မလေးရှား၀န်ကြီးချုပ်သစ်အဖြစ် အတိုက်အခံဝါရင့်နိုင်ငံရေးသမား အန်ဝါအီဘရာဟင် ခန့်အပ်ခံရ

ကွာလာလမ်ပူ၊ နို၀င်ဘာ-၂၅-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်အတန်ကြာချိန်ထိ နိုင်ငံရေးအကြပ် ရိုက်နေခဲ့ပြီးနောက်မှာ ဝါရင့်အတိုက်အခံနိုင်ငံရေးသမား အန်ဝါအီဗရာဟင်ကို ၀န်ကြီးချုပ်အဖြစ် နို၀င်ဘာ ၂၄ ရက်မျာ ခန့်အပ်လိုက်ပြီး နို၀င်ဘာ ၂၄ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ရွေကောက်ပွဲမှာ မစ္စတာအန်ဝါနဲ့ ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယက်ယာဆင်တို့ဟာ အစိုးရဖွဲ့ဖို့အတွက် လိုအပ်တဲ့ အများစုအနိုင်ရရှိခြင်းမရှိခဲ့တာကြောင့် ၀န်ကြီးချုပ်သစ်ကို မလေးရှားဘုရင် ဆူလ်တန်အဗ္ဗဒူလာက ရွေးချယ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

မလေးရှားတော်၀င်နန်းတော်ရဲ့ သဘောထားအမြင်တွေကို ထည့်သွင်းစဉ်းစားပြီးနောက်မှာ မလေးရှားဘုရင်သဟာ အန်ဝါအီဘရာဟင်ကို မလေးရှားနိုင်ငံရဲ့ ၁၀ ဦးမြောက်၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သဘောတူခဲ့ကြောင်း ဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၀န်ကြီးချုပ်အဖြစ်ရရှိသော လုပ်ခလစာကို စွန့်လွှတ်မှာဖြစ်ပြီး အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ကာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးဖို့ အဓိကအာရုံစိုက်သွားမယ်လို့ ၀န်ကြီးချုပ်သစ် အန်ဝါအီဘရာဟင်က ကတိပြုပြောဆိုပါတယ်။

အသက် ၇၅ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မစ္စတာအန်ဝါဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ ဒုတိယ၀န်ကြီးချုပ်အဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၀န်ကြီးချုပ် မဟသီယာမိုဟာမက်နေရာမှာ ဆက်ခံဖို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံရသူတဦးလည်းဖြစ်ပါတယ်။

Ref; BBC
Photo:AFP
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW