BBC သတင်းဌာန အစီအစဥ်တင်ဆက်သူ မထက်ထက်ခိုင် အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် ထပ်ချခံရ

စက်တင်ဘာ ၂၇-၂၀၂၂
VOM (GG)

BBC သတင်းဌာန ရဲ့ မီဒီယာအက်ရှင် အစီအစဉ် ရေကြည်ရာ စီစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကို ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်၃ နှစ် ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန်မြို့နယ်မှာ စွဲဆိုခံထားရတဲ့
မတရားအသင်းဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ အတွက် ထောင်၃နှစ်အမိန့်ချလိုက်တာဖြစ်ပါတယ်။

” ဒီနေ့အမိန့်ချလိုက်တာ ဟုတ်တယ်၊ အင်းစိန်ထောင်အထူးတရားရုံးကပါ ။ အလုပ်ကြမ်းလည်း ပါတယ် ” လို့ သူရဲ့မိတ်ဆွေတဦးကပြောပါတယ်။

မထက်ထက်ခိုင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့တုန်းကလည်း ဗဟန်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့တာကြောင့် အခုဆိုရင် ထောင် ၆ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

မထက်ထက်ခိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က ၊ ပုဒ်မ ၁၇(၁) နဲ့အမှုဖွင့်တရားစွဲဆိုခဲ့ကာ တနှစ်ကျော်အကြာမှာ ပုဒ်မ ၅၀၅ ကအတွက် ပထမအကြိမ် ထောင်ဒဏ်ချမှတ်ပြီး နောက်တမူအတွက် ဒီနေ့မှာ အမိန့်ထပ်ချလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ ဇူလိူင်လထဲမှာလည်း သတင်းထောက်အချို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၀၀ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲကမှ ပြန်လည်လွှတ်မြောက်လာသူတွေရှိသလို ဆက်လက်ဖမ်းဆီးခံရသူတွေရှိတဲ့အပြင်ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းရှိပါတယ်။

အမှုဖွင့်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်းသမားတွေလည်း ရှိနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲအကြားနဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ သတင်းသမား ၃ဦး ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #BBCသတင်းစီးစဥ်တင်ဆက်သူ #မထက်ထက်ခိုင် #ထောင်၃နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW