ဂါဇာဒေသရှိ ဒုက္ခသည်စခန်းမှာ ကလေးငယ်တွေအပါအ၀င် ၂၁ ဦး မီလောင်သေဆုံး

ဂါဇာစီးတီး၊ နို၀င်ဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းတခုမှာ နို၀င်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ် ၁၀ ဦးအပါအ၀င် ၂၁ ဦးထက်မနည်း မီးလောင်သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဂျာဘာလီယာဒုက္ခသည်စခန်း မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ဒေသတွင်းဆေးရုံမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဆာလာအဘူလီယာလာက ပြောပါတယ်။ ဂျာဘာလီယာဒုက္ခသည်စခန်းဟာ ဂါဇာဒေသရှိ ဒုက္ခသည်စခန်းရှစ်ခုအနက်မှ တခုဖြစ်ပြီး မီးဖိုချောင်သုံးဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း လုံခြုံရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ကြေကွဲ၀မ်းနည်းဖွယ်ဖြစ်ကြောင်း အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်းသမ္မတ မာမွတ်အဘစ်က ထုတ်ဖော်ပြောဆိုထားပြီး နို၀င်ဘာ ၁၈ ရက်ကို ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့ပါတယ်။ အစ္စရေးကာကွယ်ရေး၀န်ကြီး ဘန်နီဂန့်ဇ်က သူ့ရဲ့တပ်ဖွဲ့၀င်တွေဟာ လူသားချင်းစာနာထောက်ထားမှုအဖြစ် ဒဏ်ရာရရှိသူတွေကို အစ္စရေးဆေးရုံတွေကို ရွှေ့ပြောင်းကုသရာမှာ ကူညီသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:AFP…

Read More

အမေရိကန်ထိရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးပြော

ဆိုးလ်၊ နို၀င်ဘာ-၁၈-၂၀၂၂ မျိူးဆက်(VOM) မြောက်ကိုရီးယားဟာ အမေရိကန်ထိ ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တစင်းကို နို၀င်ဘာ ၁၈ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ တာဝေးပစ်တိုက်ချင်းပစ်ဒုံးကျည်တွေဟာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းအနောက်ဘက် မိုင် ၁၃၀ အကွာရှိ ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ ဒုံးကျည်ဟာ ၆၁၀၀ ကီလိုမီတာအမြင့်ကနေ ကီလိုမီတာ ၁၀၀၀ ထိပျံသန်းခရီးရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်ကာကွယ်ရေး၀န်ကြီး ယာဆူကာဇူဟာမာဒါကတော့ အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀၀၀ (၉၃၂၀ မိုင်)ထိ ပျံသန်းနိုင်စွမ်းရှိပြီး အမေရိကန်ထိ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။ ဒေသတွင်းမှာ အမေရိကန်ကသူ့ရဲ့စစ်အင်အား ခိုင်မာတောင့်တင်းဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ပိုမိုပြင်းထန်စွာ တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီး ချိုဆွန်ဟီက နို၀င်ဘာ ၁၇ ရက်မှာ သတိပေးပြောဆိုထားပါတယ်။…

Read More

ရာအိမ်မှုးပစ်ခတ်ခံရတာနဲ့ ပတ်သက်တယ်ဆိုပြီး ကျောင်းဆရာ အပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံထားရ

နိုဝင်ဘာ ၊ ၁၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် မလော့ရွာအုပ်စုက၊ ရာအိမ်မှူးမြင့်ဇော် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ကျောင်းဆရာတဦး အပါအဝင် ဒေသခံ အယောက် ၃၀ ကျော်ကို သက်ဆိုင်ရာက ဒီလ ၁၅ရက်အတွင်း ဖမ်းဆီးထားတယ်လို့သိရပါတယ်။ မလော့ကျေးရွာအုပ်စု ၊ရာအိမ်မှူး ဦးမြင့်ဇော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ညပိုင်းက နေအိမ်မှာရှိနေတဲ့ အချိန် သေနတ်သမား ၂ ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ ဘိုကလေးမြို့ကုတင် ၁၀၀ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ရာအိမ်မှူး ပစ်ခတ်ခံရတာကြောင့် ဖြစ်စဉ်မှာပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ကျုံစိန်ကျေးရွာမှာ တာဝန်ကျနေတဲ့ မူလတန်းပြ ကျောင်းဆရာ ကိုထွေးလွင် အပါအဝင် ဒေသခံ အယောက် ၃၀ ကျော်ကို သက် ဆိုင်ရာက နိုဝင်ဘာ ၃…

Read More

မန္တလေးမြို့မှာ ပေါက်ကွဲမှုဖြစ်ပွါးပြီး အသက် ၆၀အရွယ် အမျိုးသားတဦး သေဆုံး

နိုဝင်ဘာ ၁၈-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း ၈၅နဲ့၈၆လမ်းကြား၊ မြတောင်ကျောင်းတိုက် တောင်ဘက်အနီးမှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး အနီးနားမှာ ထိုင်နေသူ ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရဲနဲ့နီးစပ်သူတဦးက ” ဒေသန္တရ လက်လုပ်ဗုံးပေါက်တာလို့ ကြားတယ်၊ ဘယ်သူ့ကို လာဖောက်တာလဲတော့ သေချာမသိဘူး အဲ့ဒီနားမှာ တပ်တွေစောင့်တဲ့ လျှပ်စစ်ရုံးတော့ရှိတယ်၊ ဖြစ်တဲ့နားက ကား တစီးထိတယ် အမျိုးသားကြီး တဦးကတော့ သေသွားတယ်၊ ကျန်တာတော့ ဆက်စစ်နေတုန်းလို့ကြားတယ်”လို့ ပြောပါတယ်။ သေဆုံးသွားသူဟာ အသက် ၆၀အရွယ် မဟာအောင်မြေမြို့နယ်မှာနေတဲ့ အမျိုးသားဖြစ်ပြီး ကျောက်အရောင်းအဝယ်လုပ်ကိုင်သူလည်း ဖြစ်တယ်လို့ သိရပါတယ်။ “သူက ကျောက်သမား ဗုံးပေါက်တဲ့နားက သူအမျိုးအိမ် လာချိန် လက်ဖက်ရည်သောက်နေတုန်း မိုင်းကွဲသံကြားတာနဲ့ မတ်တပ်ရပ်လိုက်တာလို့တော့ ပြောတယ်၊ အဲ့ဒီမှာ မိုင်းစက ခေါင်းထိပြီး ဆုံးသွားတာလို့…

Read More

ကုလရာသီဥတုပြောင်းလဲမှု ညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စက်မှုနိုင်ငံတွေအကြား သဘောကွဲလွဲနေ

ကိုင်ရို၊ နို၀င်ဘာ-၁၈-၂၀၂၂ မျိူးဆက်(VOM) ကုလမဂ္ဂက ကမကထပြုကျင်းပတေဲ့ စီအိုပီ၂၇ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာနောက်ဆုံးနေ့မတိုင်မီမှာ ညှိနှို်င်းလုပ်ဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့ အစည်းအဝေးတွင်ပါ၀င်သူတွေကို ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်က နို၀င်ဘာ ၁၇ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ညှိနိူင်းမှုတွေမှာ အကြပ်အတည်းတွေရှိနေပြီး တက်ရောက်လာသူတွေအကြား အရေးပါတဲ့ ကိစ္စရပ်တွေမှာ ကွဲလွဲမှုတွေရှိနေသေးကြောင်း သူက သတင်းထောက်တွေကိုပြောပါတယ်။ အီဂျစ်နိုင်ငံမှာ နို၀င်ဘာ ၆ ရက်ကစတင်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီအိုပီ၂၇ ညီလာခံဟာ နို၀င်ဘာ ၁၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနေတဲ့ ဆုံးရှုံးမှုများအတွက် ငွေကြေးအကူအညီပေးရေးအပေါ် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေအကြား သဘောကွဲလွဲမှုတွေရှိနေပါတယ်။ ကမ္ဘာ့ပျှမ်းမျှအပူချိန်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ ကန့်သတ်ဖို့ ရည်မှန်းချက်အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကာဗွန်ထုတ်လုပ်မှုပမာဏကို လျှော့ချရေးကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက အလေးပေးပြောဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အဆိုပါရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်မယ့်…

Read More

ငွေတန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု အန္တရာယ်

နိုဝင်ဘာ ၁၈ – ၂၀၂၂ SN (VOM) နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်းကို နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးလျော့ကျခြင်းလို့ ခေါ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်းကို ပုံသေ နိုင်ငံခြားငွေလဲနှုန်းစနစ်အတွင်း ငွေတန်ဖိုးလျှော့ချခြင်းလို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ တခြားနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးနဲ့နှိုင်းယှဉ်ရင် မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးမဲ့နေခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ငွေကြေးတန်ဖိုး ကျဆင်းတဲ့အခါ နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းပါတယ်။ အဲ့ဒီ့အချိန်မှာ ပို့ကုန်ဈေးနှုန်း ပိုမိုကြီးမြင့်လာပါတယ်။ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကျဆင်းခြင်းက အဲ့ဒီနိုင်ငံရဲ့ပို့ကုန်တွေ ကမ္ဘာ့ဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်စေပါတယ်။ သို့ပေမယ့်လည်း အမေရိကန်နိုင်ငံအတွင်းကို တင်သွင်းလာတဲ့ သွင်းကုန်တွေရဲ့စရိတ်ကို မြင့်တက်စေတာကြောင့် ငွေတန်ဖိုးကျဆင်းခြင်းက ပို့ကုန်ပမာဏကို တိုးတက်စေပြီး သွင်းကုန်ပမာဏကို လျော့ကျစေပါတယ်။ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအစီရင်ခံစာအရ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အကျပ်အတည်းတရပ် ပေါ် ပေါက်နေသလို အရန်ငွေပမာဏလည်း နည်းပါးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အကျပ်အတည်းတရပ်လို့ ဆိုရာမှာ အခုနှစ်ထဲ…

Read More

ရခိုင်တပြည်နယ်လုံး အကျဥ်းသား ၁၉၄ ဦး လွတ်ငြိမ်းခွင့်ရပြီး နိုင်ငံရေးအမှုတွေမပါဝင်

နိုဝင်ဘာ ၁၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်းက ခရိုင်ရုံးစိုက်ရာ မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဘူးသီးတောင် စတဲ့ အကျဥ်းထောင်တွေကနေ အကျဥ်းသားပေါင်း ၁၉၄ ဦးဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် အမျိုးသားနေ့မှာ လွတ်မြောက်လာတာဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဥ်းကျနေသူတွေမပါဝင်ဘူးလို့ သိရပါတယ်။ လွတ်မြောက်လာတဲ့ထဲမှာ စစ်တွေအကျဥ်းထောင်က ၇၁ ဦး၊ သံတွဲအကျဥ်းထောင်က ၇၆ ဦး၊ ကျောက်ဖြူအကျဥ်းထောင်က ၃၁ ဦးနဲ့ ဘူးသီးတောင်အကျဥ်းထောင်က ၁၆ ဦးနဲ့ အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ စစ်တွေအကျဥ်းထောင်တာဝန်ရှိသူတဦးက “စစ်တွေထောင်ကနေ အားလုံး ၇၁ ယောက်လွတ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၆၂ ဦးပါဝင်ပါတယ်။ ” လို့ ပြောပါတယ်။ အခုလို လွတ်ငြိမ်းခွင့်နဲ့ အကျဥ်းသားတွေ ပြန်လွတ်လာတဲ့အထဲမှာ…

Read More
VOM News

FREE
VIEW