ကမ္ဘာ့အညစ်ပတ်ဆုံးလူသား ပထမဆုံးအကြိမ် ရေချိုးသန့်စင်ပြီးနောက် သေဆုံး

တီဟီရန်၊ အောက်တိုဘာ-၂၅-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ သတင်းဌာနတွေက အမည်ပေးကင်ပွန်းတပ်ထားတဲ့ အီရန် အမျိုးသားတဦးဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးရေချိုးသန့်စင်ပြီးနောက် လအနည်းငယ်အကြာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

အမ်မိုဟာဂျီဆိုသူဟာ ဆပ်ပြာနဲ့ရေကိုသုံးစွဲဖို့ ငြင်းဆန်ခဲ့တာဟာ ရာစုနှစ်၀က်ကျော်ရှိနေပြီး ဒီလိုအသုံးပြုရင် ဖျားနာစေမှာကို သူ့အနေနဲ့ စိုးရိမ်ပူပန်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

အီရန်တောင်ပိုင်း ဖားစ်ပြည်နယ်မှာနေထိုင်တဲ့ အဲဒီအမျိုးသားဟာ သူ့ကို သန့်ရှင်းလုပ်ပေးဖို့ ရွာသားတွေရဲ့ ယခင်ကြိုးပမ်းမှုတွေကို ရှောင်ရှားခဲ့သော်လည်း လွန်ခဲ့တဲ့ လအနည်းငယ်က သန့်ရှင်းရေးလုပ်ပေးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒီလိုသန့်ရှင်းရေးလုပ်ခံရပြီးနောက် လအနည်းငယ်အကြာမှာ ဖျားနာပြီးနောက် အောက်တိုဘာ ၂၃ ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အီရန်အာဏာပိုင်တွေက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။

နှစ်ပေါင်းများစွာရေမချိုးတဲ့ အတွက် အိုးမဲရောင်ပေါက်နေတဲ့ အသားအရည်နဲ့ ကွယ်လွန်ချိန်မှာ တွေ့ရှိခဲ့ရပြီး သူစားသုံးတဲ့ အစားအသောက်တွေထဲမှာ ပုပ်ပွနေတဲ့ အသားများ၊ ဆီတိုင်ကီဟောင်းတွေထဲက မသန့်ရှင်းတဲ့ရေတွေကို တွေ့ရှိခဲ့ရကြောင်း အီရန်တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW