ကမ္ဘာ့ဖလား သုံးကြိမ်ရဖူးတဲ့ ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်

ဘရာဆီးလီးယား၊ ဒီဇင်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ အသက် ၈၂ နှစ်ဟာ မနေ့ ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ပီလီဟာ ဘရာဇီးအတွက် နိုင်ငံတကာပွဲပေါင်း ၉၂ ပွဲမှာ ၇၇ ဂိုးအပါအ၀င် ကစားသမားဘ၀ ၂၁ တာကာလအတွင်းမှာ ပွဲပေါင်း ၁၃၆၃ ပွဲကစားခဲ့ပြီး ၁၂၈၁ ဂိုးသွင်းယူကာ ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉၅၈ ၊ ၁၉၆၂ ၊ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုဖလားသုံးကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ တဦးတည်းသော ကစားသမားဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဖီဖာရဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မကြာသေးမီနှစ်တွေအတွင်း သူဟာ ကျောက်ကပ်နဲ့ ဆီးကျိတ်ရောဂါ ခံစားနေခဲ့ရပြီး ၂၀၂၁ ခုနှစ်စက်တင်ဘာလမှာတော့ ဆော်ပေါ်လိုရှိဆေးရုံမှာ အူမကြီးအကျိတ်ကို ခွဲစိတ်မှုခံယူခဲ့ရပါသေးတယ်။

သူဟာ ထာ၀ရအကောင်းဆုံး ကစားသမားအဖြစ် ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုထုတ်ပြန်ထားပြီး ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကတော့ ပီလီကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ် သုံးရက်တာ ကြေညာထားပါတယ်။

ပီလီဟာ အသက် ၁၇ နှစ်အရွယ်မှာ ဘရာဇီးအသင်းကို ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာကျော် ဘောလုံကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စျာပဏကိုတော့ ဒီဇင်ဘာ ၃ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဘရာဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW