အိန္ဒိယမှာ အပူလွန်ကဲမှုတွေကြောင့် သေဆုံးမှုနှုန်း ၅၅ ရာခိုင်နှုန်းတိုးလာ

ဒေလီ၊ အောက်တိုဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ၂၀၀၀-၂၀၀၄ နဲ့ ၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း အပူလွန်ကဲမှုကြောင့် သေဆုံးမှု ၅၅ ရာခိုင်နှုန်းတိုးလာကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတရပ်မှာဖော်ပြထားပါတယ်။

အပူနဲ့ထိတွေ့မှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယပြည်သူတွေရဲ့ အလားအလာရှိတဲ့လုပ်အားနာရီ ၁၆၂ ဒသမ ၂ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ အဲဒီအစီရင်ခံစာကဆိုပါတယ်။

ဒီလိုလုပ်အားအချိန်တွေဆုံးရှုံးမှုကြောင့် နိုင်ငံ ဂျီဒီပီ ၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ၀င်ငွေတွေ ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယနိူင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း ပိုမိုပြင်းထန်တဲ့ အပူလှိုင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံရဲ့ ဒေသအတော်များများမှာ နွေရာသီရောက်တိုင်း အပူလှိုင်းဒဏ်ခံရမြဲဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ အပူလှိုင်းကျရောက်မှုဟာ ပိုမိုကြာမြင့်ပြီး ပိုမိုပြင်းထန်လာပြီး မကြာခဏဖြစ်ပွားလာကြောင်း ကျွမ်းကျင်သူတွေက သတိပေးပြောဆိုပါတယ်။

နိုင်ငံပေါင်း ၁၀၃ နိုင်ငံကို စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသီတွေရဲ့အစီရင်ခံစာမှာတော့ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ မတ်လနဲ့့ ဧပြိလအတွင်းဖြစ်ပွားခဲ့တဲ့ အပူလှိုင်းဟာ ရာသီဥတုဖောက်ပြန်မှုရဲ့ အကျိုးဆက်ကြောင့် အဆ ၃၀ ပိုများခဲ့တယ်လို့ ဆိုပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW