ပုလောမြို့နယ်မှာ ကား ၂ စီး ပစ်ခတ်ခံရလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ ၊ ယောဂီ ၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၃-၂၀၂၂
SP (VOM)

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် ၊ ကဒဲကျေးရွာအနီး ၊ရေး – မြိတ် – ထားဝယ် ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၂၂ ရက် ညပိုင်းက သဘာဝတရားရိပ်သာ ဆရာတော်လိုက်ပါလာတဲ့ ကား ၂ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ ဘုန်းကြီးတပါးနဲ့ ယောဂီတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောမြို့ခံ သံဃာ့ဝေယျဝစ္စ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” သဘာဝတရားရိပ်သာ ဆရာတော် ဥူး ဥတ္တမသာရ ရဲ့ ရနောင်းနယ်စပ် သာဿနာပြုခရီးစဥ်ကို ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ရနောင်း ကနေ မလေးရှာနိုင်ငံအထိလို့ သိရတယ် ၊ အဲ့ဒီ ခရီးစဥ်ကို ကား ၂ စီး နဲ့ ကြွလာတဲ့အခါ ညက မှားယွင်းပစ်ခတ်ခံရတယ် ၊ ရှေ့ကားမှာ လိုက်ပါလာတဲ့ ဦးပဇင်း ဇနက္က ကျည်ဆံထိမှန်ပြီး ပျံလွန်တော်မူတယ် ၊ ကားပေါ်ပါ သီလရှင်ဆရာကြီး ၁ ပါး နဲ့ ယောဂီ ၂ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ကျည်ဆံထိမှန် ပျံလွန်တော်မူခဲ့တဲ့ ဦးပဇင်း ဇနက္ကကိုယ် ဒီကနေ့ပဲ သဂြိုလ်လိုက်တယ် “လို့ ပုလောဒေသခံ ဘုန်းကြီးတပါးက မိန့်ပါတယ်။

အဲ့ဒီခရီးစဥ်မှာလိုက်ပါလာတဲ့ မြဝတီမြို့ခံ ယောဂီ တယောက်က” ဆရာတော်ရဲ့ သာဿနာပြုခရီးစဥ်က တနင်္သာရီတိုင်းမှာ တရားရိပ်သာတွေ အသစ်တိုးချဲ့ဖို့ ၊ ဆေးရုံတွေ တည်ဆောက်ဖို့ နဲ့ သာသနာပြုရှာဖွေကယ်ဆယ်ရေးစင်တာတွေ ဖွင့်နိုင်ဖို့ သွားရောက်တဲ့ ခရီးစဥ်ဖြစ်တယ် ၊ ဆရာတော် ဥူး ဥတ္တမသာရ ကတော့ ရနောင်းကနေ ဘန်ကောက် ၊ ဘန်ကောက်ကနေ မြဝတီဘက်ကို ပြန်ကြွသွားပြီ “လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တာဖြစ်ပြီး ၊ ပစ်ခတ်ခံရပြီးနောက် ကားပေါ်မှာပါလာတဲ့ ပစ္စည်းတွေကို မွှေနောက်ရှာဖွေပြီး ပစ္စည်းတချို့ ယူသွားတယ်လို့ ယောဂီတွေဆီက သိရပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

#voiceofmyanmar #VOM #ပုလော

Related posts

Leave a Comment

VOM News

FREE
VIEW