မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေး၀န်ကြီးအချို့ ဘန်ကောက်မှာ အလွတ်သဘော ဆွေးနွေး

ဘန်ကောက်၊ ဒီဇင်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

အာဆီယံအဖွဲ့၀င်နိုင်ငံအချို့မှ နိုင်ငံခြားရေး၀န်ကြီးတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်တပ်က ကိုယ်စားလှယ်တဦးပါ၀င်ခဲ့ပြီး ဆွေးနွေးပွဲကို ထိုင်နိုင်ငံက ဦးဆောင်ပြီး ကမကထပြုကျင်းပခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်လည်း တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်သူတွေအနေနဲ့မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုကို ဘယ်လိုအရှိန်မြှင့်မလဲဆိုတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ကြောင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီယားက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

အဲဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးတွေ တက်ရောက်ခဲ့ကြပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ အခြားအာဆီယံနိုင်ငံတွေ တက်ရောက်ခြင်းမရှိပါဘူး။

အခုလိုအလွတ်သဘော ဆွေးနွေးမှုဟာ လွတ်လပ်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပါ၀င်တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW