မြန်မာနိုင်ငံမှာ ကျင်းပမယ့်ရွေးကောက်ပွဲ အတုအယောင်ဖြစ်တယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

ဂျီနီဗာ၊ စက်တင်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး ဒီရွေးကောက်ပွဲကို တရား၀င်ဖြစ်စေမယ့် အကူအညီတွေကို နိုုင်ငံတကာက မပေးကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်စ်အင်ဒရူးက စက်တင်ဘာ ၂၂ ရက်မှာပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် လာမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လမှ ရွေးကောက်ပွဲကျင်းပဖို့ အာဏာပိုင်တွေက စီစဉ်ထားပါတယ်။

အလိမ်အညာဆိုတာ ရှင်းနေမှာဖြစ်တဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက နည်းပညာအကူအညီ သို့မဟုတ် အထောက်အပံ့တွေ မပေးမိဖို့အရေးကြီးကြောင်း သောမက်စ်အင်ဒရူးကပြောပါတယ်။

အတိုက်အခံတွေကို ဖိနှိပ်မှုတွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားကို သတင်းထောက်တွေက အကျယ်တ၀င့်မေးမြန်းရာမှာ ပြောပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် စည်းမျဉ်းတွေနဲ့ ပါတီအားလုံးပါ၀င်ခွင့်ရှိမရှိကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဗြိတိန်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မှုကြမ်းကို စဉ်းစားနေပေမယ့် အဓိပ္ပါယ်ပြည့်၀တဲ့ ဆုံးဖြတ်ချက်တခုအောင်မြင်ဖို့ မျှော်လင့်ချက်မရှိဘူးလို့ သောမက်စ်အင်ဒရူးက ထုတ်ဖော်ပြောဆိုထားပြီး မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာက ပိုမိုညှိနှိုင်းပြီး တုံ့ပြန်ကြဖို့ သူက တိုက်တွန်းထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW