လန်ဒန်၊ အောက်တိုဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ၀န်ကြီးချုပ်လစ်ဇ်ထရပ်နေရာကို ဆက်ခံဖို့အတွက် ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ကွန်ဆာဗေးတစ်ပါတီ၀င်တွေနဲ့အတူ ရွေးကောက်ပွဲမှာအောင့်မြင်ဖို့ အခွင့်အလမ်းကောင်းတွေရှိပြီး ၀န်ကြီးချုပ်အဖြစ် ပြန်လည်တာ၀န်ထမ်းဆောင်နိုင်ဖို့ အခြေအနေကောင်းတွေရှိကြောင်း၊ ဒါပေမယ့် မလုပ်သင့်တာကြောင့် ဒီကိစ္စကို အဆုံးသတ်လိုက်တယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ၀န်ကြီးချုပ် လစ်ဇ်ထရပ်ဟာ ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဘောရစ်ဂျွန်ဆင်အနေနဲ့ တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ အခြေအနေအပေါ် စိတ်၀င်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။ ပါလီမန်မှာ စည်းလုံးညီညွတ်တဲ့ပါတီတရပ်မရှိရင် ထိထိရောက်ရောက်အုပ်ချုပ်နိုင်မှာမဟုတ်ဘူးလို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ လက်ရှိမှာတော့ ဘဏ္ဍာရေး၀န်ကြီးဟောင်း Rishi Sunak နဲ့ အောက်လွှတ်တော်အကြီးအကဲ Penny Mordaunt တို့က ၀န်ကြီးချုပ်နေရာဆက်ခံဖို့အတွက် ပါတီခေါင်းဆောင်နေရာကို ၀င်ရောက်ယှဉ်ပြိုင်မှာလို့ ကြေညာထားပါတယ်။ ပါတီခေါင်းဆောင်မှုနေရာအတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ အောက်လွှတ်တော်ရှိ ကွန်ဆာဗေးတစ်အမတ် ၁၀၀…
Read MoreMonth: October 2022
ရုရှားတိုက်လေယာဉ်တစင်း ဆိုက်ဘေးရီးယားမှာပျက်ကျ ၊ လေယာဉ်မှူးတွေ သေဆုံး
မော်စကို၊ အောက်တိုဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်တပ်က တိုက်လေယာဉ်တစင်းဟာ ဆိုက်ဘေးရီးယားတောင်ပိုင်းရှိ လူနေရပ်ကွက်အတွင်းကို ပျက်ကျခဲ့ကြောင်း ဒေသန္တရတာ၀န်ရှိသူတွေက အောက်တိုဘာ ၂၃ ရက်မှာပြောပါတယ်။ Sukhoi Su-30 အဲဒီတိုက်လေယာဉ်ဟာ Irkutsk မြို့ရှိနှစ်ထပ်တိုက်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးစလုံးသေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်လေယာဉ်ဟာ စမ်းသပ်ပျံသန်းမှုတခုအတွင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ အဲဒီတိုက်လေယာဉ်ဟာ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်ခြင်းရှိမရှိ ရုရှားရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးလျက်ရှိပါတယ်။ ဒါဟာခြောက်ရက်အတွင်း ရုရှားတိုက်လေယာဉ်ပျက်ကျမှု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ယူကရိန်းအနီး Yeysk မြို့က တိုက်ခန်းတွဲတခုပေါ်ကို Sukhoi Su-34 တိုက်လေယာဉ်တစင်းပျက်ကျမှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ Ref: BBC Photo:AP #voiceofmyanmar #VOM #မော်စကို
Read Moreကိုရီးယားနှစ်နိုငံအကြား ရေပိုင်နက်ဖြတ်ကျော်မှုကြောင့် အပြန်အလှန် သတိပေး ပစ်ခတ်မှုဖြစ်ပွား
ဆိုးလ်၊ အောက်တိုဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ကိုရီးယားနှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်ကို အောက်တိုဘာ ၂၄ ရက်မှာ ဖြတ်ကျော်၀င်ရောက်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို သတိပေးပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒေသစံတော်ချိန် ၃ နာရီ ၄၂ မိနစ်မှာ ပင်လယ်ဝါရှိ တောင်ကိုရီးယားပိုင်ကျွန်းတကျွန်းရဲ့ အနောက်မြောက်ဘက် ၂၇ ကီလိုမီတာအကွာမှာ မြောက်ကိုရီးယား ကုန်သင်္ဘောတစင်းက ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်၀င်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားရဲ့ သတိပေးပစ်ခတ်မှုအပြီးမှာ မြောက်ကိုရီးယားကုန်သင်္ဘောဟာ အဲဒီနေရာနေ ထွက်ခွာသွားကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာ တောင်ကိုရီးယားရေတပ်သင်္ဘောတစ်စင်းကလည်း ရေပိုင်နက်ကိုဖြတ်ကျော်မှုကြောင့် မြောက်ကိုရီးယားက နံနက် ၅ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ကိုရီးယားနှစ်နိုင်ငံအကြား ပိုင်းခြားသတ်မှတ်ထားတဲ့ ရေကြောင်းနယ်နိမိတ်ကို…
Read More၆၂ နှစ်မြောက် KIO နေ့အကြိုဖျော်ဖြေဲပွဲ လေယာဥ်နဲ့ဗုံးကျဲခံရပြီး လူ ၁၀ဝ နီးပါး သေဆုံးဖွယ်ရှိ
အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မှော်ပုံကျေးရွာအနီး KIA တပ်မဟာ ၉၊ အနန့်ပါ (A Nang Pa) တပ်စခန်းနေရာမှာ မနေ့ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီဝန်းကျင်က ဖျော်ဖြေရေးပွဲ ကျင်းပပြုလုပ်နေချိန် လေယာဥ်နဲ့ ဗုံးကျဲခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးကာ ၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖားကန့်မြို့ခံ ကချင်လူငယ်တွေဆီက သိရပါတယ်။ ” ၆၂ နှစ်မြောက် KIO နေ့က လာမယ့် ၂၅ ရက်မှာ ကျရောက်မှာဖြစ်တယ် ၊ ကျင်းပနေတာက အကြို ဖျော်ဖြေရေး စတိတ်ရှိုးပွဲဖြစ်တယ် ၊ ည ၈…
Read Moreစျေးအတက်အကျ မှန်းဆရခက်နေတဲ့ ပြည်တွင်း ကားဈေးကွက်
အောက်တိုဘာ ၂၄ – ၂၀၂၂ SN (VOM) လက်ရှိ ပြည်တွင်းကားစျေးကွက်ဟာ ဒေါ်လာဈေးနှုန်း မငြိမ်တာကြောင့် ကားစျေး အတက်အကျ မှန်းဆရခက်နေပြီး အရောင်းအဝယ်လည်း အေးနေတဲ့ အနေအထားပါ။ အခုနှစ် ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းက ပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့လို့ အရောင်းအဝယ်သွက်ခဲ့တဲ့ ကားဈေးကွက်ဟာ ရက်ပိုင်းအတွင်း ကားဈေးပြန်ကျလာသလို ဖြစ်နေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ သီလဝါစက်မှုဇုန်အတွင်းက တိုယိုတာ မော်တော်ကားကုမ္ပဏီကလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထုတ်လုပ်ထားပြီးသား တိုယိုတာ ဟိုင်းလက်စ်ကားတွေကို စထုတ်တော့မယ်လို့ ကြေညာလိုက်တာကြောင့် သိန်း ၁၀၀၀ အပေါ်ကားဈေး ပြန်ကျလာခဲ့တယ်လို့ သိရပါတယ်။ “အတက်ကြမ်းသွားတဲ့ အချိန်တုန်းကတော့ စီးပွားရေးသမားတွေကလည်း အိမ်မှာစီးတဲ့ကားကို ထုတ်ရောင်းကြတယ်။ တချို့ကျတော့လည်း ငွေမပိုက်ရဲကြဘူး။ ရွှေဝယ်တာတို့ ကားဝယ်တာတို့ ဖြစ်ကြတာ။ အဲဒီတော့ ကားအရောင်းအဝယ် လုပ်တဲ့သူကျတော့…
Read Moreအမည်ပျက်စာရင်းကြောင့် မြန်မာ့စီးပွားရေး အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်
အောက်တိုဘာ ၂၃ – ၂၀၂၂ SN (VOM) ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်း အသွင်းခံရခြင်းက မြန်မာ့စီးပွားရေးကို အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တာ၊ ပြုပြင်ပြောင်းလဲမှုမရှိတာတွေကြောင့် အမည်ပျက်စာရင်းသွင်းလိုက်တာ ဖြစ်တယ်လို့ FATF က အောက်တိုဘာ ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ “ဒီအချိန်မှာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေလည်း ခံနေရတဲ့အပြင် ပြည်တွင်းမှာရှိနေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်ဆုတ်ခွာနေတဲ့အချိန်မှာမှ အခုလို အမည်ပျက်စာရင်း အသွင်းခံရတာဟာ မြန်မာ့စီးပွားရေး ဒီ့ထက်ပိုဆိုးဖို့ အပျက်ဘက်ကို ဒီ့ထက်ပိုရောက်ဖို့ ဖန်တီးလိုက်တာပါပဲ။ FATF ရဲ့ ဆုံးဖြတ်ချက်ဟာ ဘုန်းဘုန်းလဲကျနေတဲ့ မြန်မာ့စီးပွားရေးကို လုံးဝနလန်မထူနိုင်အောင် ဖြစ်သွားစေမှာပါ” လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။ FATF ရဲ့ အမည်ပျက်စာရင်းမှာ…
Read Moreတရုတ်ကို မြန်မာ့ပြောင်းတွေ ဆက်လက်တင်ပို့သွားဖို့ ရှိပေမယ့် တောင်သူအချို့ ခက်ခဲနေဆဲ
အောက်တိုဘာ ၂၃ – ၂၀၂၂ SN (VOM) တရုတ်နိုင်ငံကို လက်ရှိမှာ မြန်မာ့ပြောင်း တရားဝင် တင်ပို့နေပြီဖြစ်ရာ နောက်ထပ် တန်ချိန် ၁၀၀၀ ဝန်းကျင် ဆက်လက် တင်ပို့သွားဖို့ ရှိနေပေမယ့် ပြောင်းစိုက်တောင်သူအချို့ကတော့ အခက်အခဲတွေရှိနေသေးတယ်လို့ သိရပါတယ်။ “ပြောင်းဈေးက ကုန်သည်၊ လှောင်လက်တွေအတွက်ပဲ တွက်ချေကိုက်တာပါ။ တောင်သူတွေအတွက်ကတော့ သွင်းအားစုဖိုးတွေ၊ မျိုးစေ့ဖိုးတွေ၊ အလုပ်သမားငှားခတွေနဲ့ ဘာမှမကျန်သလောက်ပါပဲ” လို့ နေပြည်တော်က ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။ ပြောင်းစိုက်တောင်သူတွေအနေနဲ့ အခုနှစ်မှာ ပြောင်းမျိုးစေ့၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အရင်းများပြီး တွက်ချေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာ့ပြောင်းကို လက်ရှိမှာ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်း (Normal Trade)ကနေ တရုတ်ကို ပထမဆုံးအနေနဲ့ တန်ချိန် ၉၀၀ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ “စမ်းသပ်တင်ပို့တာမဟုတ်ဘူး။ တရားဝင်…
Read Moreစစ်ကိုင်းတံတား အစောင့်ကျ ရဲတွေရဲ့ သေနတ် ၂ လက် ပျောက်ဆုံး
အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၂ SP( VOM) မန္တလေးတိုင်း ၊ အမရပူရမြို့ ၊ မြို့နယ်ရဲတပ်ဖွဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ စစ်ကိုင်းတံတား လုံခြုံရေး အစောင့်တာဝန်ကျ ရဲတွေကို ထုတ်ပေးထားတဲ့ သေနတ်တွေထဲက သေနတ် ၂ လက် ပျောက်ဆုံးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” စစ်ကိုင်းတံတားမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတွေရဲ့ သေနတ် ၂ လက်ပျောက်တာဖြစ်တယ် ၊ သေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းထားရာကနေ ပျောက်တယ်လို့ ကနဦး သိရတယ် ၊ စပျောက်တာက အခုလ ၁၈ ရက်နေ့ဖြစ်တယ် ၊ သူ့တို့ဘာသာ အတွင်းရေး ကြိတ်ပြီးရှာနေကြတာ ၊ ပြန်မတွေ့တော့တဲ့အဆုံး ဒီကနေ့မှာ သေနတ် မပျောက်ဘဲ ကျန်နေတဲ့ ရဲတွေက အထက်လူကြီးကို တင်ပြတိုင်တန်းတာဖြစ်တယ် “လို့ စစ်ကိုင်းတံတား ရဲကင်းအဖွဲ့နဲ့ နီးစပ်သူ…
Read Moreမအူပင်မှာ အသက် ၁၈ နှစ်အောက် ၄ ဦးအပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၅၄ ဦးဖမ်းမိ
အောက်တိုဘာ၊ ၂၃-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းကနေ ဝင်လာတဲ့ အသက် ၁၈ နှစ်အောက်နိုင်ငံသား အထောက်အထားမဲ့သူ ၄ ယောက်အပါအဝင် အထောက်အထားမဲ့သူ ၅၄ ယောက်ကို မနေ့ အောက်တိုဘာ ၂၂ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ဖမ်းမိတာပါ ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းမိတာ အားလုံး ၅၄ ယောက်တဲ့ ၊ ကလေး ၄ ယောက်လည်း ပါတယ် ၊ စက်လှေနဲ့ မောင်းလာတဲ့ အချိန် တိုးမြစ်ထဲမှာ ဖမ်းမိတာ ၊ ကိုဗစ်နဲ့အခြား လိုအပ်တာ တွေစစ်ဆေးပြီး ထိန်းသိမ်းထားတယ်လို့သိရတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက VOMကိုပြောပါတယ်။ ဖမ်းဆီးခံရမိတဲ့ အထောက်အထားမဲ့သူတွေမှာ အမျိုးသား ၃၇ ယောက် ၊ အမျိုးသမီး ၁၃…
Read Moreဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အထောက်အထားမဲ့သူ ၁၀၀ ကျော် ဖမ်းဆီးရမိ
အောက်တိုဘာ ၂၁-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဧရာဝတီလမ်းရှိ နေအိမ်တစ်အိမ်မှာ မနေ့ အောက်တိုဘာ ၂၀ရက် ညပိုင်းက အထောက်အထားမဲ့ဝင်ရောက်လာသူ တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” မနေ့ညပိုင်းက စစ်တပ်၊ရဲနဲ့ ထွေ/အုပ်ပါဝင်တဲ့အဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်၊ မိတာ တစ်ရာကျော်တယ် ကားနဲ့ဖုန်းတွေရောသိမ်းသွားတယ်၊ အိမ်ရှင်ရော ယာဥ်မောင်းတွေပါဖမ်းသွားတာ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ကြားတယ်”လို့ ရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၃၉ ဦးဖြစ်ပြီး အိမ်ရှင်နဲ့ယာဥ်မောင်းအပါအဝင် ၄ ဦး စုစုပေါင်း ၁၂၁ ဦးဖမ်းဆီးရမိကာ ကားနှစ်စီးနဲ့ ဖုန်း ၄လုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ ” ရခိုင်ကနေလာတယ် ရန်ကုန်ကိုရောက်တဲ့အချိန် အဖမ်းခံရတာ၊…
Read More