ယူကရိန်းစစ်ပွဲအတွက် စစ်မှုထမ်းဖို့ ပူတင်အမိန့်ထုတ်ပြီးနောက် ရုရှားနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေ

မော်စကို၊ စက်တင်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်တွေစုဆောင်းဖို့ ရုရှားသမ္မတပူတင်က အမိန့်ထုတ်လိုက်ပြီးနောက် ရုရှားအမျိုးသားတွေဟာ စစ်မှုထမ်းရတာကို ရှောင်ရှားဖို့အတွက် နိုင်ငံကနေထွက်ခွာဖို့ ကြိုးပမ်းနေကြပါတယ်။

ပူတင်ဟာ ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်သုံးသိန်းဆင့်ခေါ်ဖို့ စက်တင်ဘာ ၂၁ ရက်မှာ အမိန့်ထုတ်လိုက်ပြီးနောက်မှာ ရုရှားကနေထွက်ခွာဖို့ နယ်စပ်ဖြတ်ကျော်မှုတွေ တိုးပွားလာနေပါတယ်။

စစ်မှုထမ်းနိုင်တဲ့အရွယ်အမျိုးသားတွေ ထွက်ပြေးတယ်ဆိုတာဟာ ပုံကြီးချဲ့တာသာဖြစ်တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ဒါပေမယ့် ဂျော်ဂျီယာနယ်စပ်မှာတော့ စစ်မှုထမ်းဖို့ကနေ ရှောင်ရှားတဲ့ အမျိုးသားတွေအပါအ၀င် မိုင်များစွာရှည်တဲ့ ကားတန်းကြီးဖြစ်နေပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာဖို့ကြိုးစားနေတဲ့ ရုရှားပြည်သူတွေဟာ နယ်စပ်ကို ခြေလျင်ဖြတ်ကျော်ခြင်း တားမြစ်ချက်ကို ရှောင်ရှားဖို့အတွက် ကားတန်းရှည်ကြီးကို ဖြတ်ကျော်ဖို့ စက်ဘီးအသုံးပြုသူတွေလည်း ရှိနေပါတယ်။

နယ်စပ်ဖြတ်ကျော်ဂိတ်မှာ မနက် ၉ နာရီကတည်းက စောင့်နေခဲ့ရာ အဲဒီနေ့ည နှောင်းပိုင်းမှသာ ဖြတ်ကျော်ခွင့်ရခဲ့တယ်လို့ ရုရှားအမျိုးသားတဦးက ဘီဘီစီကိုပြောဆိုထားပြီး အခြားတဦးကလည်း ၁၂ နာရီထိ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာဟာ ရုရှားနိုင်ငံသားတွေ ဗီဇာလျှောက်ဖို့မလိုဘဲ ၀င်ရောက်နိုင်တဲ့ အိမ်နီးချင်းနိုင်ငံအချို့ထဲက တနိုင်ငံဖြစ်ပါတယ်။

ရုရှားနဲ့ မိုင် ၈၀၀ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဖင်လန်နိုင်ငံကတော့ ဗီဇာလျှောက်ထားဖို့ လိုအပ်ပြီး လျှောက်ထားမှုတွေ တိုးလာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားပြည်ပနိုင်ငံတွေကို သွားရောက်ကြဖို့ လေယာဉ်လက်မှတ်ခတွေလည်း စျေးတွေတဟုန်ထိုးတက်သွားခဲ့ပြီး အချို့ကတော့ လက်မှတ်ကုန်သွားတဲ့ထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီကတော့ ထွက်ပြေးလာတဲ့ ရုရှားပြည်သူတွေကို လက်ခံမယ်လို့ ပြည်ထဲရေး၀န်ကြီးက ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW