အလုံ ရပ်ကွက်ရုံးရှေ့ ဗုံးပေါက်ကွဲလို့ ၅ ယောက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈ VOM (GG) ရန်ကုန်၊ အလုံမြို့နယ်၊စောရန်ပိုင်အရှေ့ရပ်ကွက်၊ ဝေဘာဂီလမ်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာဒီကနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ​ေ န့လည်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ” ဒီနေ့ ၁ နာရီခွဲလောက်မှာ ဗုံးပေါက်တာ၊ လက်လုပ်ဗုံးလို့ပြောတယ်။ပေါက်ကွဲမှုက ရပ်ကွက်ရုံးဝင်ပေါက်နဲ့နီးတော့ ရုံးအနီးက လူ၅ ယောက် ဒဏ်ရာရတယ်။ဖြစ်ပြီးမကြာဘူး စစ်တပ်ကရောက်လာတယ် စစ်ဆေးတာတွေလုပ်တယ် ” လို့ အလုံဒေသခံတဦးကပြောပါတယိ။ ဗုံးပေါက်ကွဲ မှုမှာ ဒဏ်ရာရရှိသူတွေက တော့ ရပ်ကွက်ရုံးရှေ့ရှိနေတဲ့ အသက်ကြီး အမျိုးသမီးတယောက်၊ ကလေးကျောင်းကြိုပြန်လာသူအမျိုးသားတယောက်၊ အသက် ၁၁ နှစ်အရွယ် ကလေး၊ပစ္စည်းပိုတဲ့ အမျိုးသားနှစ်ယောက် ဒဏ်ရာရခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ ဒီဗုံးရဲ့ လက်သည်ဟာ ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ရန်ကုန်တိုင်း မှာ ခုလစက်တင်ဘာလအတွင်း…

Read More

တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျာပုံမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရဲရဲ့ဇနီး ၁ ဦးဖမ်းဆီးခံထားရ

စက်တင်ဘာ၊ ၂၈ -၂၀၂၂ မင်းမြတ် (VOM) ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ဇနီးတို့ကို တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပက်သက်မှုရှိတယ်လို့ ဆိုပြီး သက်ဆိုင်ရာကဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ”မနေ့က အဖမ်းခံရတာ ၊ ရဲတပ်ဖွဲ့ဝင်က ၃ ယောက် ၊ ရဲတပ်ဖွဲ့ဝင် တဦးရဲ့ မိန်းမ ၁ ယောက်လည်း အဖမ်း ခံထားရတယ်လို့ သိရတယ် ၊ ဖျာပုံမြို့နယ်အတွင်းက ဗုံးဖောက်ခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းတွေ ထိန်ချန်လို့ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာရှိလို့ ၊ PDF တပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေ ကို အထက်ကို မတင်ပြပဲထားလို့ ဖမ်းတာလို့ သိရတယ်။” လို့ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက် က ပြောပါတယ် ။ ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်…

Read More

သင်္ဘောသားအားလုံးရဲ့ လစာ‌အပြည့်အ၀ ပြန်လွှဲရမယ့်ကိစ္စနဲ့ သင်္ဘောလိုက်ခွင့် ကန့်သတ်ဖို့ရှိတဲ့ ဂယက်

