အရှေ့တီမောကို အာဆီယံအဖွဲ့၀င်နိုင်ငံသစ်အဖြစ် မူအားဖြင့် သဘောတူ၊ နောက်ထပ်အစည်းအဝေးတွေမှာ မြန်မာအာဏာပိုင်တွေကို မဖိတ်ဖို့ အင်ဒိုနီးရှားသမ္မတ အဆိုပြု

ဖနွမ်းပင်၊ နို၀င်ဘာ-၁၁-၂၀၂၂
မျိုးဆက်(VOM)

အာဆီယံအဖွဲ့ဟာ အရှေ့တီမော သို့မဟုတ် တီမောလက်စ်နိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့၀င်အဖြစ် အသိအမှတ်ပြုဖို့ မူအားဖြင့် သဘောတူခဲ့ကြောင်း အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက သဘောတူလိုက်တာဖြစ်ပြီး နောက်လာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

တီမောလက်စ်နိုင်ငံကို လက်ရှိမှာ ၁၁ နိုင်ငံမြောက် အဖွဲ့၀င်နိုင်ငံအဖြစ် မူအားဖြင့် သဘောတူခဲ့ပေမယ့် လာမယ့်နှစ်မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အပြည့်အ၀အဖွဲ့၀င်ဖြစ်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တီမော့လက်စ်နိုင်ငံဟာ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံရဲ့ သိမ်းပိုက်မှုကနေ လွတ်လပ်ရေးရဖို့ ၁၉၉၉ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကုလသမဂ္ဂက တရား၀င်အသိအမှတ်ပြုခဲ့ပါတယ်။

လူဦးရေ ၁ ဒသမ ၃ သန်းသာရှိပြီး သယံဇာတပေါကြွယ်၀တဲ့ တီမောလက်စ်နိုင်ငံဟာ အဲဒီနောက်ပိုင်း အာဆီယံအဖွဲ့ထဲကို ၀င်ရောက်ဖို့ လုပ်ငန်းစဉ်တွေ စတင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှသာ အဖွဲ့၀င်ဖြစ်ရေး တရား၀င်လျှောက်ထားခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ ယခင်ကြေညာထားတဲ့အတိုင်း မြန်အာဏာပိုင်တွေလက်က ကိုယ်စားလှယ်တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

အာဆီယံမှာ မြန်မာဘက်က နိုင်ငံရေးသမားမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ တက်ရောက်ဖို့ ဖိတ်ကြားမှုကို ထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးတွေမှာပါ ကျင့်သုံးသင့်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံခေါင်းဆောင်တွေကို အဆိုပြုထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW