ခါဆန်ဒေသမှာ ရုရှားက စစ်ရာဇ၀တ်မှု ၄၀၀ ကျော် ကျူးလွန်ခဲ့ကြောင်း ယူကရိန်းသမ္မတ စွပ်စွဲ

ကိဗ်ယက်၊ နို၀င်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေဆုတ်ခွာသွားတဲ့ ခါဆန်ဒေသမှာ ရုရှားတပ်တွေက စစ်ရာဇ၀တ်မှု ၄၀၀ ကျော်ကျူးလွန်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။

အဲဒီဒေသမှာ ရုရှားတွေသတ်ခဲ့တဲ့ အရပ်သားတွေရဲ့အလောင်းတွေနဲ့ စစ်သားတွေအလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒီစွပ်စွဲချက်တွေကို ဘီဘီစီအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

အရပ်သားတွေအပေါ် ရည်ရွယ်ရှိရှိ တိုက်ခိုက်တာမျိုးမရှိဘူးလို့ ရုရှားဘက်ကလည်း ငြင်းဆိုထားပါတယ်။

ဒီအတောအတွင်း ယူကရိန်းအာဏာပိုင်တွေက အဲဒီဒေသမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ဒေသပြင်ပထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

ယူကရိန်းစစ်ပွဲစတင်ချိန်မှစပြီး ဘူချာ၊ အိုင်ဇီယမ်နဲ့ မာရီယူပိုးအပါအ၀င် ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းဒေသတွေမှာ အစုလိုက်အပြုံလိုက် အလောင်းမြုပ်နှံမှုတွေကို တွေ့ရှိခဲ့ရပြီး ရုရှားတပ်တွေ လုပ်ဆောင်ခဲ့တာလို့ ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။

ယူကရိန်းမှာ စစ်ရာဇ၀တ်မှု ကျူးလွန်တာတွေရှိကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ကျူးကျော်မှုအစမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ရုရှားမှာ တာ၀န်ရှိတယ်လို့ ပြောကြားထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW