အလုံ ရပ်ကွက်ရုံးရှေ့ ဗုံးပေါက်ကွဲလို့ ၅ ယောက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈
VOM (GG)

ရန်ကုန်၊ အလုံမြို့နယ်၊စောရန်ပိုင်အရှေ့ရပ်ကွက်၊ ဝေဘာဂီလမ်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာဒီကနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ​ေ န့လည်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

” ဒီနေ့ ၁ နာရီခွဲလောက်မှာ ဗုံးပေါက်တာ၊ လက်လုပ်ဗုံးလို့ပြောတယ်။ပေါက်ကွဲမှုက ရပ်ကွက်ရုံးဝင်ပေါက်နဲ့နီးတော့ ရုံးအနီးက လူ၅ ယောက် ဒဏ်ရာရတယ်။ဖြစ်ပြီးမကြာဘူး စစ်တပ်ကရောက်လာတယ် စစ်ဆေးတာတွေလုပ်တယ် ” လို့ အလုံဒေသခံတဦးကပြောပါတယိ။

ဗုံးပေါက်ကွဲ မှုမှာ ဒဏ်ရာရရှိသူတွေက တော့
ရပ်ကွက်ရုံးရှေ့ရှိနေတဲ့ အသက်ကြီး အမျိုးသမီးတယောက်၊ ကလေးကျောင်းကြိုပြန်လာသူအမျိုးသားတယောက်၊ အသက် ၁၁ နှစ်အရွယ် ကလေး၊ပစ္စည်းပိုတဲ့ အမျိုးသားနှစ်ယောက် ဒဏ်ရာရခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ ဒီဗုံးရဲ့ လက်သည်ဟာ ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ရန်ကုန်တိုင်း မှာ ခုလစက်တင်ဘာလအတွင်း ဗုံးပေါက်ကွဲ မှု ၊ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှု၊ဒဏ်ရာရရှိမှုတွေဟာဆိုရင် ကြည့်မြင်တိုင်၊ကမာရွတ်၊သာကေတ၊ ဒလမြို့နယ်၊ အလုံမြို့နယ် အပါအဝင် စတဲ့မြို့နယ်အချိုမှာ ဖြစ်စဥ်အကြိမ်ရေ ၃၀ ထက်မနည်းရှိ နေကာ ရာအိမ်မှူး ၊ အုပ်ချုပ်ရေးမှူး ၊အရပ်သားပြည်သူသေဆုံးတာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အလုံအုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW