အာရှဒေသရဲ့ အလိုအရှိဆုံး မူးယစ်ရာဇာ သြစတြေးလျမှာ တသက်တကျွန်း ကျခံရဖွယ်ရှိနေ

မဲလ်ဘုန်း၊ ဒီဇင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

အာရှရဲ့ အယ်လ်ချာပိုလို့ သတ်မှတ်ခံထားရတဲ့ အလိုအရှိဆုံး မူးယစ်ရာဇာ ဆီချီလော့ပ်ကို သြစတြေးလျနိုင်ငံကို လွှဲပြောင်းလိုက်ပြီး သူဟာ စွဲချက်များစွာနဲ့အတူ ထောင်ဒဏ်တသက်တကျွန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၂၂ ရက်မှာပြောပါတယ်။

သူဟာ ဂျပန်ကနေ နယူးဇီလန်ထိ အာရှ-ပစိဖိတ်ဒေသရှိ နို်င်ငံအများအပြားမှာ ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှုကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။

မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုနဲ့ကာလရှည်ကြာနှိုင်းယှဉ် သတ်မှတ်ခံထားရတဲ့ အာရှမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဆီချီလော့ပ်ကို နယ်သာလန်လေဆိပ်မှာ နိုင်ငံတကာရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးခဲ့ပါတယ်။

နှစ်နှစ်နီးပါးကြာပြီးနောက်မှာ သူ့ကိုသြစတြေးလျသို့ လွှဲပြောင်းခဲ့ပြီးသူဟာ ဒေသဆိုင်ရာ တရားရုံးမှာ တရားရင်ဆိုင်ရမှာဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သြစတြေးလျရဲတပ်ဖွဲ့ဟာ သူ့ကိုကိုဖမ်းဆီးဖို့ ဆယ်စုနှစ်တခုကျော်ကြာ ကြိုးစားခဲ့ပြီး သူဖြန့်ဖြူးတဲ့မူးယစ်ဆေးဝါးအများစုဟာ ဆစ်ဒနီနဲ့မဲလ်ဘုန်းမြို့တွေဆီ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Australian Federal Police
#voiceofmyanmar #VOM #မဲလ်ဘုန်း

Related posts

Leave a Comment

VOM News

FREE
VIEW