တရုတ်စစ်လေယာဉ် ၃၉ စင်းနဲ့ စစ်သင်္ဘောတွေ ထိုင်၀မ်အနီးဖြတ်သန်း

တိုင်ပေ၊ ဒီဇင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်၀မ်ကျွန်းတဝိုက်မှာ တရုတ်စစ်လေယာဉ် ၃၉ စင်းနဲ့ စစ်သင်္ဘောသုံးစင်းတို့ကို တွေ့ရှိခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

စစ်လေယာဉ်တွေထဲက မောင်းသူမဲ့လေယာဉ်တစင်းဟာ ထိုင်၀မ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်သန်းပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိတ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေနဲ့ ဝိုင်-၂၀ ဆီဖြည့်လေယာဉ်တွေအပါအ၀င် စစ်လေယာဉ်တွေဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန် အလယ်မျဉ်းရဲ့ တောင်ဘက်မှ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

အချိူ့လေယာဉ်တွေဟာ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကြားရှိ ဘာရှီရေလက်ကြားကို ဖြတ်သန်းသွားပြီးနောက် ပစိဖိတ်ခြမ်းရှိ ထိုင်၀မ်အရှေ့တောင်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို ပျံသန်းသွားတယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

လက်ရှိမှာ တရုတ်လေယာဉ်တင်သင်္ဘော ရှောင်နင်းဟာလည်း ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုအနီးရှိ ပစိဖိတ်သမုဒ္ဒရာထဲကိုရောက်ရှိနေပြီး ရုရှားနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW