ကနေဒါသွားမယ့် မြန်မာအလံတင် သင်္ဘောပေါ်က လူ ၃၀၀ ကျော်ကို စင်ကာပူကယ်တင်

စင်ကာပူ၊ နို၀င်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) ဗီယက်နမ်ကမ်းရိုးတန်းမှာ နို၀င်ဘာ ၇ ရက်နစ်မြုပ်လုဖြစ်နေတဲ့ မြန်မာအလံတင်သင်္ဘောတစင်းပေါ်ကနေ လူ ၃၀၅ ဦးကို စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကယ်တင်ခဲ့ပါတယ်။ သစ်သားသင်္ဘောတစ်စင်းဟာ စင်ကာပူရဲ့ ရှာဖွေကယ်ဆယ်ရေး နယ်နိမိတ်အတွင်းမှာ နစ်မြုပ်လုနီးဖြစ်နေကြောင်း သတင်းပေးချက်ကို ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးညှိနှိုင်းစင်တာဟာ နို၀င်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက် တာ၀န်ရှိသူတွေဟာ သင်္ဘောကို ချက်ချင်းဆက်သွယ်ကာ ဒုက္ခရောက်နေတာကို အတည်ပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ သင်္ဘောဟာ မြန်မာအလံတင် Lady-3 သင်္ဘောဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဗီယက်နမ်တောင်ပိုင်းပိုင်းကမ်းရိုးတန်းရှိ Vung Tau ကနေ ရေမိုင်၂၅၀ ခန့်အကွာမှာ နစ်မြုပ်လုဖြစ်နေတာဖြစ်ပြီး သင်္ဘောဟာ ကနေဒါကိုဦးတည်သွားရောက်မှာလို့ ဗီယက်နမ်ရေကြောင်းရှာဖွေကယ်ဆယ်ရေး ညှိနှိုင်းစင်တာကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြထားပါတယ်။…

Read More

နစက နဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို အီးယူက အရေးယူပိတ်ဆို့ကြောင်း ကြေညာ

ဘရပ်ဆဲလ်၊ နို၀င်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ထပ်မံအရေးယူမှုအဖြစ် နစက အပါအ၀င် မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို နို၀င်ဘာ ၈ ရက်မှာ အရေးယူပိတ်ဆို့မှုတွေ ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က စတင်ခဲ့တဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တာ၀န်ရှိသူတွေအပေါ် အခုလိုအရေးယူပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်တာလို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရပ်သားဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာအာဏာပိုင်တွေအပေါ် အီးယူရဲ့ အရေးယူပိတ်ဆို့မှုဟာ ယခုတကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက်လည်းဖြစ်ပါတယ်။ အရေးယူပိတ်ဆို့ခံရသူတွေထဲမှာ နစကအဖွဲ့၀င် ဒေါက်တာကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ၊ ဦးနိုင်ထွဋ်အောင်နဲ့ လက်နက်ပွဲစား ဦးအောင်မျိုးမြင့်တို့ပါ၀င်နေပါတယ်။ အီးယူအပြင် အမေရိကန်ကလည်း မြန်မာအာဏာပိုင်တွေအပေါ် အရေးယူပိတ်ဆို့တွေ ထပ်မံချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက နို၀င်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ…

Read More

မြဝတီ – ကော့ကရိတ် ကားလမ်းမှာ အံစာတုံးကား တိမ်းမှောက်ပြီး ကားပေါ်ပါ လူ ၇ဦး သေဆုံး

နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၂ SP (VOM) ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှကုန်သွယ်ရေးကားလမ်း တောနော် ရေတံခွန်နားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ခရီးသည်တင်ယာဥ်ငယ်တစ်စီး တိမ်းမှောက်ပြီး ကားပေါ်ပါလာသူ လူ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီ ၄၀ ဝန်းကျင်က ၊ တောနော် ရေတံခွန်နားမှာ ဖြစ်တာပါ ၊ မြဝတီမြို့ကနေ ကော့ကရိတ်မြို့ဘက်ကို ဆင်းလာတဲ့ အံစာတုံး အမျိုးအစား ခရီးသည်ယာဥ်က လမ်းတားတုံးကို ဝင်တိုက်မိပြီး ၊ လမ်းဘေးအုတ်ခုံကိုတိုက်မိကာ ၊ ပက်လက်လန် မှောက်သွားတယ် ၊ ကားပေါ်ပါတဲ့ လူ ၇ ယောက်စလုံး သေတယ်”လို့ ပုလဲဖြူ လူမှုကူညီရေး အဖွဲ့ဝင်…

Read More

ကျောက်တော်က လက်နက်ကြီးမှန်တဲ့ အမျိုးသမီးနှစ်ဦး ခွဲစိတ်ကုသဖို့ အကူအညီတွေလိုအပ်နေ

နိုဝင်ဘာ ၉- ၂၀၂၂ SW(VOM) ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ရွာက လက်နက်ကြီးကျည်မှန်ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးနှစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့က ကုလားတန်မြစ်ကြောင်းတလျှောက် မြစ်အရှေ့ဘက်ကမ်း ရွှေပြည်သစ်ရွာ၊ ကုလားတန်မြစ်အနောက်ဘက် လက်ဆောင်ကောက်ရွာ၊ အုန်းပတီးနဲ့ ပိန္နဲချောင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်ရှိ စစ်တွေဆေးရုံကို ရောက်နေတဲ့ အမျိုးသမီးနှစ်ဦးဟာ အသက် ၂၁ နှစ်အရွယ် မနွယ်နွယ်နဲ့ ဒေါ်မလေးခိုင် ၃၈ နှစ်ဖြစ်တို့ ဖြစ်ကြပြီး ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ သူတို့နှစ်ဦးလုံးဟာ နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၅ ဦး ထိမှန်ကာ အသက် ၈ နှစ်အရွယ်ကလေး တဦးနဲ့ အသက် ၈၀ အရွယ်…

Read More

ပုသိမ်မြို့က ရေယာဉ်လုပ်ငန်းတွေ ရပ်နားလာရတာကြောင့် ဆက်စပ်လုပ်ငန်း လုပ်သူတွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၉-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို အခြေပြုပြေးဆွဲနေတဲ့ ရေယာဉ်တွေ အခေါက်ရေလျှော့ချပြေးဆွဲတာနဲ့ ရပ်နားလာရတာတွေကြောင့် ရေယာဉ်နဲ့ ဆက်စပ်တဲ့ နယ်ပယ်က လူတွေ အခက်အခဲဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။ ဧရာဝတိုင်း ၊ ပုသိမ်မြို့ကို အခြေပြုကာ ဟိုင်ကြီးကျွန်း ၊ မော်ကျွန်း ၊ ငပုတော ၊ လပွတ္တာ ၊ ငရုတ်ကောင် ၊ ပြင်စလူ ၊ ကျုံမငေး ၊ ကျုံပျော် ၊ ဘိုကလေး ၊ ဒလ ၊ ရန်ကုန် ၊ ချောင်းသာ ၊ မြောင်းမြ ၊ ဖျာပုံ စတဲ့မြို့တွေနဲ့ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ရေယာဉ်တွေရှိပါတယ်။ အဲ့ဒီမြို့တွေနဲ့ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ် တွေဟာ အကျိုးအမြတ်ထက် ကုန်ကျစရိတ်က အရမ်းများနေတာကြောင့် အခေါက်ရေလျှော့ချပြေးဆွဲတာ ၊ လုံးဝ…

Read More

ကန်ဘလူမြို့နယ် မြောက်ပိုင်းက ရွာသား ၁၄ ယောက် ပျောက်ဆုံးမှု အသတ်ခံရတာဖြစ်နိုင်

နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ၊ ကိုးတောင်ဘို့ တိုက်နယ် ၊ လျှော်ဖြူကျေးရွာနဲ့ ဇီးကနားကျေးရွာက ဒေသခံ ရွာသား ၁၄ ယောက်ဟာ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ ပျောက်ဆုံးသွားပြီးနောက် ဒီကနေ့အထိ ဆက်သွယ်စုံစမ်းမရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ပျောက်ဆုံးနေတဲ့ ဒေသခံရွာသား ၁၄ ယောက်နဲ့ ပတ်သက်လို့ လျှော်ဖြူရွာခံ တယောက်က ” ဆားတောင်ကြီး တောတိုက်ဘက်မှာ ယာယီတိုက်ပွဲရှောင်နေတာတွေရှိတယ် ၊ အဲ့ဒီဘက်ကို စစ်ကြောင်းရောက်လာပြီးနောက်ပိုင်း ဒေသခံ ရွာသား ၁၈ အဖမ်းခံရတယ်လို့ သိရတယ် ၊ အဲ့ဒီနေ့က နိုဝင်ဘာ ၃ ရက်နေ့ဖြစ်တယ် ၊ အဲ့ဒီနေ့ ညနေပိုင်းက ဇီးကနားရွာသား ၂ ယောက်ပြန်လွတ်လာတယ် ၊…

Read More

ထိုင်းမှာ နိုင်ငံခြားသားတွေ အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်ခွင့် ရုပ်သိမ်း

ဘန်ကောက်၊ နို၀င်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ချမ်းသာကြွယ်၀တဲ့နိုင်ငံခြားသားတွေ အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်ခွင့် မူဝါဒကို အများပြည်သူကန့်ကွက်မှုတွေကြောင့် ရုပ်သိမ်းလိုက်ကြောင်း အစိုးရတာ၀န်ရှိသူတစ်ဦးက နို၀င်ဘာ ၈ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် ရည်ရွယ်တဲ့ အဲဒီမူဝါဒကို ယခုနှစ်အစောပိုင်းမှာ အစိုးရကထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသားတွေအနေနဲ့ အနည်းဆုံးဘတ်သန်း ၄၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ သန်းကို သုံးနှစ်ထက်မနည်း ရင်းနှီးမြုပ်နှံမယ်ဆိုရင် အိမ်ခြံမြေကဏ္ဍမှာ သုည ဒသမ ၁၆ ဟတ်တာထိ ၀ယ်ယူပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ နည်းပါးလွန်းပြီး အဲဒီမူဝါဒဟာ အိမ်ခြံမြေစျေးနှုန်းတွေတက်စေပြီး နိုင်ငံသားတွေရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေက ပြောဆိုပါတယ်။ အဘက်ဘက်က သဘောထားတွေတွေကို နားထောင်ပြီး ပြန်လည်သုံးသပ်ဖို့အတွက် ဒီအစီအစဉ်ကို ပြည်ထဲရေး၀န်ကြီးဌာနက ရုပ်သိမ်းလိုက်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri…

Read More

စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ တောင်ကိုရီးယား တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ နို၀င်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားရဲ့ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်ပြီး တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ကွန်ပြူတာနဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှု Taegeuk ကို နို၀င်ဘာ ၇ ရက်ကနေ ၁၀ ရက် တောင်ကိုရီးယားက ပြုလုပ်နေပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကွန်ပြူတာနဲ့ပုံစံတူပြုလုပ်တာဆိုပေမယ့် တောင်ကိုရီးယားရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ရန်လိုတဲ့သဘောဖြစ်တယ်လို့ မြောက်ကိုရီးယားက ဝေဖန်ပြောဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ လေးလအတွင်း စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလိုပြုလုပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ငါးနှစ်အတွင်း အကြီးဆုံးလေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ပြီး မြောက်ကိုရီးယားအပေါ် ဖိအားပေးခဲ့ပါတယ်။ အဲဒီလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ နို၀င်ဘာ ၂ ရက်ကနေ ၅ ရက်နေ့ထိ စစ်ရေးလေ့ကျင့်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည် ၈၀ ကျော်နဲ့ အခြားဒုံးကျည်တွေ ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။…

Read More

မန္တလေးတိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်း အိုးဘိုထောင်ကနေ ပြန်လွတ်လာ

နိုဝင်ဘာ ၈-၂၀၂၂ Voice Of Myanmar မန္တလေးတိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ “ဒီကနေ့ မနက်ကပဲ ပြန်လွှတ်လိုက်တယ်လို့ သိရတယ်၊ လွတ်ရက်ပြည့်လို့ပဲနေမှာပါ”လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဒေါက်တာစိုးသန်းရဲ့ မိသားစုကလည်း ဟုတ်မှန်ကြောင်း VOM ကို ပြောပါတယ်။ ဒေါက်တာစိုးသန်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးကနေ ဘေးစီမံပုဒ်မ-၂၅ ၊ ဘေးစီမံပုဒ်မ-၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ Photo Crd – Original Uploader #VOM #voiceofmyanmar #ဒေါက်တာစိုးသန်း #ပြန်လွတ်လာ

Read More

ကနေဒါရွေးကောက်ပွဲတွေမှာ တရုတ်၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ၀န်ကြီချုပ်ထရူးဒေါ စွပ်စွဲ

တိုရွန်တို၊ နို၀င်ဘာ-၈-၂၀၂၂ မျိူးဆက်(VOM) ကနဒါရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံက ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒေါက နို၀င်ဘာ ၇ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေကို ရန်လိုတဲ့အခြေအနေတွေ ဖန်တီးနေပြီး ကနေဒါရှိ အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားနေကြောင်း ကနေဒါ၀န်ကြီးချုပ်က ပြောပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ လျှို့ဝှက်ကွန်ရက်တခုကို ကနေဒါထောက်လှမ်းရေးက ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကနေဒါရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးထက်မနည်းကို တရုတ်က ကျောထောက်နောက်ခံပြုခဲ့တယ်လို့ ကနေဒါ၀န်ကြီးချုပ် ထရူးဒေါက ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေကို တရုတ်နိုင်ငံက ရန်ပုံငွေတိုက်ရိုက်ပေးအပ်ခဲ့ပြီး တရုတ်အကြံပေးတွေက မဲဆွယ်စည်းရုံးရေးတွေမှာ ပါ၀င်ဆောင်ရွက်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ ထောက်လှမ်းရေး သတင်းရင်းများတွေက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More
VOM News

FREE
VIEW