နေပြည်တော်၊ စက်တင်ဘာ- ၂၈- ၂၀၂၂ KT+ND(VOM) ပြည်ပရောက်သင်္ဘောသားတွေရဲ့ လစာ‌အားလုံးကို မြန်မာနိုင်ငံအတွင်း ပြန်လွှဲရမှာဖြစ်ပြီး လစာအပြည့်ပြန်မလွှဲတဲ့ သင်္ဘောသားတွေကို သင်္ဘောလိုက်ခွင့်အတွက် ကန့်သတ်သွားမှာဖြစ်တယ်လို့ သင်္ဘောသားလောကမှာ ‌ပြောဆိုနေကြတာ တွေ့ရပါတယ်။ သင်္ဘောသားတွေအနေနဲ့ လစာ အပြည့်အဝပြန်မလွှဲရင် သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် (သင်္ဘော သားပတ်စ်ပို) တွေကို ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ရှိနေပြီး လုပ်ခလစာအားလုံးကို ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းပါမည်ဆိုတဲ့ ခံဝန်ချက်လက်မှတ်ရေးထိုးခိုင်းဖို့ရှိနေတယ်လို့ သင်္ဘောသားအသိုင်းအဝိုင်းရဲ့ မှတ်ချက်တွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကလည်း သင်္ဘောသားလစာအတွက် တစ်ဒေါ်လာကို ငွေကျပ် ၃၀၀၀ ပေးမယ်ဆိုတဲ့ ကြော်ငြာ မှုတွေရှိနေပြီး တရားဝင်လုပ်ဆောင်ပြီး ငွေလွှဲကြဖို့ တိုက်တွန်းတာတွေလုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နစကရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM က ဆက်သွယ်မေးကြည့်တော့ “”အရင်ကန့်သတ်ချက်အတိုင်းပါဘဲ အထူးအထွေမရှိပါဘူး.ပြည်ပအလုပ်သမားတွေဘာလုပ်ရမယ်ဆိုတာ ဗဟိုဘဏ်ကကြေညာထားတာရှိပါတယ်၊ အဲဒီအတိုင်းပြောင်းလဲမှုမရှိပါဘူး”…

Read More

ကျူးဘားမှာ ဟာရီကိန်းမုန်တိုင်းကြောင့် တနိုင်ငံလုံးဓါတ်အားပြတ်တောက်ပြီး အမှောင်အတိကျ

ဟာဗားနား၊ စက်တင်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) ကျူးဘားနိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်ပြီးနောက် တနိုင်ငံလုံး လျှပ်စစ်ဓါတ်အားလုံး၀ ပြတ်တောက်သွားကြောင်း ကျူးဘားအစိုးရက စက်တင်ဘာ ၂၇ ရက်မှာပြောပါတယ်။ ပင်မဓါတ်အားပေးစက်ရုံတရုံကို ပြန်လည်ကောင်းမွန်ဖို့ ပြင်ဆင်နိုင်ခြင်းမရှိတဲ့နောက် လျှပ်စစ်ဓါတ်အား လုံးဝြဖန့်ဖြူးနိုင်ခြင်းမရှိတော့ကြောင်း ကျူးဘားတာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားပေးစနစ်ချို့ယွင်းမှုကြောင့် ပြည်သူ ၁၁ သန်း အမှောင်ထုမှာ နေထိုင်နေရကြောင်း လျှပ်စစ်စွမ်းအင်အာဏာပိုင်အဖွဲ့ အကြီးအကဲက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့် ထုတ်ပြန်ထားပါတယ်။ မြို့တော်ဟာဗားနားအရှေ့ဘက် ကီလိုမီတာ ၁၀၀ အကွာ မာတန်ဇက်မှာရှိတဲ့ အန်တိုနီယိုဂီတာရက်စ် စက်ရုံဟာ ကျူးဘားနိုင်ငံရဲ့ အဓိကလျှပ်စစ်ဓါတ်အားပေးစက်ရုံဖြစ်ပြီး အဲဒီစက်ရုံရပ်ဆိုင်းရတာကြောင့် နိုင်ငံတွင်းရှိ ဘယ်နေရာမှာမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ခြင်းမရှိတော့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ကျူးဘားနိုင်ငံမှာ မုန်တိုင်အီယန်ကြောင့် လူနှစ်ဦးသေဆုံးပြီး နိုင်ငံတစ်၀န်းရှိ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ တနာရီလေတိုက်နှုန်း မိုင် ၁၂၀ ထိရှိတဲ့ မုန်တိုင်းအီယန်ဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ တိုက်ခတ်လျှက်ရှိပါတယ်။…

Read More

အီရန်ဆန္ဒပြပွဲ ဖြိုခွင်းခံရ ၇၆ ဦးသေဆုံး

တီဟီရန်၊ စက်တင်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) အီရန်မှာ ဖမ်းဆီးထ်ိန်းသိမ်းခံရတဲ့ အမျိုးသမီးတဦးသေဆုံးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ၁၁ ရက်ကြာ ဆူပူအုံကြွမှုအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၇၆ ဦးထိသေဆုံးသွားပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အီရန်အာဏာပိုင်တွေဟာ ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ အင်အားအလွန်အကျွံသုံးခဲ့ပြီး ကျည်အစစ်တွေကို အသုံးပြုခဲ့ကြောင်း နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။ အီရန်နိုင်ငံပိုင် သတင်းဌာနကတော့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအပါအ၀င် သေဆုံးသူ ၄၁ ဦးရှိကြောင်း ဖော်ပြထားပြီး ဆူပူဆန္ဒပြသူတွေကို အပြစ်တင်ထားပါတယ်။ လူရာနဲ့ချီဖမ်းဆီးခံထားရပြီး သူတို့ထဲမှာ သတင်းသမား ၂၀ ဦးလည်း ပါ၀င်နေပါတယ်။ ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုနဲ့ ကျည်အစစ်တွေအသုံးပြုဖြိုခွဲမှုဟာ နိုင်ငံတကာရာဇ၀တ်မှုမြောက်ကြောင်း၊ ကမ္ဘာကြီးအနေနဲ့အီရန်ပြည်သူတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုမှုကို ကာကွယ်ပေးရမယ်လို့ အီရန် လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး မာမွတ်အမ်မီရီမိုဂါဒမ်က ပြောပါတယ်။ ဆန္ဒပြသူတွေကို အီရန်အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြောင်းနဲ့…

Read More

ထိုင်းအနောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်၀င်ရောက်တဲ့ မြန်မာ ၉၅ ဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ စက်တင်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံအနောက်ပိုင်းနယ်စပ်ကို တရားမ၀င်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၅ ဦးကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။ ဒီနေ့မနက် ၃ နာရီမှာ ထောင်ဖဖန်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်မှာ အအေးခန်းကားနှစ်စီးကို တာ၀န်ရှိသူတွေက တားဆီးစစ်ဆေးရာမှာ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ပထမကားရဲ့ နောက်ခန်းထဲမှာ ပုန်းပြီးလိုက်တာတဲ့ မြန်မာ ၂၁ ဦးနဲ့ ဒုတိယကားထဲမှာလိုက်လာတဲ့ ၁၈ ဦး စုစုပေါင်း ၃၉ ဦးကို တွေ့ရှိခဲ့ပြီး ထိုင်းလူမျိုးကားသမားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တချိန်တည်းမှာဘဲ သာခနွန်းမှာလည်း ထိုင်းနိုင်ငံထဲကို တရားမ၀င် ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာ ၄၃ ဦးပါအဖွဲ့ကို စိုက်ခင်းထဲမှာရှိနေချိန် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့မြန်မာတွေဟာ မလေးရှားမှာ အလုပ်လုပ်ဖို့ အတွက် ပွဲစားတွေကို ဘတ်ခြောက်သောင်းစီပေးခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီနေ့မနက် ရှစ်နာရီကလည်း မြောင်ခရိုင်အတွင်းမှာ…

Read More

စစ်ကိုင်းတိုင်းမှာ မိုင်းနင်းမိလို့ သေဆုံးဒဏ်ရာရတဲ့သတင်းတွေ ခဏခဏဖြစ်လာ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇင်းကျေးရွာ ၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ မနေ့ စက်တင်ဘာ ၂၇ ရက် ၊ မွန်းလွဲ ၂ နာရီဝန်းကျင်က ယာခင်းတောသွားတဲ့ မိသားစုဟာ လမ်းမှာ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒေါ်ကြည်ကြည်ဝင်းတို့ မိသားစုဟာ ယာခင်းတောကိုသွားရင်း မိုင်းပေါက်ကွဲတာကြောင့် သေဆုံးတာဖြစ်တယ် ၊ အသက် ၁၂ နှစ်အရွယ် မခေတ်သစ်ဦး နဲ့ ဒေါ်ကြည်ကြည်ဝင်းတို့ ၂ ယောက်ကတော့ ကိုယ်ခန္ဓာ အပိုင်းပိုင်းပြတ်တောက်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးနေတယ် ၊ အဲ့ဒီအပြင် အသက် ၈ နှစ်အရွယ် မောင်ဖြိုးစည်သူအောင်ကတော့ မိုင်းစထိမှန်…

Read More

ဖလမ်းပြည်သူ့ဆေးရုံက ဆရာဝန်ကြီး ကြိုးဆွဲချပြီး သေဆုံး

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ ၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံးအုပ်ကြီး တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကြီးဟာ ဒီကနေ့ မနက်အစောပိုင်းက သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေသွားတယ်လို့ ဖလမ်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဆရာဝန်ကြီးက အသက် ၄၁ နှစ်အရွယ်ပဲရှိသေးတာပါ ၊ နာမည်က Dr.Tluang Cung Thang လို့ခေါ်တယ် ၊ သူ့အိမ်ထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာပါ ၊ ဘာကြောင့် အခုလို ကြိုးဆွဲချ သေဆုံးရတယ်ဆိုတာ မသိရဘူး ” လို့ ခရစ်ယာန် အသင်းတော်ပေါင်းစုံ လူမှုကူညီရေး အဖွဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။ ဒါ့အပြင် ဖလမ်းမြို့ခံ ဧဝံဂေလိ အသင်းတော်မှာရှိတဲ့…

Read More

နန်းမွေစံကို အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ခြောက်နှစ် အမိန့်ချပြီး

ရန်ကုန်၊ စက်တင်ဘာ၂၈-၂၀၂၂ KK(VOM) မော်ဒယ် နန်းမွှေ့စံကို မနေ့ စက်တင်ဘာ ၂၇ရက်က အင်းစိန်အကျဥ်းထောင် ရှိ အထူးတရားရုံးကနေ အီလက်ထရောနစ်ဥပဒေနဲ့ ထောင်ဒဏ်ခြောက်နှစ် အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ မနေ့ မနက် ၁၁ နာရီက အီလက်ထရောနစ်ဥပဒေနဲ့ ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ” သူက စစ်အုပ်ချုပ်ရေးရှိတဲ့ မြို့နယ်ထဲကဆိုတော့ အမိန့်ချတာမြန်တယ် သင့်ဇာဝင့်ကျော်ကတော့ အခုမှအမှုစွဲတင်တဲ့ အဆင့်ပဲရှိသေးတယ်”လို့ ရှင်းပြပါတယ်။ သရုပ်ဆောင် သင့်ဇာဝင့်ကျော်နဲ့ နန်းမွှေ့စံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က မရမ်းကုန်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တရားရုံးတွေမှာ ရုံးထုတ်ရမာန်ယူခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာအခကြေးငွေရယူပြီး လိင်အသားပေးပုံတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး နစကကောင်စီက သြဂုတ်လ ၅ ရက်က ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အီလက်ထရောနစ်ဥပဒေရဲ့ ပုဒ်မ…

Read More

ထီးလင်း ပုဏ္ဏားကျေးရွာမှာ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ထဲ အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား ၃ ဦး ပါဝင်နေ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ပုဏ္ဏားကျေးရွာဘက်ကို မနေ့ စက်တင်ဘာ ၂၇ ရက်က ဝင်ရောက်လာတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ကနေ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ လူ ၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၃ ယောက်ပါဝင်နေတယ်လို့ ပုဏ္ဏားရွာခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ရွာထဲကနေ ဖမ်းခေါ်သွားတာပါ ၊ ဘာအတွက် ဖမ်းခေါ်သွားတယ်ဆိုတာ မသိရဘူး ၊ အဲ့ဒီအထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ၉ တန်းကျောင်းသား ၃ ဦးပါသွားတယ် ၊ မောင်မင်းသက်ပိုင် ၊ မောင်သူရပိုင် နဲ့ မောင်ကျော်နိုင်လင်း တို့ဖြစ်တယ် ” လို့…

Read More
VOM News

FREE
VIEW