မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်ပြီးနောက် အမေရိကန်ဒုသမ္မတ တောင်ကိုရီးယား ရောက်ရှိနေ

ဆိုးလ်၊ စက်တင်ဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားက ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီးနောက် တရက်အကြာမှာ အမေရိကန်ဒုတိယသမ္မတကမလာဟားရစ်ဟာ စက်တင်ဘာ ၂၈ မှာ တောင်ကိုရီးယားကို ရောက်ရှိနေပါတယ်။

တောင်ကိုရီးယားကျွန်းဆွယ်တဝိုက်ရေပြင်မှာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်နေစဉ်မှာ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယားက စက်တင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာကုလသမဂ္ဂကရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တာဖြစ်ပြီး ဒီလိုရန်စတဲ့လုပ်ရပ်အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ရှုတ်ချခဲ့ပါတယ်။

တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ အမေရိကန်ဒုတိယသမ္မတကမလာဟားရစ်ဟာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

သူမဟာ ဂျပန်ကို ရောက်ရှိချိန်မှာလည်း စစ်အခြေစိုက်စခန်းတခုရှိ အမေရိကန်တပ်ဖွဲ့၀င်တွေကို တွေ့ဆုံမိန့်ခွန်းပြောခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ဒေသတွင်းကိုခြိမ်းခြောက်နေတဲ့ လက်နက်အစီအစဉ်တွေအပေါ် ရှုတ်ချခဲ့ပါတယ်။

Ref: BBC
Photo:AP

#voiceofmyanmar #VOM #မြောက်ကိုရီးယား #အမေရိကန်ဒုတိယသမ္မတကမလာဟားရစ်

Related posts

Leave a Comment

VOM News

FREE
VIEW