ကျူးဘားမှာ ဟာရီကိန်းမုန်တိုင်းကြောင့် တနိုင်ငံလုံးဓါတ်အားပြတ်တောက်ပြီး အမှောင်အတိကျ

ဟာဗားနား၊ စက်တင်ဘာ-၂၈-၂၀၂၂
မျိုးဆက်(VOM)

ကျူးဘားနိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်ပြီးနောက် တနိုင်ငံလုံး လျှပ်စစ်ဓါတ်အားလုံး၀ ပြတ်တောက်သွားကြောင်း ကျူးဘားအစိုးရက စက်တင်ဘာ ၂၇ ရက်မှာပြောပါတယ်။

ပင်မဓါတ်အားပေးစက်ရုံတရုံကို ပြန်လည်ကောင်းမွန်ဖို့ ပြင်ဆင်နိုင်ခြင်းမရှိတဲ့နောက် လျှပ်စစ်ဓါတ်အား လုံးဝြဖန့်ဖြူးနိုင်ခြင်းမရှိတော့ကြောင်း ကျူးဘားတာ၀န်ရှိသူတွေကပြောပါတယ်။

နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားပေးစနစ်ချို့ယွင်းမှုကြောင့် ပြည်သူ ၁၁ သန်း အမှောင်ထုမှာ နေထိုင်နေရကြောင်း လျှပ်စစ်စွမ်းအင်အာဏာပိုင်အဖွဲ့ အကြီးအကဲက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့် ထုတ်ပြန်ထားပါတယ်။

မြို့တော်ဟာဗားနားအရှေ့ဘက် ကီလိုမီတာ ၁၀၀ အကွာ မာတန်ဇက်မှာရှိတဲ့ အန်တိုနီယိုဂီတာရက်စ် စက်ရုံဟာ ကျူးဘားနိုင်ငံရဲ့ အဓိကလျှပ်စစ်ဓါတ်အားပေးစက်ရုံဖြစ်ပြီး အဲဒီစက်ရုံရပ်ဆိုင်းရတာကြောင့် နိုင်ငံတွင်းရှိ ဘယ်နေရာမှာမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ခြင်းမရှိတော့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ကျူးဘားနိုင်ငံမှာ မုန်တိုင်အီယန်ကြောင့် လူနှစ်ဦးသေဆုံးပြီး နိုင်ငံတစ်၀န်းရှိ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ တနာရီလေတိုက်နှုန်း မိုင် ၁၂၀ ထိရှိတဲ့ မုန်တိုင်းအီယန်ဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ တိုက်ခတ်လျှက်ရှိပါတယ်။

Ref: BBC
Photo: Getty Images

#voiceofmyanmar #VOM #ကျူးဘားမုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW