ကပ်ရောဂါစတင်ပြီးနောက်ပိုင်း တရုတ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်နေ

ပေကျင်း၊ နို၀င်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့သုံးနှစ်နီးပါးကာလက ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း နို၀င်ဘာ ၂၃ ရက်မှာ ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း တရုတ်အစိုးရရဲ့ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေ ဖော်ပြထားပါတယ်။

နို၀င်ဘာ ၂၃ ရက်မှာ ရောဂါကူးစက်မှုအရေအတွက်ဟာ ၃၁၄၄၄ ဦးရှိခဲ့ပြီး သူတို့ထဲက ၃၉၂၇ ဦးက ရောဂါလက္ခဏာပြသပြီး ၂၇၅၁၇ ဦးမှာ ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက နို၀င်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကူးစက်ခံရသူတွေထဲမှာ ပြည်ပကနေ၀င်ရောက်လာသူတွေ ကူးစက်မှုအရေအတွက်မပါ၀င်ပါဘူး။ အဲဒီအရေအတွက်ဟာ ဧပြီလတွင်းက ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၉၃၁၇ ဦးထက် စံချိန်တင်ကျော်လွန်သွားတာဖြစ်ပါတယ်။

မြို့တော်ပေကျင်းမှာ နိုင်၀င်ဘာ ၂၃ ရက်မှာ ရောဂါလက္ခဏာပြသတဲ့ ကူးစက်မှု ၅၀၉ ခုနဲ့ ရောဂါလက္ခဏာမပြသတဲ့ ကူးစက်မှု ၁၁၃၉ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

လူဦးရေ ၁၉ သန်းနေထိုင်တဲ့ ကွမ်ကျိုးမှာလည်း နို၀င်ဘာ ၂၃ ရက်မှာ ရောဂါကူးစက်မှုသစ် ၇၅၀၀ ကျော်ရှိနေတဲ့ တရုတ်နိုင်ငံဟာ ကိုဗစ်လုံး၀ကူးစက်မှုမရှိစေရေး မူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး တင်းကြပ်တဲ့ ကန့်သန့်ချက်တွေအပေါ် ပြည်သူတွေမကျေနပ်ချက်တွေတိုးပွားနေပါတယ်။

Ref Reuters
#voiceofmyanmar #VOM #တရုတ်မှာကိုဗစ်-၁၉ရောဂါကူးစက်မှုစံချိန်တင်နေ

Related posts

Leave a Comment

VOM News

FREE
VIEW