ခရမ်းမှာ အကြမ်းဖက်ဥပဒေနဲ့ မူလတန်းပြကျောင်း ဆရာ ၁ဦးထောင်ဒဏ် ၁၀ နှစ်ချခံရ

ဒီဇင်ဘာ၊ ၅-၂၀၂၂
MM(VOM)

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က ကျောင်းဆရာ ၁ ယောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီစပ်သူဆီကနေ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာမှာ အရင်က ခရမ်းမြို့နယ် အ.ထ.က(ခွဲ) ကံဟောင်းကျေးရွာကျောင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ မူလတန်းပြဆရာ ဦးထက်မြက်အောင်ဖြစ်တယ်လို့ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းဆရာ ဦးထက်မြက်အောင်ကို CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ဒီနှစ် ဖေဖော်ဝါရီ၂၃ ရက်နေ့က နေအိမ်မှာ ရှိနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

‘’ ထောင်ထဲမှ ၁၁ လကျော်နေပြီးမှ အမိန့်ချခံရတာ ၊ မနေ့က တရားရုံးက အမိန့်ချတာ ၊ အကြဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ချတာ ၊ CDM လှုပ်ရှားမှုမှာပါတယ်ဆိုပြီး အဖမ်းခံခဲ့ရတာ ၊ ဘာလို့ အကြမ်းဖက်ဥပဒေနဲ့ ထောင်ချခံရတာလည်းဆိုတာ နားမလည်တော့ဘူး၊ ကျောင်းဆရာဆိုပေမယ့် မိသားစုက နွမ်းပါးတဲ့သူတွေဆိုတော့ ဖိနှိပ်ခံရတာတွေရှိတယ် ။”လို့ နီးစပ်သူတဦးကပြောပါတယ်။

ခရမ်းမြို့နယ်မှာ နိုင်ငံရေး ပြောင်းလဲတဲ့ ဖြစ်စဉ်တွေ ဖြစ်ပြီးတဲ့နောက် ဆန္ဒပြရာမှာပါဝင်လို့ ဆိုကာ ကျောင်းဆရာ ၊ ဆရာမတွေ ၊ တတ်ကြွလှုပ်ရှားသူတွေ ၊ စေတနာ့ ဝန်ထမ်းတွေ ၊ ပါတီဝင်တွေ ၊ လွှတ်တော်ကိုယ်စားလှယ် တွေ ၊ ဒေသခံတွေ အယောက် ၆၀၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ခရမ်း

Related posts

Leave a Comment

VOM News

FREE
VIEW