ဖလမ်းပြည်သူ့ဆေးရုံက ဆရာဝန်ကြီး ကြိုးဆွဲချပြီး သေဆုံး

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၂
SP (VOM)

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ ၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံးအုပ်ကြီး တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကြီးဟာ ဒီကနေ့ မနက်အစောပိုင်းက သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေသွားတယ်လို့ ဖလမ်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဆရာဝန်ကြီးက အသက် ၄၁ နှစ်အရွယ်ပဲရှိသေးတာပါ ၊ နာမည်က Dr.Tluang Cung Thang လို့ခေါ်တယ် ၊ သူ့အိမ်ထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာပါ ၊ ဘာကြောင့် အခုလို ကြိုးဆွဲချ သေဆုံးရတယ်ဆိုတာ မသိရဘူး ” လို့ ခရစ်ယာန် အသင်းတော်ပေါင်းစုံ လူမှုကူညီရေး အဖွဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ခံ ဧဝံဂေလိ အသင်းတော်မှာရှိတဲ့ ဒေသခံတယောက်က
” ဆရာဝန်ကြီးက ဖလမ်းကိုရောက်လာတာ သုံး ၊ လေး နှစ်ရှိပြီး ၊ အရမ်းသဘောကောင်းတယ် ၊ ကိုဗစ်ကာလ ပထမလှိုင်းမှာ တုန့်ပြန်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို သူ့ကိုယ်တိုင် ကြပ်ကြပ်မတ်မတ် ကွင်းဆင်းလုပ်ပေးခဲ့တယ် ၊ ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိရသေးဘူး ၊ ခရစ်ယာန် ဘာသာဝင်အများစုက သေတမ်းစာ ရေးလေ့ ရေးထ ရှိကြတယ် ၊ ဘာရေးခဲ့မယ်တော့ မသိသေးဘူး၊ဒီကနေ့ပဲ နေ့ချင်းပြီး သူ့အလောင်းကို ဟားခါးမြို့ဆီသယ်ယူပို့ဆောင်ဖို့ လုပ်နေကြတာ ” လို့ ပြောပါတယ်။

အဲ့ဒီ ဆရာဝန်ကြီး ကြိုးဆွဲချ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းရေးဖွင့်ပြီး မှုခင်းဆေးပညာအရ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့ မှာ တာဝန်ထမ်းဆောင်နေတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီးဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖလမ်းဆေးရုံအုပ်ကြီးကြိုးဆွဲချသေဆုံး #ဖလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW