မူဆယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ပြည်သူစစ်အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၁၄၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့ခင်း ၁၁ နာရီခန့်က ဗုံးပေါက်ကွဲ မှု ဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “မင်္ဂလာမူဆယ်လမ်းမကြီး၊ မြစ်ရွှေလီ လမ်းမနဲ့ လင်းရောင်ခြည်လမ်းမကြား‌ တို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ၊ ၁၁ ဦး confirm တာ ဟုတ်တယ်။” လို့ နှလုံးလှ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုမှာ အသက် ၅ နှစ်အရွယ် ယောက်ျားကလေး ၁ ဦး အပါအဝင် အမျိုးသား ၈ ဦး နဲ့ အမျိုး သမီး ၃…

Read More

ကျိုက်လတ်မှာ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်မှာပါဝင်တယ်ဆိုပြီး တက္ကသိုလ်ကျောင်းသူ ၂ ဦးအပါအဝင် ဒေသခံ ၃၅ ဦးဖမ်းခံရ

နိုဝင်ဘာ၊၁၄-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ပေါ်က ပျူစောထီး ခေါင်းဆောင်ဆိုသူ သေနတ်နဲ့ အပစ်ခံရတဲ့ ဖြစ်စဉ်မှာပါဝင်တယ်လို့ဆိုပြီး ဒေသခံ တက္ကသိုလ်ကျောင်းသူ ၂ ယောက် အပါအဝင် ဒေသခံ ၃၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ကျိုက်လတ်မြို့၊ ၂၃ လမ်း ၊ စည်းစိမ်ရှင် စားသောက်ဆိုင်အနီးမှာ အမည်မသိ သေနတ်သမားတွေက၊ ပျူစောထီး ခေါင်းဆောင် ခေါလေး ဆိုသူကို သေနတ်နဲ့ပစ်ခတ် ခဲ့တာဖြစ်ပြီး အပစ်ခံရပြီးနောက် နိုဝင်ဘာ ၁၃ ရက်အထိ၊၃ ရက် အတွင်း ၊ တက္ကသိုလ်ကျောင်းသူ ၂ ယောက် အပါအဝင်၊ ဒေသခံ ၃၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ “ အဖမ်းခံရတဲ့ အထဲမှာ…

Read More

ရန်ကုန်အခြေစိုက် ဆန်လုပ်ငန်းကုမ္ပဏီတခုက ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော် မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေ

နိုဝင်ဘာ ၁၄ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ထဲရှိ ဆန်လုပ်ငန်းကုမ္ပဏီတခုက ဆန်ကုန်သည်တွေနဲ့ ရှယ်ယာရှင်တွေကိုပေးရမယ့် ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော်ကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆန်ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။ အဲ့ဒီ့ကုမ္ပဏီဟာ ငွေကြေးအရှုပ်အရှင်းဖြစ်နေခဲ့တာ ကြာပြီဖြစ်တာကြောင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က ကုန်ကြမ်းရောင်းချပေးခြင်းမရှိတော့သည်မှာ တစ်နှစ် နီးပါးရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “လိမ်သွားတဲ့ကုမ္ပဏီက Export,Import လုပ်တဲ့ကုမ္ပဏီ။ သာဓုကန်စက်မှုဇုန်မှာ သူက ဆန်စက် ငှားထားတာရှိတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း ကုန်ကြမ်းတွေလာဝယ်တယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ရောင်းတဲ့သူတွေကို ဆန်ဖိုးတွေမပေးနိုင်လို့ ဒီကလူတွေက မရောင်းတော့ဘူး။ အခုက ကုမ္ပဏီ မလည်ပတ်နိုင်လို့ ဒေဝါလီခံသွားတာ။ ဘုရင့်နောင်ကလူတွေ ပါမသွားဘူး။ မန္တလေးကလူတွေ ရှယ်ယာရှင်တွေပဲ ဆုံးရှုံးကြတာ”လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က ဆန်ကုန်သည်တဦးက ပြောပါတယ်။ အခုလို ကုမ္ပဏီဒေဝါလီခံတာမှာ ဆုံးရှုံးမှုအများဆုံးက မန္တလေး၊ မူဆယ်က လုပ်ငန်းရှင် အများအပြားနဲ့…

Read More

ဧရာ၀တီတိုင်းက တောင်သူတွေကို အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာစိုက်ခိုင်းနေလို့ အခက်အခဲဖြစ်ပေါ်နေ

နိုဝင်ဘာ၊၁၄-၂၀၂၂ မင်းမြတ်(VOM) ဧရာ၀တီတိုင်းမှာ တောင်သူတွေကို အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာစိုက်ခိုင်းပြီး မစိုက်ရင် လယ်သိမ်းမယ်လို့ ပြောဆိုစိုက်ခိုင်းနေတဲ့အတွက် ဒေသခံတောင်သူတွေ အခက်အခဲဖြစ်ပေါ်နေ တယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။ ဒေသခံတောင်သူတွေကို အခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံနေကြာကို အစိုးရရဲ့တာဝန်ပေး စီမံချက်အရ မဖြစ်မနေစိုက်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက အစည်းအဝေးခေါ်ကာ ပြောဆို စိုက်ခိုင်းနေတာဖြစ်ပြီး မစိုက်တဲ့ လယ်မြေကို သိမ်းမယ်လို့ တောင်သူတွေကိုပြောဆိုနေတာလို့ သိရပါတယ်။ ”နေကြာကို မဖြစ်မနေစိုက်ခိုင်းနေတာ ၊ ၁၃ ရက်နေ့က အုပ်ကြီးက အစည်းအဝေးခေါ်ပြီး စိုက်ဖို့ပြောတာ ၊ မစိုက်ရင် လုပ်နေတဲ့လယ်ကို သိမ်းမယ်တဲ့ ၊ နေကြာက နေရာတကာစိုက်လို့ရတာ မဟုတ်ဖူးလို့ တင်ပြခဲ့တော့ စိုက်လို့ မပေါက်ရင် ထပ်စိုက်လို့ပြောတယ် ၊ နေကြာက ကိုယ့်ဒေသရာသီဥတုနဲ့လည်း မကိုက်ညီဘူး ၊ အရင်က…

Read More

ခါဆန်ဒေသမှာ ရုရှားက စစ်ရာဇ၀တ်မှု ၄၀၀ ကျော် ကျူးလွန်ခဲ့ကြောင်း ယူကရိန်းသမ္မတ စွပ်စွဲ

ကိဗ်ယက်၊ နို၀င်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေဆုတ်ခွာသွားတဲ့ ခါဆန်ဒေသမှာ ရုရှားတပ်တွေက စစ်ရာဇ၀တ်မှု ၄၀၀ ကျော်ကျူးလွန်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီဒေသမှာ ရုရှားတွေသတ်ခဲ့တဲ့ အရပ်သားတွေရဲ့အလောင်းတွေနဲ့ စစ်သားတွေအလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒီစွပ်စွဲချက်တွေကို ဘီဘီစီအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အရပ်သားတွေအပေါ် ရည်ရွယ်ရှိရှိ တိုက်ခိုက်တာမျိုးမရှိဘူးလို့ ရုရှားဘက်ကလည်း ငြင်းဆိုထားပါတယ်။ ဒီအတောအတွင်း ယူကရိန်းအာဏာပိုင်တွေက အဲဒီဒေသမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ဒေသပြင်ပထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ ယူကရိန်းစစ်ပွဲစတင်ချိန်မှစပြီး ဘူချာ၊ အိုင်ဇီယမ်နဲ့ မာရီယူပိုးအပါအ၀င် ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းဒေသတွေမှာ အစုလိုက်အပြုံလိုက် အလောင်းမြုပ်နှံမှုတွေကို တွေ့ရှိခဲ့ရပြီး ရုရှားတပ်တွေ လုပ်ဆောင်ခဲ့တာလို့ ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။ ယူကရိန်းမှာ စစ်ရာဇ၀တ်မှု ကျူးလွန်တာတွေရှိကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ကျူးကျော်မှုအစမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ရုရှားမှာ တာ၀န်ရှိတယ်လို့ ပြောကြားထားပါတယ်။ Ref:BBC Photo:Reuters…

Read More

နျူကလီးယားစမ်းသပ်ရင် မြောက်ကိုရီးယားကို ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ အမေရိကန်နဲ့ အာရှမဟာမိတ်တွေ သတိပေး

ဝါရှင်တန်၊ နို၀င်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး နျူကလီးယားစမ်းသပ်မှုပြုလုပ်မယ်ဆိုရင် ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ နို၀င်ဘာ ၁၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်၀န်ကြီးချုပ် ကီရှီဒါနဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်တို့ဟာ နို၀င်ဘာ ၁၃ ရက်ကကျင်းပတေဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ယခုနှစ်အတွင်း မကြုံစဖူး ဒုံးကျည်အများအပြား ပစ်လွှတ်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်အပြင် အခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ခေါင်းဆောင်သုံးဦးက တိုက်တွန်းထားပြီး တကယ်လို့ နျူကလီးယား စမ်းသပ်မှုပြုလုပ်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နျူကလီးယားအရေးအပေါ် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ပြန်လာဖို့ မြောက်ကိုရီးယားကို…

Read More

မြိတ်မြို့က ငါးအမှုန့်အကြိတ်စက်ရုံမှာ အမှုန့်ကြိတ်ကန်ထဲကို လုပ်သား ၆ ယောက် ပြုတ်ကျရာက ၃ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၂ SP(VOM) တနင်္သာရီတိုင်း၊မြိတ်မြို့၊မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်မှာရှိတဲ့ ၊ငါးအမှုန့်ကြိတ်စက်ရုံမှာ မနေ့ နိုဝင်ဘာ ၁၃ ရက်၊ ည ၈ နာရီကျော် ဝန်းကျင်က ငါးအမှုန့်ကြိတ်တဲ့ ကန်ထဲကို လုပ်သား ၆ ယောက် ပြုတ်ကျရာကနေ လုပ်သား ၃ ဦး သေဆုံးပြီး ၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” ငါးအမှုန့်ကြိတ်တဲ့ကန်ထဲက မော်တာခြိမ်းကြိုး ပြတ်သွားလို့ ဆယ်ယူဖို့ ကန်ထဲဆင်းသွားတဲ့ လုပ်သား ၆ ဦးဟာ အောက်စီဂျင်ပြတ်ပြီး ပြုတ်ကျသွားတယ် ၊ အဲ့ဒီ လုပ်သား ၆ ယောက်ထဲက ၃ ဦး သေဆုံးတယ် ၊ ကျန် ၃ ဦးကတော့ ထိခိုက်တာရှိတဲ့အတွက် ဆေးကုသခံနေတယ် “လို့ ဒေသခံ…

Read More

တရုတ်ဘက် တင်ပို့‌နေတဲ့ မြန်မာ့ ဖရဲ ဈေးကောင်း မရသေး

နိုဝင်ဘာ ၁၄၊ ၂၀၂၁ Shy V(VOM) မြန်မာဘက်ခြမ်း မူဆယ်၊ ၁၀၅ မိုင်၊ ကျင်းစန်းကျော့ ကနေတဆင့် တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာ့ ဖရဲဟာ တရုတ်ပြည်မ ဘက်က ဝယ်လက်တွေ မရောက်တာကြောင့် မနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ဈေးကောင်း မရသေးဘူးလို့ နယ်စပ်ကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “မနေ့က ဖရဲဈေး 1 Kg ကို 1.5 ယွမ် နှင့် 2 ယွမ်ကျော် ကြား၊ သခွားမွှေးဈေး ကတော့ 1 Kg ကို 3.5 ယွမ် နဲ့ 5 ယွမ်ကျော်။ ပြည်မကြီး အဝယ်တော်များ ချန်ဟော့်ကွင်းထဲကို မ‌လာကြသေးပါ။” လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် ၁ ဦး ကပြောပါတယ်။…

Read More

အရောင်းအဝယ်အေးပြီး အမြင့်ဈေးမှာရှိနေတဲ့ ပြည်တွင်း အိမ်ခြံမြေဈေးကွက်

နိုဝင်ဘာ ၁၄- ၂၀၂၂ SN (VOM) လက်ရှိ ပြည်တွင်း အိမ်ခြံမြေဈေးကွက်ဟာ ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာတာကြောင့် ပြီးခဲ့တဲ့လတွေကလို ဈေးကွက် လှုပ်ခတ်မှု သိပ်မရှိတော့ဘဲ ဈေးနှုန်းအမြင့်နဲ့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ဩဂုတ်လအတွင်းက အမေရိကန် တဒေါ်လာကို ကျပ် ၄၀၀၀ ကျော်၊ အခေါက်ရွှေ တကျပ်သား ကျပ်သိန်း ၃၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားပြီးတဲ့နောက် အိမ်ခြံမြေတွေအပေါ် ဝယ်ယူစုဆောင်းမှု သိသိသာသာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အမေရိကန်တဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ အခေါက်ရွှေဈေးနှုန်းမှာလည်း တကျပ်သား ကျပ် ၂၆ သိန်းကျော်အထိ ဈေးနှုန်း ပြန်လည်ရောက်ရှိလာပြီးနောက် အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ် ပြန်အေးလာတာ ဖြစ်ပါတယ်။ ဒေါ်လာနဲ့ရွှေဈေးနှုန်း အနည်းငယ် ပြန်လည်တည်ငြိမ်တာကြောင့် ငွေကြေးတတ်နိုင်သူတွေက ရွှေဘက်ကို…

Read More
VOM News

FREE
VIEW