ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား သမ္မတအဖြစ် တကျော့ပြန်ရွေးချယ်ခံရ

ဘရာဆီးလီးယား၊ အောက်တိုဘာ-၃၁-၂၀၂၂
မျိးဆက်(VOM)

ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗားဟာ အောက်တိုဘာ ၃၀ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ လက်ရှိ လက်ယာယိမ်းသမ္မတ ဘော်ဆိုနာရိုကို အနိုင်ရရှိခဲ့ပါတယ်။

နိုင်ငံရေးနယ်ပယ်ရဲ့ ဆန့်ကျင်ဘက်ရပ်တည်ချက်သဘောထားရှိသူနှစ်ဦး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ သမ္မတဟောင်းလူလာက ထောက်ခံမဲအရေအတွက် ၅၀ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

အဲဒီမဲအရေအတွက်ဟာ ထောက်ခံသူတွေက အနိုင်ရရှိလိ်ိမ့်မယ်လို့ ယုံကြည်ခဲ့ကြတဲ့ လက်ရှိသမ္မတ ဘော်ဆိုနာရိုကို အနိုင်ရရှိဖို့ လုံလောက်တဲ့ အရေအတွက်ဖြစ်ပါတယ်။

လူလာရဲ့ အနိုင်ရလဒ်ဟာ ၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံရေးသမားတဦးအတွက် ရင်သပ်ရှု အံ့အားသင့်ဖွယ် တကျော့ပြန်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

သမ္မတဟောင်းလူလာဟာ လာဘ်ပေးလာဘ်ယူမှု စွဲချက်တွေနဲ့ သူ့ရဲ့ပြစ်ဒဏ်ကို မပယ်ဖျက်မီ ရက်ပေါင်း ၅၈၀ တိုင် ထောင်ထဲမှာဖြတ်သန်းခဲ့ရပါတယ်။

မိမိကို နိုင်ငံရေးအရ အရှင်လတ်လတ်မြေမြုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ ဒီနေရာထိရောက်ရှိနေပြီလို့ ရွေးကောက်ပွဲအောင်ပွဲခံမိန့်ခွန်းမှာ လူလာက ပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘရာဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW