီမှာ အမြဲတမ်းကောင်းစီ၀င်ဖြစ်တဲ့ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂစတင်တည်ထောင်စဉ်က ချမှတ်ခဲ့တဲ့ အခြေခံမူနဲ့ ပဋိညာဉ်တွေကို နင်းချေတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဂျပန်၀န်ကြီးချုပ်က ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားမှုကို ထိခိုက်စေပြီး အလုပ်မဖြစ်ဘူးလို့ မကြာခဏဝေဖန်ခံနေရတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲဖိုမှာ အခြေခံညှိနှိုင်းမှုတွေကနေ စတင်သွားရမှာဖြစ်ကြောင်း သူကပြောပါတယ်။

ဒီလိုဆောင်ရွက်နိုင်ဖို့မှာ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲမှုနဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေ ပိုမိုအားကောင်းစေရေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဂျပန်၀န်ကြီးချုပ် ကာရှီဒါက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ဇန်နဝါရီလမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့၀င်ဖြစ်လာတဲ့ အခါ ဒီကိစ္စတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။

Ref: NHK
Photo:Kyodo
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW