ဗြိတိန်မှာ အကြာရှည်ဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရကြောင်း အင်္ဂလန်ဘဏ်သတိပေး

လန်ဒန်၊ အောက်တိုဘာ-၄-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်တွင် ၃၃ နှစ်အတွင်း အတိုးနှုန်းအမြင့်ဆုံးရောက်ရှိနေချိန်မှာ မှတ်တမ်းတွေစတင်ထားရှိချိန်နောက်ပိုင်း အကြာရှည်ဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရကြောင်း အင်္ဂလန်ဘဏ်က နို၀င်ဘာ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။

၂၀၂၅ ခုနှစ်မှာ အလုပ်လက်မဲ့နှုန်း နှစ်ဆနီးပါးတိုးလာပြီး နှစ်နှစ်တာကာလအတွင်း အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အင်္ဂလန်ဘဏ်ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းစစ်ပွဲရဲ့ သက်ရောက်မှုတစိတ်တပိုင်းအဖြစ် စာနပ်ရိက္ခာနဲ့ စွမ်းအင်စျေးနှုန်းတွေ ခုန်တက်သွားခဲ့ပြီး အိမ်ထောင်စုအများအပြားဟာ အကျပ်အတည်းတွေ စီးပွားကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယခုနှစ်ကုန်မှာ ဗြိတိန်ရဲ့စီးပွားရေးကျဆင်းလိမ့်မယ်လို့ အဂ်လန်ဘဏ်က ယခင်ကတည်းက ခန့်မှန်းထားခဲ့ပြီး လာမယ့်နှစ်မှာ အလုံးစုံကျဆင်းမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဗြိတိန်စီးပွားရေးကျဆင်းမှုဟာ အနိမ့်ဆုံးအဆင့်မပေမယ့်လည်း ၁၉၂၀ ပြည့်နှစ်တွေမှာ မှတ်တမ်းတွေ စတင်ခဲ့ပြီးနောက် အရှည်ကြာဆုံးဖြစ်လိမ့်မယ်လို့ အင်္ဂလန်ဘဏ်က သတိပေးပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW