နောင်ချိုမှာ စစ်ကားနဲ့ ရဲမေမိသားစု စီးလာတဲ့ကား တိုက်မိပြီး ရဲမေနဲ့ ယာဥ်မောင်းပွဲချင်းပြီးသေဆုံး ၊ကလေး၂ဦးနဲ့ အမျိုးသမီးတဦးလည်း ဒဏ်ရာရ

စက်တင်ဘာ ၂၅-၂၀၂၂
VOM (GG)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ် က ဘန့်ဘွေးကျေးရွာနားမှာ မနေ့က စက်တင်ဘာ၂၄ ရက်နေ့က စစ်ကားနဲ့ ရဲမေလင်မယားစီးလာတဲ့ အိမ်စီးကား မျက်နာချင်းဆိုင် တိုက်မိပြီး ရဲမေ နဲ့ ယာဥ်မောင်း သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ရဲမေမိသားစုမှာ ရဲမေက ပွဲချင်းပြီးသေသွားတယ်။ နောက်ပြီး ယာဥ်မောင်းသူလည်းသေတယ်။ မနေ့က ညနေ ၃ နာရီလောက်မှာဖြစ်တာပါ”လို့ နောင်ချိုဒေသခံပရဟိတသမားတဦးကပြောပါတယ်။

စစ်ကားနဲ့ ရဲမေ အိမ်စီးကာတိုက်မှုမှာ ရဲမေနဲ့ ယာဥ်မောင်း သေဆုံးခဲ့တဲ့အပြင် ကားပေါ်ပါ ကလေးငယ်၂ဦးနဲ့ အမျိုးသမီး ၁ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုမှာ သေဆုံးခဲ့တဲ့ ရဲမေကတော့ ကျောက်မဲမြို့နယ်ရဲစခန်းက ရဲမေ နှင်းဝတ်ရည်(ခ)ဝတ်ရည်ဆိုသူဖြစ်ပြီး ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ရ.လ.က ၁၊ အမှတ်စဥ် ၃၂ သင်တန်းဆင်းတပ်ခွဲမှ ရဲမေတဦးဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နောင်ချို

Related posts

Leave a Comment

VOM News

FREE
VIEW