တိုင်ပေ၊ ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်၀မ်ကျွန်းတဝိုက်မှာ တရုတ်စစ်လေယာဉ် ၃၉ စင်းနဲ့ စစ်သင်္ဘောသုံးစင်းတို့ကို တွေ့ရှိခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ စစ်လေယာဉ်တွေထဲက မောင်းသူမဲ့လေယာဉ်တစင်းဟာ ထိုင်၀မ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်သန်းပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိတ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေနဲ့ ဝိုင်-၂၀ ဆီဖြည့်လေယာဉ်တွေအပါအ၀င် စစ်လေယာဉ်တွေဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန် အလယ်မျဉ်းရဲ့ တောင်ဘက်မှ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ အချိူ့လေယာဉ်တွေဟာ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကြားရှိ ဘာရှီရေလက်ကြားကို ဖြတ်သန်းသွားပြီးနောက် ပစိဖိတ်ခြမ်းရှိ ထိုင်၀မ်အရှေ့တောင်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို ပျံသန်းသွားတယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာ တရုတ်လေယာဉ်တင်သင်္ဘော ရှောင်နင်းဟာလည်း ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုအနီးရှိ ပစိဖိတ်သမုဒ္ဒရာထဲကိုရောက်ရှိနေပြီး ရုရှားနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ Ref: NHK Photo:AP…
Read MoreMonth: December 2022
ဂမ်ဘီယာနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွား
ဘန်ဂျူလ် ၊ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ဂမ်ဘီယာအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန်ကြံစည်မှုကို တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ဂမ်ဘီယာအစိုးရက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းဖို့ကြံစည်တဲ့ စစ်သားလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကြံရာပါသုံးဦးကတော့ ထွက်ပြေးလွတ်မြောက်နေကြောင်း ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းထပ်မံအနိုင်ရရှိခဲ့တဲ့ သမ္မတအက်ဒါမာဘောရိုးကိုဖြုတ်ချဖို့ ဒီဇင်ဘာ ၂၀ ရက်က ကြံစည်မှုရဲ့နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်တယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ လက်ရှိချိန်ထိ မြို့တော်ဘန်ဂျူလ်မှာ အခြေအနေအေးဆေးတည်ငြိမ်နေပြီး သေနတ်သံတွေလဲမကြားရသလို မဟာဗျူဟာမြောက်နေရာတွေမှာ လုံခြုံရေးအတွက် သစ္စာခံတပ်တွေ ဖြန့်ကြက်ချထားတဲ့ အရိပ်အယောင်လည်းမရှိပါဘူး။ ဒါပေမယ့် အရန်တပ်တွေကို အသင့်ပြင်ထားကြောင်း နဲ့အခြေအနေအားလုံး ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံတွင်းရှိ ကမ်းခြေတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြောင့် အားလပ်ရက်ခရီးသွားတွေအကြား ရေပန်းစားပြီး နိုင်ငံရေးတည်ငြိမ်တဲ့ အနောက်အာဖရိကရှိ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar…
Read Moreခရစ်စမတ် နဲ့ နှစ်ကူး အားလပ်ရက်အတွက် ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ဟိုတယ် ကြိုတင်မှာယူတဲ့သူ များပြားနေ
ဒီဇင်ဘာ၊ ၂၂-၂၀၂၂ MM(VOM) ခရစ်စမတ် နဲ့ New Year အားလပ်ရက်တွေအတွက် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင် မှာယူတာတွေများပြားနေတယ်လို့ သိရပါတယ်။ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းအသင်းတာဝန်ရှိသူ တဦးကပြောပါတယ်။ “ခရစ်စမတ်နဲ့ New Year အတွက်က ဟိုတယ်တွေ မှာ ဘိုကင်တွေပြည့်နေပြီ ၊ Back Side အားလုံး လောလောဆယ်မှာဆို ၉၀ ရာခိုင်နူန်းလောက်ပြည့်နေပြီ ၊ ဒီကနေ့လည်း ဧည့်သည်တွေရှိတယ် စနေ၊ တနင်္ဂနွေဆို ပိုများမှာ သေချာတယ် ၊ လက်ရှိ ကမ်းခြေတွေကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ပြန်ဖွင့်ထားတာ၊ ဘိုကင်တွေကို ရန်ကုန်ဘက်က ယူထားတာများတယ်တဲ့…
Read More(၇၄)နှစ်အတွင်းပထမဆုံးအဖြစ် မြန်မာ့အရေးဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ ချမှတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို
ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံအပေါ် ၇၄ နှစ်ကာလအတွင်း ပထမဆုံးသောဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ချမှတ်လိုက်ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဗြိတိန်ကတင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက်မုကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့၀င် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပြီး ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က မဲမပေးခဲ့ဘဲ ကျန်တဲ့အဖွဲ့၀င် ၁၂ နိုင်ငံ ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကို အပြည့်အ၀အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့ ဗြိတိန်ကတင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုပြီးနောက် ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်က ပြောပါတယ်။ မြန်မာ့အရေးကို အလျင်အမြန်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ပြသနာပြေလည်ရေးဟာ မြန်မာနိုင်ငံအပေါ်မှာသာ မူတည်ကြောင်း၊ မြန်မာ့အရေးကို အခုလို ဆုံးဖြတ်ချက်ချတာထက် တရား၀င် ကြေညာချက်ထုတ်တာမျိုးကို တရုတ်ကလိုလားတယ်လို့ တရုတ်သံအမတ်ကြီး Zhang Jun က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး…
Read Moreမုံးကိုးမြို့နယ်ခွဲမှာ နစကတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွား
ဒီဇင်ဘာ ၂၂၊ ၂၂ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုး မြို့နယ်ခွဲ၊ ဝိန်းဆိုင်ကျေးရွာအုပ်စု၊ မုံးပေါ်ဒေသ စမာနဲ့ ဟူဘန် ရွာတွေဘက်မှာ မနေ့ ဒီ ဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်ကစပြီး ညနေ ၃ နာရီကျော်ခန့်အထိ စစ်တပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “၂ နာရီ ဝန်းကျင်မှာ။ ၁ နာရီ ကျော် လောက်ကတည်းကတောင် ပြောလို့ ရတယ်။ ညနေ ပိုင်း ၃ နာရီ ကျော် အထိ။” လီု့ ဒေသခံ တဦး က ပြောပါတယ်။ လက်နက်ကြီးတွေက မုံးကိုး ဗျူဟာဘက်ကနေ…
Read Moreပြည်တွင်းဝင်လာမယ့် လျှပ်စစ်ကား ဘယ်လောက် ခရီးပေါက်နိုင်မလဲ
ဒီဇင်ဘာ ၂၂ – ၂၀၂၂ SN (VOM) Dongfeng Motor Myanmar က တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေ အခုနှစ်ကုန် တင်သွင်းတော့မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို တင်သွင်းနိုင်ဖို့ လက်ရှိမှာ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့အတွက် အခု ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းသွားဖို့ စီစဉ်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လျှပ်စစ်ကား တင်သွင်းရောင်းချခြင်းနဲ့ ပတ်သက်ပြီး စိစစ်ကြပ်မတ်ဖို့ ကော်မတီ ၅ ခု ဖွဲ့စည်းထားတယ်လို့ နစကက ပြောဆိုထားပြီး အဲ့ဒီကော်မတီတွေကနေ လျှပ်စစ်သုံးယာဉ်တွေနဲ့ ပတ်သတ်လို့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး မူကြမ်းတစောင်ကို…
Read Moreဂီတပညာရေးမဏ္ဍိုင် မြို့မ ဦးရွှန်းမြိုင်
——————————————— ဆူးငှက် ၁၉၂၅ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့ “မြို့မ ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်း”ကို၊ ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဗဒင်၊ ကိုလှဒင်၊ ဆိုင်းတန်း ကိုမြသိန်း၊ ကိုဘငွေ၊ ကိုဘအုန်းတို့နှင့်အတူ ကိုဘငြိမ်း ခေါ် ကိုကျော်ညိန်းဟာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့တာပါ။ တောက်မယ့်မီးခဲ တရဲရဲမို့ “မြို့မ” ဆိုတဲ့ နာမည်ကိုလည်း ကိုကျော်ညိန်းကပဲ ပေးခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့ “မြို့မ” ဟာ ၁၉၂၈ ခုနှစ်ရောက်တော့ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊ ရည်ရွယ်ချက် စည်းကမ်းချက်များနှင့် စနစ်တကျ ဖွဲ့စည်းခိုင်မာနိုင်ခဲ့ပါပြီ။ “မြို့မ”က ဒီလို စနစ်တကျ ဖွဲ့စည်းရာမှာ အဓိကအကျဆုံး ရည်ရွယ်ချက်များကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ကြပါတယ်။ ဒီရည်ရွယ်ချက် တွေကတော့ … (က) မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ (ခ) ကမ္ဘာသုံး တူရိယာများ လေ့လာသင်ကြား တတ်မြောက်ရေး၊ (ဂ)…
Read Moreစစ်ရေးအကူအညီနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တွေ့ဆုံဆွေးနွေးမယ်
ကိဗ်ယက်၊ ဒီဇင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ကို သွားနေပြီလို့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု ရက် ၃၀၀ ပြည့်ပြီဖြစ်ပါတယ်။ ယူကရိန်းသမ္မတရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကလည်း အတည်ပြုထားပါတယ်။ ယူကရိန်းရဲ့ စစ်ရေးအရခုခံနိုင်စွမ်းနဲ့ ကာကွယ်ရေးစွမ်းရည်တွေကောင်းဖို့ အမေရိကန်ကို သွားနေတယ်လို့ ယူကရိန်းသမ္မတက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်ကွန်ဂရက်မှလည်း မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ စစ်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်ဟာ စစ်ဘက်ဆိုင်ရာ ပံ့ပိုးမှုကူညီမှုမှာ အဓိကကဏ္ဍကပါ၀င်တဲ့ ယူကရိန်း-အမေရိကန် ဆက်ဆံရေးရဲ့ အရေးပါမှုကို ပြသနေတာဖြစ်ပါတယ်။ အမေရိကန်ဟာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးအတွက် ပက်ထရီးယော့ဒုံးကျည်တွေအပါအ၀င် ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ…
Read Moreဘိုကလေးမှာ ကလေး ၁၂ ဦးအပါအဝင် အထောက် အထားမဲ့ ၁၁၂ ဦးဖမ်းမိ
ဒီဇင်ဘာ၊၂၁-၂၀၂၂ MM(VOM) ဘိုကလေးမြို့နယ်က ပင်လယ်ကမ်းစပ်မှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်က ကလေး ၁၂ ယောက်နဲ့ အမျိုးသမီး ၄၃ ယောက်ပါတဲ့ အထောက်အထားမဲ့သူ ၁၁၂ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အထောက်အထားမဲ့သူ ကလေး ၁၂ ယောက် ၊အမျိုးသမီး ၄၃ ယောက်နဲ့ အမျိုးသား ၅၇ ယောက်ကို ဒေသခံတွေရဲ့သတင်းပေးချက်အရ ဘိုကလေးမြို့ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံလေးကျွန်းနားအရောက်မှာ စက်လှေပေါ်ကနေ ဖမ်းမိခဲ့တာလို့ အထောက်အထားမဲ့သူတွေကို ကူညီပေးသူ တယောက်ကပြောပါတယ်။ ”သူတို့က ရခိုင်ပြည်ကနေ စက်လှေနဲ့ လာတာ ၊ မလေးရှားနိုင်ငံကိုသွားဖို့တဲ့ စက်လှေသမားသီးသန့်တော့ ပါလာတာ မတွေ့ရဘူး ၊ အထောက်အထားမဲ့သူတွေ တွေ့တာက ဒေသခံတွေပါ ၊ဒေသခံတွေက ကျေးရွာလူကြီးကို အကြောင်းကြားလို့ ကျေးရွာ လူကြီးကကနေ ရဲစခန်းကို အကြောင်းတာနဲ့ ရဲစခန်းက လာဖမ်းသွားတာ…
Read Moreအာဖဂန်အမျိုးသမီးတွေ တက္ကသိုလ်တက်ခွင့် တာလီဘန်တို့ တားမြစ်ပိတ်ပင်
ကဘူးလ်၊ ဒီဇင်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးရဲ့တက္ကသိုလ်တက်ခွင့်ကို တာလီဘန်တို့က တားမြစ်ပိတ်ပင် လိုက်ပြီးနောက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ အဲဒီတားမြစ်ပိတ်ပင်မှုကို အဆင့်မြင့်ပညာ၀န်ကြီးက ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ခြင်းဖြစ်ပြီး အမ်ိန့်ဟာ ချက်ချင်းသက်၀င်စေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တို့က လွန်ခဲ့တဲ့နှစ်မှာ ထိန်းချုပ်ပြီးနောက် အမျိုးသမီးတွေ အလယ်တန်းကျောင်းတက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး လက်ရှိမှာ နောက်ထပ်တားမြစ်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။ တာလီဘန်တို့ရဲ့ ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာချက်အပေါ် အမေရိကန်က အပြင်းအထန် ရှုတ်ချခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးပြောဆိုထားပါတယ်။ တာလီဘန်တို့ဟာ အာဖဂန်ပြည်သူအားလုံးရဲ့အခွင့်အရေးကို မလေးစားမချင်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရား၀င်အဖွဲ့ဖြစ်ဖို့ မမျှော်လင့်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကဘူးလ်
Read More