မူဆယ်မြို့‌‌ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့

အောက်တိုဘာ ၂၁၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် မြန်မာနယ်စပ်၊ မူဆယ်မြို့ပါ်မှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက် ၄ နာရီခန့်က စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ၁ နာရီကျော်ခန့်ကြာ တိုက်ပွဲ ဖြစ်‌ပွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“မူဆယ်မြို့ စွမ်စော်ဘက် အပြတ် တွယ်နေကြတယ်။ ၁ နာရီကျော် လောက်ရှိတယ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရကာ၊ မန့်ဝိန်းပေါက် အနီးတဝိုက်လည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နေသံ ကြားရတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးနားနေထိုင်သူတဦးကလည်း “အသံကြားရတာ ကျနော်တို့နားရော လာကျသလိုပဲ။ ပန်ခမ်းဘက်လည်း ကျသံကြားတယ်။ အလယ်ပေါက်၊ စွမ်စော် ကနေ ပန်ခမ်း တံတားဘက် အသံ တဖြည်းဖြည်း ဝေးသွားပြီး လက်နက်ကြီး ပစ်ခတ်သံ တွေ နာရီ အနည်းငယ်ကြာတဲ့အထိ ကြားနေရတာ အထိအခိုက်ကိုတော့ မသိရသေးဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ညနေပိုင်းက တုန်ခန် မောင်းတံဂိတ်အနီး စစ်တပ်အရာရှိ ၂ ဦး ပစ်ခတ်ခံရပြီးနောက် မူဆယ်၊ ၁၀၅ မိုင် တို့မှာ စစ်ဆေးရေးတင်းကြပ်ထားတာဖြစ်ပြီး အခု မနက်ပိုင်းမှာတော့ မူဆယ်မြို့ပေါ် မှာ တိုက်ပွဲ ပြန်ဖြစ်ပွားလာတာဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်း မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ နဲ့ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်လာပြီး အဲဒီ နယ်မြေမှာတော့ စစ်တပ်၊ ပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀ နီးပါးနဲ့ KIA, TNLA, SSPP/SAA, PDF တို့ သွားလာ လှုပ်ရှားရာ နယ်မြေ ဖြစ်ပါတယ်။

Shy V
Video Crd- CJ
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW