မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်ပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်

ဆိုးလ်၊ စက်တင်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

စက်တင်ဘာ ၂၅ ရက်မှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားကျွန်းဆွယ်အနီးမှာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၆ ရက်မှာ စတင်လိုက်ပါတယ်။

အမေရိကန်ဟာ တောင်ကိုရီးယားရဲ့ အဓိကလုံခြုံရေးမဟာမိတ်ဖြစ်ပြီး နျူကလီးယားပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရန်မှ ကာကွယ်ပေးဖို့ တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့၀င် ၂၈၅၀၀ တပ်စွဲထားပါတယ်။

တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေးအင်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာ နှစ်ပေါင်းများစွာ ဆက်ဆံမှုမရှိပြီးနောက် အမေရိကန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်သွားမှာဖြစ်ကြောင်း မေလမှာ သမ္မတဖြစ်လာတဲ့ ယွန်းဆွတ်ခ်ယိုးလ်က ကတိပြုပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်ဖို့အမေရိကန်နဲ့ တောင်ကိုရီးယားမဟာမိတ်နှစ်နိုင်ငံရဲ့ ပြင်းပြတဲ့ ဆန္ဒကိုပြသဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းမှာ လေးရက်ကြာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောအစင်း ၂၀ ကျော်နဲ့ လေယာဉ်တွေလည်းပါ၀င်ပြီး စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်တဲ့စစ်ဆင်ရေး၊ နည်းဗျူဟာဆိုင်ရာလေ့ကျင့်မှုတွေနဲ့ အခြားသော ရေတပ်စစ်ဆင်ရေး လေ့ကျင့်မှုတွေပါ၀င်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: AFP
Photo:AFP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW