တရုတ်ရဲ့ တပြည်ထောင်စနစ်နှစ်မျိုးမူဝါဒ လက်မခံဘူးလို့ ထိုင်၀မ်သမ္မတရုံးထုတ်ပြန်

တိုင်ပေ၊ အောက်တိုဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်အနေနဲ့ တရုတ်နိုင်ငံရဲ့ တပြည်ထောင် စနစ်နှစ်မျိုးမူဝါဒကို လက်ခံမည်မဟုတ်ကြောင်း ထိုင်၀မ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်ကကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်အစည်းအဝေးမှာ ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေး ကတိက၀တ်ကို တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုပြီးနောက် ထိုင်၀မ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ယခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ထိုင်၀မ်အနေနဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို အထိပါးခံမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် အလျှော့ပေးသွားမှာမဟုတ်ဘူးလို့ ထိုင်၀မ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ထိုင်၀မ်ရေလက်ကြားမှာ လက်နက်ကိုင်ပဋိပက္ခဟာ ရွေးချယ်စရာနည်းလမ်းမဟုတ်ဘူးဆိုတာ ထိုင်၀မ်ပြည်သူတွေရဲ့ ဘုံသဘောထားဖြစ်ကြောင်း သူကပြောပါတယ်။

ကျိုးကြောင်းဆီလျော်မှု၊ သာတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုတို့နဲ့အတူ ထိုင်၀င်ရေလက်ကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကိုထိန်းကြောင်းဖို့ နှစ်ဦးနှစ်ဘက်သဘောတူညီနိုင်မယ့် အစီအစဉ်တရပ်ကိုရှာဖွေဖို့ တရုတ်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ဆန္ဒရှိကြောင်း ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW