သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေလေးခုကို ရုရှားနဲ့ပေါင်းစည်းဖို့ လုပ်ဆောင်နေ

မော်စကို၊ စက်တင်ဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ရုရှားနိုင်ငံနဲ့ပေါင်းစည်းတဲ့လုပ်ငန်းစဉ်ကို များမကြာမီ စတင်သွားဖွယ်ရှိနေပါတယ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်နက်စ်၊ လူဟန့်ခ်၊ အရှေ့တောင်ဘက်ရှိ ဇာပိုရစ်ဇီးယားနဲ့ တောင်ဘက်ရှိ ခါဆွန်ဒေသတွေမှာ လူထံဆန္ဒခံယူပွဲတွေပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်အများစုက ရုရှားနဲ့ပေါင်းစည်းဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

လူဟန့်ခ်နဲ့ ခါဆွန်ဒေသရှိ ရုရှားခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေဟာ အဲဒီဒေသတွေကို ရုရှားနဲ့ပေါင်းစည်းဖို့ စက်တင်ဘာ ၂၈ ရက်မှာ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

ရုရှားအောက်လွှတ်တော်အစည်းအဝေးကို အောက်တိုဘာ ၃ ရက်မှာကျင်းပဖို့ရှိနေပြီး နောက်တနေ့မှာတော့ အထက်လွှတ်တော်ဟာ ပေါင်းစည်းရေးဆိုင်ရာ ဥပဒေတွေပြဌာန်းဖွယ်ရှိနေပါတယ်။

ဒေသလေးခုရှိ ဒေသခံတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ ရုရှားနဲ့အတူပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒိလိုအခြေအနေမှာ ရုရှားအနေနဲ့ ယူကရိန်းအပေါ် စစ်ဆင်ရေးတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အရိပ်အမြွတ် ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo: AFP

#voiceofmyanmar #VOM #ရုရှား #ယူကရိန်း #ယူကရိန်းနယ်မြေလေးခုကိုရုရှားနဲ့ပေါင်းစည်းဖို့လုပ်ဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW