စက်တင်ဘာ ၂၄-၂၀၂၂
Voice Of Myanmar(VOM)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာ (၁၆) ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းထဲက ကျောင်းသားလေးတွေနဲ့ ရွာသားအချို့သေဆုံးခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်ဟာ အလွန်ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တခုလည်းဖြစ်ခဲ့တာကြောင့် နုနယ်ငယ်ရွယ်တဲ့ အပြစ်မဲ့ကလေးငယ်တွေ နောက်ထပ်မဆုံးရှုံးဖို့ အခုလိုပစ်ခတ်မှုမျိုးတွေကို ဆက်လက်မလုပ်ဆောင်ဖို့ သေဆုံးသွားတဲ့ကျောင်းသားမိဘတွေနဲ့ ပရဟိတလူငယ်တွေက မေတ္တာရပ်ခံတောင်းဆိုထားကြပါတယ်။
#voiceofmyanmar #VOM #ဒီပဲယင်း #လက်ယက်ကုန်းကျေးရွာ #ကျောင်းသားလေးများသေဆုံးမှု
Youtube Link – https://youtu.be/M71HvjyQ9LY