မုံးကိုးမြို့နယ်ခွဲမှာ နစကတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွား

ဒီဇင်ဘာ ၂၂၊ ၂၂
Shy V

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုး မြို့နယ်ခွဲ၊ ဝိန်းဆိုင်ကျေးရွာအုပ်စု၊ မုံးပေါ်ဒေသ စမာနဲ့ ဟူဘန် ရွာတွေဘက်မှာ မနေ့ ဒီ ဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်ကစပြီး ညနေ ၃ နာရီကျော်ခန့်အထိ စစ်တပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“၂ နာရီ ဝန်းကျင်မှာ။ ၁ နာရီ ကျော် လောက်ကတည်းကတောင် ပြောလို့ ရတယ်။ ညနေ ပိုင်း ၃ နာရီ ကျော် အထိ။” လီု့ ဒေသခံ တဦး က ပြောပါတယ်။

လက်နက်ကြီးတွေက မုံးကိုး ဗျူဟာဘက်ကနေ ၁၀ ကြိမ် ခန့်၊ ယိမ်းခိုင်းဘက်ကနေပါ အမြောက်သေးနဲ့ ၃ ကြိမ်ခန့် နဲ့ လက်နက်သေးတွေရော အလှန် ပစ်ကြတယ်လို့ ဆိုပါတယ်။

“အလုပ်လုပ်တဲ့ နေရာနား တိုက်ပွဲ ဖြစ်လာလို့ ဆိုင်ကယ်တွေတောင်း မမောင်းယူ နိုင်ဘူး။ ထွက်ပြေးလာတာ။” လို့ ကြံ တောင်သူ ၁ ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲ ဖြစ်ရာ အနီးက စမာနဲ့ ဟူဘန်ရွာ က ရွာခံတွေ တိုက်ပွဲ ရှောင်‌နေရတယ် လို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် လူ အထိအခိုက် တော့ မရှိပေမယ့် ဝိန်းဆိုင် ရွာထဲ နေအိမ် တလုံး လက်နက်ကြီးကျည်ထိမှန် ပျက်စီးတာ ရှိသလို စမာနဲ့ ဟူဘန်ရွာဘက်က နေအိမ်တွေ လည်း နေအိမ် ထိခိုက်ထားတာ ရှိပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ် ဒေသခံ တွေ ကြံခုတ်၊ တရုတ်ဘက် တင်ပို့ နေကြရချိန် ဖြစ်တာကြောင့် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

အခု ဒီဇင်ဘာလအတွင်း အဲဒီဒေသမှာတိုက်ပွဲ ဖြစ်ပွားတာ မရှိခဲ့ပေမယ့် မနေ့ကတော့ စစ်တပ်ဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာကာ တ်ိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီး ခုလ လဆန်းပိုင်းမှာတော့ စစ်တပ်ဘက်က ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပါသေးတယ်။

#voiceofmyanmar #VOM #MNDAA
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW