တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

ပေကျင်း၊ နို၀င်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ အသက် ၉၆ နှစ်အရွယ် နို၀င်ဘာ ၃၀ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

သမ္မတဟောင်း ကျန်ဇီမင်းဟာ နို၀င်ဘာ ၃၀ ရက် မွန်းတည့်မှာ ကွယ်လွန်သွားကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

သူဟာ မကြာသေးမီဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံသမိုင်းမှာ အဓိကကျတဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှန်အဟုန်အမြင့်ဆုံးအချိန်မှာ နိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ငြိမ်းချမ်းစွာလွှဲပြောင်းမှုကို ကြီးကြပ်ခဲ့ပေမယ့်လည်း ၁၉၉၉ ခုနှစ်မှာ ဖာလွန်ဂေါ ဘာသာရေးဂိုဏ်းကို အပြင်းအထန်ဖြိုခွင်းမှုကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ဒီကိစ္စကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထားတင်းမာသူနဲ့ ပြုပြင်ပြောင်းးလဲရေးသမားတွေအကြား ခါးသီးတဲ့ အာဏာလွန်ဆွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ ပေကျင်းမှာ တီအန်မင်ရင်ပြင် အရေးအခင်းဖြစ်ပြီးနောက် ကျန်ဇီမင်းဟာအာဏာရရှိခဲ့ပြီး ဒီအရေးအခင်းကြောင့် တရုတ်နိုင်ငံကို နိုင်ငံတကာက ဝိုင်းပယ်ခဲ့ကြပါတယ်။

Ref; BBC
Photo: AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW