သရက် GTI က ကျောင်းသူ ၂ယောက်နဲ့ ကျောင်းသား ၁ယောက် ရေကူးရာကနေ ရေနစ်သေဆုံး

ဒီဇင်ဘာ ၂၂-၂၀၂၂
GG(VOM)

မကွေးတိုင်း ၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာမြောက်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ GTI က ကျောင်းသား ၃ ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဒီဇင်ဘာ၂၂ ရက်နေ့ ၊ နေ့လယ်၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းသားအဖွဲ့လိုက် ရေကူးစဥ်ရေနစ်သေဆုံးကြတာဖြစ်တယ်လို့ သိရပါတယ်။

” သေတာ မိန်းကလေးက၂ယောက်၊ယောကျ်ားလေးက ၁ယောက်ပါ။ ကျောင်းသားအဖွဲ့က အားလုံး၈ယောက်၊သူတို့က စျေးရပ်ကွက် ပဲ့ထောင်ဆိပ်မှာ ဆိုင်ကယ်တွေထားပြီး စက်လှေငှား ရေကူးကြတာမှာ ကောင်မလေးတယောက် ရေအရင်နစ်တယ်။အဲ့ဒါကို နောက်ကောင်လေးက ဆင်းကယ်တော့သူပါနစ်၊နောက်တယောက်ထပ်ကယ်တော့ အဲ့ဒီကလေးမပါ ထပ်နစ်ပြီးသေသွားကြတာ “လို့ သရက်ဒေသခံပရဟိတသမားတဦးကပြောပြပါတယ်။

သေဆုံးကျောင်းသားတွေက မချောသရဖူစိုး ၊
မောင်သီဟစိုး နဲ့ မမေမြတ်နိုးဝေဆိုသူတို့ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်အလောင်းတွေကို သရက်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သရက်

Related posts

Leave a Comment

VOM News

FREE
VIEW