မန္တလေး မြစ်ငယ် တံတားနားမှာ ရဲအချုပ်ကားပေါ်က ၊ အချုပ်သားတချို့ ထွက်ပြေး လွတ်မြောက်

စက်တင်ဘာ ၂၉ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း ၊ မန္တလေး ရန်ကုန် ကားလမ်းဟောင်း မြစ်ငယ်တံတားအနီး အောင်စင်္ကြာဆီဆိုင်နားမှာ ဒီကနေ့မနက်ပိုင်းက ကျောက်ဆည်မြို့နယ် အချုပ်ခန်းကနေ မန္တလေး အိုဘိုထောင်ဘက်ကို ဦးတည်မောင်းလာတဲ့ ရဲအချုပ်ကားပေါ်က အချုပ်သားတချို့ဟာ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီကျော် ၊ ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ မြစ်ငယ်တံတားနားအရောက်မှာ ၊ အချုပ်သားတွေရဲ့ လက်ထိပ် ၊ သံကြိုး ၊ သော့ ၊ စတာတွေ ခိုင် ၊ မခိုင် စစ်ဆေးတဲ့အချိန်မှာ ကားပေါ်ကနေ အချုပ်သား ၅ ယောက်က ရဲတပ်သား သီဟဇော် ဆိုတဲ့သူဆီက သေနတ်ကို လုယူပစ်ခတ်ပြီးထွက်ပြေးသွားတယ် ၊ ချက်ချင်း ပစ်ခတ် ဖမ်းဆီးနိုင်တာကြောင့်…

Read More

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့စျာပနမှာ မြန်မာကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုခဲ့တဲ့အတွက် ဂျပန်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

၀ါရှင်တန်၊ စက်တင်ဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ စျာပနမှာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖိတ်ကြားပြီး တက်ရောက်ခွင့်ပြုခဲ့တဲ့အပေါ် ဂျပန်အစိုးရကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချဝေဖန်လိုက်ပါတယ်။ ရှင်ဇိုအာဘေးရဲ့နိုင်ငံတော်စျာပနကို တက်ရောက်ခဲ့တဲ့ မြန်မာသံအမတ်ဦးစိုးဟန်ရဲ့ ဓါတ်ပုံတွေကို မြန်မာနိုင်ငံခြားရေး၀န်ကြီးဌာနက လူမှုကွန်ရက်မှာ ဖော်ပြထားခဲ့ပါတယ်။ စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံက ကိုယ်စာလှယ်ကို ဒီလိုတက်ရောက်ခွင့်ပြုတာဟာ သူတို့ရဲ့လုပ်ရပ်ကို အတည်ပြု အသိအမှတ်ပြုတဲ့သဘောဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch တာ၀န်ရှိသူတဦးကပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖြိုခွဲမှုကြောင့် ဆန္ဒပြသူတွေနဲ့ တက်ကြွလှုပ်ရှားသူအများအပြားသေဆုံးခဲ့ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ဖမ်းဆီးထံထားရတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ ဂျပန်နိုင်ငံက အနောက်နိုင်ငံတွေနဲ့အတူ တိုက်တွန်းခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ၀န်ကြီးချုပ်ဟောင်းရဲ့စျာပနမှာ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံအားလုံးကို ဖိတ်ကြားခဲ့တာဖြစ်ပြီး စျာပနပွဲရဲ့သဘောသဘာ၀အရ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလိုမျိုး အခြားနိုင်ငံတွေကိုလည်း ဖယ်ထုတ်ထားခြင်းမရှိဘူးလို့…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ချမှတ်ပြီးပြစ်ဒဏ် ၂၃ နှစ်အထိရှိလာ

နေပြည်တာ်၊ စက်တင်ဘာ ၂၉-၂၀၂၂ KT(VOM) ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ်တို့ကို နေပြည်တော်ထောင်တွင်း အထူးတရားရုံးကနေ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) ဂ နဲ့ ထောင်သုံးနှစ်စီချမှတ်လိုက်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့ အသိုင်းက သိရပါတယ်။ သူတို့နဲ့အတူ တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့သုံးဦးလည်း ဒီပုဒ်မနဲ့ ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမိန့်အပေါ်မှာတစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားတာမရှိကြောင်းနဲ့ ရုံးချိန်းပြီးပြီးချင်းမှာပဲ နေပြည်တော်အချုပ်ထောင်တွင်းပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။ မစ္စတာရှောင်တာနယ်ကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေဖောက်ဖျက်မှုနဲ့ နောက်ထပ်အမှုတစ်ခုကို အဲဒီ နေပြည်တော်အထူးတရားရုံးမှာဆက်လက်ရင်ဆိုင်နေရပြီး မကြာခင်မှာ အပြီးသတ် အမိန့်ချမှတ်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒီအမှုကို စတင်စွဲဆိုစဥ်က ဖမ်းဆီးခံခဲ့ရပြီးကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားခဲ့တာကြောင့် အမှုကိုပြင်ပကနေရင်ဆိုင်ခဲ့ရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာလည်း ထောင်သုံးနှစ်ချမှတ်ခံရတဲ့အတွက် အကျဥ်းထောင်ပြောင်းရွှေ့ခံရဖို့ရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲခံထားရပြီး အမှု…

Read More

ရေကြည်မှာ ၉ လအတွင်း နေအိမ် ၈၀ နီးပါးချိပ်ပိတ်ခံရတာမှာ ပညာရေးဝန်ထမ်းတွေရဲ့နေအိမ်တွေအများဆုံးဖြစ်နေ

စက်တင်ဘာ ၂၉-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်မှာ ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ကုန်ပိုင်းထိ ၉ လအတွင်း ချိပ်ပိတ်သိမ်း ဆည်းခံရတဲ့ လူနေအိမ် ၈၀ နီးပါးအထိရှိတယ်လို့ နေအိမ် ချိပ်ပိတ် သိမ်းဆည်းခံရတဲ့ နေအိမ်ပိုင်ရှင်တွေဆီ ကနေ သိရပါတယ် ။ ”ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေပိုင်တဲ့ နေအိမ်တွေ အများဆုံးပဲ ၊ ပုဒ်မ ပေါင်းစုံနဲ့ ချိပ်ပိတ်ထားတာတွေ့ရတယ် ၊ ဒီနှစ်ရဲ့ ကိုးလအတွင်းမှာ ချိပ်ပိတ်ခံရတဲ့နေအိမ်အလုံး ၈၀ နားနီးကပ်လာပြီ ၊ ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှိတွေကရူးမတတ်ဖြစ်တာတွေအထိရှိတယ် ။”လို့ အမည်မဖော်လို့တဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ နိုင်ငံရေးတတ်ကြွ လှုပ်ရှားသူ ၁၉ ယောက်ရဲ့ နေအိမ် ၁၉ လုံး ၊NLD ပါတီဝင် ၂၈ ယောက်ရဲ့နေအိမ် ၂၈…

Read More

သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေလေးခုကို ရုရှားနဲ့ပေါင်းစည်းဖို့ လုပ်ဆောင်နေ

မော်စကို၊ စက်တင်ဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ရုရှားနိုင်ငံနဲ့ပေါင်းစည်းတဲ့လုပ်ငန်းစဉ်ကို များမကြာမီ စတင်သွားဖွယ်ရှိနေပါတယ်။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်နက်စ်၊ လူဟန့်ခ်၊ အရှေ့တောင်ဘက်ရှိ ဇာပိုရစ်ဇီးယားနဲ့ တောင်ဘက်ရှိ ခါဆွန်ဒေသတွေမှာ လူထံဆန္ဒခံယူပွဲတွေပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်အများစုက ရုရှားနဲ့ပေါင်းစည်းဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ လူဟန့်ခ်နဲ့ ခါဆွန်ဒေသရှိ ရုရှားခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေဟာ အဲဒီဒေသတွေကို ရုရှားနဲ့ပေါင်းစည်းဖို့ စက်တင်ဘာ ၂၈ ရက်မှာ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ ရုရှားအောက်လွှတ်တော်အစည်းအဝေးကို အောက်တိုဘာ ၃ ရက်မှာကျင်းပဖို့ရှိနေပြီး နောက်တနေ့မှာတော့ အထက်လွှတ်တော်ဟာ ပေါင်းစည်းရေးဆိုင်ရာ ဥပဒေတွေပြဌာန်းဖွယ်ရှိနေပါတယ်။ ဒေသလေးခုရှိ ဒေသခံတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ ရုရှားနဲ့အတူပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒိလိုအခြေအနေမှာ ရုရှားအနေနဲ့ ယူကရိန်းအပေါ် စစ်ဆင်ရေးတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အရိပ်အမြွတ် ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်ပြီးနောက် အမေရိကန်ဒုသမ္မတ တောင်ကိုရီးယား ရောက်ရှိနေ

ဆိုးလ်၊ စက်တင်ဘာ-၂၉-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားက ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီးနောက် တရက်အကြာမှာ အမေရိကန်ဒုတိယသမ္မတကမလာဟားရစ်ဟာ စက်တင်ဘာ ၂၈ မှာ တောင်ကိုရီးယားကို ရောက်ရှိနေပါတယ်။ တောင်ကိုရီးယားကျွန်းဆွယ်တဝိုက်ရေပြင်မှာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်နေစဉ်မှာ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယားက စက်တင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာကုလသမဂ္ဂကရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တာဖြစ်ပြီး ဒီလိုရန်စတဲ့လုပ်ရပ်အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ရှုတ်ချခဲ့ပါတယ်။ တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ အမေရိကန်ဒုတိယသမ္မတကမလာဟားရစ်ဟာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ သူမဟာ ဂျပန်ကို ရောက်ရှိချိန်မှာလည်း စစ်အခြေစိုက်စခန်းတခုရှိ အမေရိကန်တပ်ဖွဲ့၀င်တွေကို တွေ့ဆုံမိန့်ခွန်းပြောခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ဒေသတွင်းကိုခြိမ်းခြောက်နေတဲ့ လက်နက်အစီအစဉ်တွေအပေါ် ရှုတ်ချခဲ့ပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #မြောက်ကိုရီးယား #အမေရိကန်ဒုတိယသမ္မတကမလာဟားရစ်

Read More

သီတင်းကျွတ်ပြီ။

၂၉၊ စက်တင်ဘာ၊ ၂၀၂၂။ ဆူးငှက် သီတင်းကျွတ်ပြီ မီးပုံးပျံလွှတ်ရအောင်၊ မီးစာကို ရေနံဆွတ်ပါ။ မိုးလွတ်ပါမည်လား . . .။ တဲ့ ငယ်ငယ်က အော်ဟစ်ခဲ့ဖူးသော ဖတ်စာလေးကို သတိရမိသေးတော့ . . .။ အရင်ကတော့ သီတင်းကျွတ်လဆန်းလျှင်ပင် အဘိုးသည် ဈေးချိုစီရုံထဲ သွားပြီး ဆီစိမ်စက္ကူ ရောင်စုံဝယ်၏။ ဆီစိမ်စက္ကူ တစ်ချပ် ၃၅ ပြား။ မှန်ရောင်စက္ကူက တစ်ချပ် သုံးမတ် . . .။ အိမ်ရောက်တော့ ဝါးတစ်လုံးကို ခွဲစိပ်သည်။ ကော်တစ်အိုး ကျို၏။ အဝတ်ဟောင်းတစ်စ ရှာကာ လက်တစ်လုံးလောက် အစရှည် လေးများအဖြစ် ဆွဲဆုတ်သည်။ ထို့နောက် မီးပုံးအမျိုးမျိုး ချိုးတော့သည်။ ဘီလူးမျက်ကွင်း၊ ကြယ်ပုံစသည်ဖြင့်။ ဝါးခြမ်းတွေ တစ်ချောင်း နှင့် တစ်ချောင်း ပူးဆက်တော့ အဝတ်စ အရှည်လေးတွေကို…

Read More
VOM News

FREE
VIEW