နန်းမွေစံကို အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ခြောက်နှစ် အမိန့်ချပြီး

ရန်ကုန်၊ စက်တင်ဘာ၂၈-၂၀၂၂
KK(VOM)

မော်ဒယ် နန်းမွှေ့စံကို မနေ့ စက်တင်ဘာ ၂၇ရက်က အင်းစိန်အကျဥ်းထောင်
ရှိ အထူးတရားရုံးကနေ အီလက်ထရောနစ်ဥပဒေနဲ့ ထောင်ဒဏ်ခြောက်နှစ် အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ မနေ့ မနက် ၁၁ နာရီက အီလက်ထရောနစ်ဥပဒေနဲ့ ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

” သူက စစ်အုပ်ချုပ်ရေးရှိတဲ့ မြို့နယ်ထဲကဆိုတော့ အမိန့်ချတာမြန်တယ် သင့်ဇာဝင့်ကျော်ကတော့ အခုမှအမှုစွဲတင်တဲ့
အဆင့်ပဲရှိသေးတယ်”လို့ ရှင်းပြပါတယ်။

သရုပ်ဆောင် သင့်ဇာဝင့်ကျော်နဲ့ နန်းမွှေ့စံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က မရမ်းကုန်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တရားရုံးတွေမှာ ရုံးထုတ်ရမာန်ယူခဲ့တာပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာအခကြေးငွေရယူပြီး လိင်အသားပေးပုံတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး နစကကောင်စီက သြဂုတ်လ ၅ ရက်က ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အီလက်ထရောနစ်ဥပဒေရဲ့ ပုဒ်မ – ၃၃ အရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။

#voiceofmyanmar #VOM #နန်းမွေစံထောင်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW