လက်ယက်ကုန်းဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ဖို့ သေဆုံးခဲ့တဲ့ ကျောင်းသားမိဘတွေ တောင်းဆို

စက်တင်ဘာ ၂၄-၂၀၂၂ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာ (၁၆) ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းထဲက ကျောင်းသားလေးတွေနဲ့ ရွာသားအချို့သေဆုံးခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ အလွန်ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တခုလည်းဖြစ်ခဲ့တာကြောင့် နုနယ်ငယ်ရွယ်တဲ့ အပြစ်မဲ့ကလေးငယ်တွေ နောက်ထပ်မဆုံးရှုံးဖို့ အခုလိုပစ်ခတ်မှုမျိုးတွေကို ဆက်လက်မလုပ်ဆောင်ဖို့ သေဆုံးသွားတဲ့ကျောင်းသားမိဘတွေနဲ့ ပရဟိတလူငယ်တွေက မေတ္တာရပ်ခံတောင်းဆိုထားကြပါတယ်။ #voiceofmyanmar #VOM #ဒီပဲယင်း #လက်ယက်ကုန်းကျေးရွာ #ကျောင်းသားလေးများသေဆုံးမှု Youtube Link – https://youtu.be/M71HvjyQ9LY

Read More

ကားပွဲစား အမျိုးသမီးကို ကားလုပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်ချ

စက်တင်ဘာ ၂၃ ၊ ၂၀၂၂ SP(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ကားပွဲစား အမျိုးသမီးဆီက ကားလုယူပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို မူဆယ်ခရိုင်တရားရုံးက ဒီကနေ့ မနက်ပိုင်းမှာ သေဒဏ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် ၁၁ နာရီဝန်းကျင်က အမိန့်ချလိုက်တာပါ ၊ အမိန့်ချခံရသူတွေကတော့ ချောက်ရို့ ၊ မောင်ထွေး (ခ) အားရှန် နဲ့ အားရှင် (ခ) မြင့်ဦး တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၂အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် lရာဇသတ်ကြီးပုဒ်မ ၃၇၆(၁)အရ ထောင်ဒဏ် ၂၀နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (ဂ) ၃၄ အရ သေဒဏ်ဖြင့်…

Read More

လမ်းကြေးကောက်ခံမှု အဆမတန်များလာလို့ နယ်စပ်ကုန်သည်တချို့ လုပ်ငန်းရပ်နားထားရ

စက်တင်ဘာ ၂၃၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ် အဓိက ကုန်သွယ်ရာ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ကျင်းစန်းကျော့ – ဝမ်တိန် ကုန်သွယ်‌ရေးဂိတ်ကို သွားရာလမ်းကြောတလျှောက် ယခုနှစ်လယ်ခန့်ကစပြီး လမ်းကြေးကောက်ခံမှု အဆမတန်များလာလို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တချို့ လုပ်ငန်းရပ်နားထားရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “အခွန်က အဖွဲ့ ၅ ဖွဲ့ လောက်တောင် ဆောင်ရတယ်တရားဝင်ရော တရားမဝင်ပါ၊ လမ်းကြေး အခွန်အခ ပေးဆောင်ရတဲ့ အဖွဲ့များသလို ကောက်ခံမှုနှုန်းထားလည်း အခုနှစ်အတွင်းမှာ ပိုများလာတာကြောင့် မကုန်သင့်တဲ့နေရာ ကုန်ကျ‌နေရပြီး မကိုက်တော့တဲ့ အပြင် လုံခြုံမှု မရှိတာကြောင့် ကုန်သည်လုပ်ငန်းရှင် သုံးပုံ ၂ ပုံ နီးပါး လုပ်ငန်းရပ်နားထားရတာဖြစ်တယ်။”လို့ သွင်းကုန်လုပ်ငန်းရှင်လည်းဖြစ် ကားအုံနာလည်းဖြစ်သူ နယ်စပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ တရုတ်ပြည်ဘက်ကနေ ကားထွက်ဖို့…

Read More

မြန်မာနိုင်ငံမှာ ကျင်းပမယ့်ရွေးကောက်ပွဲ အတုအယောင်ဖြစ်တယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

ဂျီနီဗာ၊ စက်တင်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး ဒီရွေးကောက်ပွဲကို တရား၀င်ဖြစ်စေမယ့် အကူအညီတွေကို နိုုင်ငံတကာက မပေးကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်စ်အင်ဒရူးက စက်တင်ဘာ ၂၂ ရက်မှာပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် လာမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လမှ ရွေးကောက်ပွဲကျင်းပဖို့ အာဏာပိုင်တွေက စီစဉ်ထားပါတယ်။ အလိမ်အညာဆိုတာ ရှင်းနေမှာဖြစ်တဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက နည်းပညာအကူအညီ သို့မဟုတ် အထောက်အပံ့တွေ မပေးမိဖို့အရေးကြီးကြောင်း သောမက်စ်အင်ဒရူးကပြောပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်မှုတွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားကို သတင်းထောက်တွေက အကျယ်တ၀င့်မေးမြန်းရာမှာ ပြောပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် စည်းမျဉ်းတွေနဲ့ ပါတီအားလုံးပါ၀င်ခွင့်ရှိမရှိကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဗြိတိန်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မှုကြမ်းကို စဉ်းစားနေပေမယ့်…

Read More

ယူကရိန်းစစ်ပွဲအတွက် စစ်မှုထမ်းဖို့ ပူတင်အမိန့်ထုတ်ပြီးနောက် ရုရှားနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေ

မော်စကို၊ စက်တင်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်တွေစုဆောင်းဖို့ ရုရှားသမ္မတပူတင်က အမိန့်ထုတ်လိုက်ပြီးနောက် ရုရှားအမျိုးသားတွေဟာ စစ်မှုထမ်းရတာကို ရှောင်ရှားဖို့အတွက် နိုင်ငံကနေထွက်ခွာဖို့ ကြိုးပမ်းနေကြပါတယ်။ ပူတင်ဟာ ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်သုံးသိန်းဆင့်ခေါ်ဖို့ စက်တင်ဘာ ၂၁ ရက်မှာ အမိန့်ထုတ်လိုက်ပြီးနောက်မှာ ရုရှားကနေထွက်ခွာဖို့ နယ်စပ်ဖြတ်ကျော်မှုတွေ တိုးပွားလာနေပါတယ်။ စစ်မှုထမ်းနိုင်တဲ့အရွယ်အမျိုးသားတွေ ထွက်ပြေးတယ်ဆိုတာဟာ ပုံကြီးချဲ့တာသာဖြစ်တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။ ဒါပေမယ့် ဂျော်ဂျီယာနယ်စပ်မှာတော့ စစ်မှုထမ်းဖို့ကနေ ရှောင်ရှားတဲ့ အမျိုးသားတွေအပါအ၀င် မိုင်များစွာရှည်တဲ့ ကားတန်းကြီးဖြစ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာဖို့ကြိုးစားနေတဲ့ ရုရှားပြည်သူတွေဟာ နယ်စပ်ကို ခြေလျင်ဖြတ်ကျော်ခြင်း တားမြစ်ချက်ကို ရှောင်ရှားဖို့အတွက် ကားတန်းရှည်ကြီးကို ဖြတ်ကျော်ဖို့ စက်ဘီးအသုံးပြုသူတွေလည်း ရှိနေပါတယ်။ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ မနက် ၉ နာရီကတည်းက စောင့်နေခဲ့ရာ အဲဒီနေ့ည နှောင်းပိုင်းမှသာ ဖြတ်ကျော်ခွင့်ရခဲ့တယ်လို့ ရုရှားအမျိုးသားတဦးက ဘီဘီစီကိုပြောဆိုထားပြီး အခြားတဦးကလည်း ၁၂ နာရီထိ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။…

Read More

မော်ကယ် ရေနံမှော်မှာ လူနေအိမ် ၁၃၀နီးပါး မီးရှို့ခံရပြီး လူ ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၂၃-၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် နဲ့ မဟာမြိုင်တောစပ်နေရာက မော်ကယ်ရေနံမှော်ဟာ မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၁၃၀ နီးပါး မီးလောင်ပျက်စီးကာ အဲ့ဒီ မီးလောင်ပြင်ထဲမှာ လူ ၂ ဦးသေဆုံးနေတဲ့ ရုပ်အလောင်းတွေကို မနေ့ စက်တင်ဘာ ၂၂ ရက်က တွေ့ခဲ့ရတယ်လို့ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ၁၀ ရက်လောက်ရှိပြီ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနေ့က မှော်ထဲကို အခြေအနေသွားကြည့်တော့ ရေနံခပ်စင်တွေ ၊ ရေနံတွင်းတွေ ၊ စက်ပစ္စည်းတွေ အကုန်လုံး မီးရှို့ခံထားရတယ် ၊ လူနေတဲအိမ် ၁၃၀နီးပါး မီးလောင်ပျက်စီးပြီး အဲ့ဒီ မီးလောင်ပြင်ထဲမှာ လူ ၂ ယောက် မီးလောင်သေဆုံးနေတာ တွေ့ရတယ် ၊ အဲ့ဒီ…

Read More
VOM News

FREE
VIEW