တရုတ်မှာ ကိုဗစ်ကန့်သတ်ချက်ဆန့်ကျင်းရေးဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် မြို့ကြီးတွေမှာ လုံခြုံတပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်ထားရ

ပေကျင်း ၊ နိုဝင်ဘာ -၂၉-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုဂ်ငံမှာ ကိုဗစ်ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်ချထားနေရပါတယ်။

မြို့အများအပြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထူထပ်စွာ ရှိနေပြီး အချို့သော စုဝေးမှုတွေကို နှိမ်နှင်းခြင်း သို့မဟုတ် အချို့ကတော့စုဝေးဖို့အစီအစဥ်တွေ ပျက်ပြားခဲ့ရပါတယ်။

ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေကြောင့် လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေကိုရှာဖွေမှုတွေနဲ့ စစ်ဆေးမေးမြန်းမှုတွေကို အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံအပြင် နိုင်ငံရပ်ခြားရှိ တရုတ်တွေဟာလည်း ကမ္ဘာတစ်ဝှမ်းရှိ အနည်းဆုံး မြို့တဒါဇင်မှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်း Urumqi ရှိ အထပ်မြင့်တိုက်ခန်းတွဲတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန္ဒပြမှုတွေ ကြီးထွားလာခဲ့တာဖြစ်ပါတယ်။

လူထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ကိုဗစ်ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပြီး အချို့ကတော့ ရှီကျင်းပင်နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW