နိုဝင်ဘာ ၈ – ၂၀၂၂ SN (VOM) ပြည်တွင်း ဆန်ကြမ်းဈေးကွက်အတွင်း ဆန်အဝင်နည်းနေပြီး ဝယ်လိုအားများနေတာကြောင့် ဈေးတွေ ဆက်တိုက် မြင့်တက်လာနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဆန်ထွက်ရှိမှု အခြေအနေမှာ ပြီးခဲ့တဲ့ မိုးစပါးပေါ်ချိန်ကာလကို ကျော်လွန်သွားတာကြောင့် ကုန်စည်ဒိုင်တွေအတွင်း ဆန်အဝင်နည်းနေပြီး အရင် ဆန်ပေါ်ချိန်က တစ်ရက်ကို ဆန်အိတ်ရေ ၁ သိန်းလောက် ဝင်နေရာကနေ အခု အိတ်ရေ ၅ သောင်းသာ အဝင်ရှိတော့တယ်လို့ သိရပါတယ်။ “အရင်ပုံမှန်ဆို ဆန်ဈေးက စပါးပေါ်ချိန်တွေဖြစ်တဲ့ မိုးစပါးထွက်ရှိချိန်နဲ့ နွေစပါး ထွက်ချိန်တွေမှာ ဈေးကျတတ်ပါတယ်။ ဒါပေမယ့် အခုကာလက မိုးစပါးအချိန်ကာလ ကျော်လွန်သွားသလို နွေစပါးရရှိဖို့ကလည်း အချိန် လိုနေသေးတဲ့အတွက် ပြည်တွင်း လက်လီစားသုံးသူ ဈေးကွက်မှာ ဆန်ဈေး မြင့်တက်လာနေတာ ဖြစ်ပါတယ်” လို့ ကုန်သည်တဦးက ပြောပါတယ်။ ဒါ့အပြင် ဆန်တန်ချိန်၂…
Read MoreYear: 2022
ဝဲဘို့တောင်ရွာမှာ ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွား
နိုဝင်ဘာ ၈၊ ၂၀၂၂ Shy V (VOM) မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲဘို့တောင်ကျေးရွာဘုန်းကြီးကျောင်းဟာ ဒီနေ့ နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီခွဲ ဝန်းကျင်ခန့်က မီးလောင်ပျက်စီးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ကျောင်း ၂ ကျောင်းလုံး နှစ်ထပ်ဆောင် အကုန်လုံး ကုန်သွားတယ်၊ အဲဒီရွာမှာတော့ အဲဒီ ဘုန်းကြီးကျောင်း ၁ ကျောင်းပဲ ရှိတာဖြစ်ပြီး ကျောင်း ဆောင်တွေလည်း သိပ်မရှိဘူး။ရွာဆိုတော့ ရွာက လူတွေကတော့ အဆင်ပြေအောင်တော့ လုပ်ပေးမယ် ထင်တာပဲ။ ကျောင်းကတော့ တကျောင်းပဲ တွေ့တယ်။ နောက် ကျောင်းဆောင်တွေရော သိပ်မရှိဘူး။ အဲဒီကျောင်းကြီး ၁ ကျောင်းပဲရှိတာ၊ မီးလောင်သွားတယ် ဆိုတော့ နေစရာတော့ အခုတော့ မသိသေးဘူး။ “လို့ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတဦးက…
Read Moreထိုင်းမှာ သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေး စိန်ခေါ်မှုတွေရှိနေ
ဘန်ကောက်၊ နို၀င်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ထိုင်းအစိုးရရဲ့ အစီအမံတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ မူကြိုကျောင်းတစ်ခုမှာ ရဲ၀န်ထမ်းဟောင်းတဦးရဲ့ အောက်တိုဘာ ၆ ရက်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၄ ဦးအပါ၀အ၀င် လူ ၃၆ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုင်းအစိုးရဟာ သေနတ်ထိန်းချုပ်ရေး အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူတွေနဲ့ လိုင်စင်ရရှိပြီးသူတွေကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံတွင်းမှာ သေနတ်အများအပြား တရားမ၀င် ပျံ့နှံ့ကိုင်ဆောင်နေကြပြီး ဒိအပေါ် ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိတာက သေနတ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအတွက် စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်စာရင်းအရ တရား၀င်သေနတ်ကိုင်ဆောင်သူ ၁၀ သန်းကျော်ရှိကြောင်း ဆွစ်ဇာလန်သုတေနသနအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အသက် ၂၀ နှစ်အထက် ရာဇ၀တ်မှတ်တမ်းမရှိဘဲ…
Read Moreတန်ဇန်းနီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု ၁၉ ဦးထက်မနည်း သေဆုံး
ဒိုဒိုမာ၊ နို၀င်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) တန်ဇန်နီးယားခရီးသည်လေယာဉ်တစင်းဟာ ဘူကိုဘာမြို့့ရှိလေဆိပ်မှာ နို၀င်ဘာ ၆ ရက်ကဆင်းသကဖို့ ကြိုးပမ်းစဉ်တွင် ပျက်ကျမှုကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးသွားပါတယ်။ လေယာဉ်ပေါ်ဟာ ဘူကိုဘာလေဆိပ်ပြေးလမ်းအဆုံးမှာရှိတဲ့ ရေကန်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် ၄၃ ဦးအနက် ၂၄ ဦးအသက်ရှင်ကြောင်း လေကြောင်းပို့ဆောင်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ လေယာဉ်မှူးနှစ်ဦးဟာ ကနဦးတွင် အသက်ရှင်နေပြီး လေယာဉ်မှူးအခန်းကနေပြီး ဒေသခံလေကြောင်းတာ၀န်ရှိသူတွေကို ဆက်သွယ်သတင်းပို့နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားကြောင်း တန်ဇန်းနီးယား၀န်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ လေဆိပ်အနီးက ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပြိး ဆိုးရွားတဲ့ ရာသီဥတုကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို လက်ရှိမှာ ဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်းနဲ့ နောက်ထပ်ညွှန်ကြားချက်မရမချင်း လေဆိပ်ကို ပိတ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ Ref: BBC #voiceofmyanmar…
Read Moreစစ်တွေမှာ အဓိဋ္ဌာန်ဆရာတော်ကြီးဦးစီးတဲ့ ရဟန်းအပါး (၁၈၀) နဲ့ သီလရှင် (၁၂၀)ပါး ခံယူပွဲ ကျင်းပ
နိုဝင်ဘာ ၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်မှာ တန်ဆောင်တိုင်ကာလ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီက ရဟန်အပါး ၁၈၀ နဲ့ သီလရှင်အပါး ၁၂၀ ခံယူပွဲကို ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော်ကြီးဦးစီးပြီး ကျင်းပခဲ့ပါတယ်။ မူလက ရဟန် ၁၀၈ ပါးနဲ့ သီလရှင် ၁၀၈ ပါးခံယူပွဲ ဖြစ်ပေမယ့် ရဟန်း၊ သီလ ရှင်အပါးရေဟာ သတ်မှတ်ထားတာထက်ပိုများနေတာ ဖြစ်ပါတယ်။ အလှူရှင်တွေကတော့ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာဇာတိဖြစ်တဲ့ ဦးမောင်မောင်လှနဲ့ ဒေါ်ခင်ထွေးရီတို့ ဖြစ်ကြပြီး ရဟန်း၊ သီလ ရှင်ခံယူပွဲနဲ့ ကထိန်အလှူမင်္ဂလာ ဖြစ်မြောက်ရေး အလှူရှင်တွေဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #စစ်တွေ
Read Moreစစ်တွေမှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး လုပ်ကြံခံရ
နိုဝင်ဘာ ၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ မနေ့ နိုဝင်ဘာလ ၆ ရက်၊ ညနေပိုင်း ၇ နာရီကျော်လောက်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသက်ဦး(၆၀) နှစ်ကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာဟာ စစ်တွေမြို့ ၊ရှုခင်းသာလမ်း၊ ကစ္စပနဒီမြစ်ကမ်းဘေးက RV (River Valley) စားသောက်ဆိုင်မှာ မိသားစုနဲ့အတူရှိနေစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာ (၄) ချက်ရရှိသွားကာ ဦးခေါင်းမှာ တချက်၊ လည်ပင်းသေနတ် ဒဏ်ရာတချက်၊ ပါးကျည်ဖောက်ဒဏ်ရာတချက်နဲ့ လည်ပင်းဓားဒဏ်ရာတချက် တို့ ဖြစ်ကြောင်း သိရပါတယ်။ သူရဲ့ဒဏ်ရာအခြေအနေဟာ လက်ရှိမှာ ခွဲစိပ်ကုသမှုခံယူပြီးလို့ အခြေအနေ ကောင်းမွန်ကြောင်းပြောပေမယ့် အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ပြောရခက်ကြောင်း ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက “ဖြစ်တာက RV ထဲမှာပါ။…
Read Moreတာဝတိံသာပွဲ
ဆူးငှက် ” နဂါးလိမ် မိလ္လာသိင်္ဂါညွန့်မှာ၊ တိမ်ပြာဇာတွန့်မြအရောင် … ချိန်ခါ ဝါစွန့် လတန်ဆောင်ငယ် သရဒဦးသျှောင် ခေါင်ရတု။ ရှစ်ဋ္ဌာန်ဝန်းဝိုက် ပြိုတော့မည်လို လျှပ်ခြည်နတ်စည် ခြိမ့်ညောင်းဆော်ခဲ့ခု…” မသိုးကထိန် တန်ဆောင်ညီးလို့ တန်ဆောင်မုန်းကိုရှေးစာဆိုတို့က ဤသို့ဖွဲ့ခဲ့သည်။ တန်ဆောင်မုန်းမှာ မြောက်ပြန်လေညှင်းညှင်းသင့်သည်။ နှင်းဝတ်မှုန်တို့ ဖွဲဖွဲလွင့်သည်။ ခဝဲဖူးတို့ လူးလူးလွန့်သည်။ ထိုကာလ ထိုရာသီတွင် ကထိန်ပွဲမှာ ခင်းကျင်းကပ်လှူကြသည်။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကျင်းအပ်သော ကထိန်ပွဲတော်များကား ရတနာပုံမ်ခေတ်ကတည်းက မန္တလေးတွင် ဝှဲချီးကျင်းပသည့် ပွဲတော်များဖြစ်သည်။ ဤကထိန် ပွဲတော်များကား မန္တလေးထုံးတမ်းစဉ်လာအတိုင်းတန်ဆောင်မုန်းလဆန်း ၇ရက်၊ ၈ ရက်မှသည် လဆန်း၁၄ ရက်(လပြည့်အဖိတ်)အထိ အစဉ်အဆက် ကျင်းပကြခြင်းဖြစ်၏။ ထိုကထိန်ပွဲတော်နှင့်အတူ တန်ဆောင်တိုင်ဆီမီးပူဇော်ကြပုံများကိုလည်း ” မသိုးကထိန် တန်ဆောင်ညီးလို့၊ အာကာသမီးသီးသီးလှူတော်၊ မမိုးသိမ့်သိမ့် ကျာ်”ဟုစပ်ဆိုကြသည်။ ရတနာပုံမ်မန္တလေးခေတ်ကတည်းက ၁၂လရာသီ ပွဲတော်များအနက် ကထိန်ပွဲတော်ကို အထူးတလည်…
Read Moreရန်ကုန်မှာ YBS ၂ စီး မျက်နှာချင်းဆိုင်တိုက်မှု သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ရှိ
နိုဝင်ဘာ ၆ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်း၊ ၁ ထိပ်၊ မီးပွိုင့်အနီးမှာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက YBS 61 နဲ့ 69 တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး သေဆုံးသူ ၄ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ရှိခဲ့တယ်လို့ သိရသည်။ ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်ဘက်ကနေ အောင်ဇေယျတံတားပေါ်ကအဆင်း မောင်းနှင်လာတဲ့ YBS ၆၉ (မှန်လုံယာဥ်အသေး) နဲ့ လှိုင်သာယာမြို့နယ်ဘက်က မောင်းနှင်လာတဲ့ YBS ၆၁ (ခေတ်သစ်ဘုရင့်နောင်) ယာဥ်တို့ မျက်နှာချင်းဆိုင် တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီဖြစ်စဉ်ကတော့ ၆၁ က လမ်းပြောင်းပြန် ကျော်တက်လာတယ်။ တံတားပေါ်ကဆင်းလာတဲ့ ၆၉ ကလည်း လမ်းပြောင်းပြန် ကျော်ဆင်းလာကြတာပေါ့။ အောင်ဇေယျတံတားပေါ်မှာက…
Read Moreသတင်းစာမှာ သီးနှံအထွက်ကောင်းပြီး ပြည်ပတင်ပို့မှုအားကောင်းသည်ဆိုသော်ငြား မြေပြင်မှာ အရှုံးနဲ့ရင်ဆိုင်နေရ
နိုဝင်ဘာ ၅ – ၂၀၂၂ SN (VOM) နိုင်ငံပိုင်သတင်းစာမှာ သီးနှံအထွက်ကောင်းပြီး ပြည်ပတင်ပို့မှုအားကောင်းသည်ဆိုသော်ငြား မြေပြင်အခြေအနေမှာတော့ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေး (၈/၂၀၂၂)မှာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ဟာ သာယာဝပြောပြီး ဆန်နဲ့ပဲအပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှုအားကောင်းလာတဲ့အတွက် ဒီထက်ပိုလုပ်နိုင်အောင်ကြိုးစားရမယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုခဲ့တာလည်း ရှိပါတယ်။ အဲ့ဒီ့လို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တဦးက “အထွက်နှုန်းကောင်းလို့ ပြည်ပတင်ပို့နိုင်တာ မဟုတ်ပါဘူး။ ကုန်သည်က ကုန်ကိုဆက်လှောင်ထားလို့ မရတော့လို့ အရင်နှစ်ကဟာတွေ ထုတ်ရောင်းရတာပါ။ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ဟန်ပြပြောနေတာ။ ဒေါ်လာဂယက်ကြောင့် တဖက်နိုင်ငံနဲ့ ကတိကဝတ်ပျက်မှာစိုးလို့ အရှုံးခံပို့နေရတဲ့အခြေနေပါ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ စီးပွားရေး လုပ်ငန်းတွေဟာ နစကရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ၊ ဒေါ်လာ…
Read Moreဈေး ၃ မျိုးဖြစ်နေတဲ့ မြန်မာ့ရွှေဈေးကွက်
နိုဝင်ဘာ ၆ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာ့ရွှေဈေးကွက်အတွင်းမှာ ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်သတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဆိုပြီး ဈေး ၃ မျိုး ဖြစ်ပေါ်နေပါတယ်။ ရွှေအသင်းကတော့ အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်အားလုံး အခေါက်ရွှေတကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချပေးဖို့ ပန်ကြားစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် လက်ရှိ ပြင်ပဈေးကွက်ထဲမှာတော့ ၂၆ သိန်းကျော်နဲ့ အရောင်းအဝယ် ဖြစ်နေပြီး အသင်းရဲ့ ရည်ညွှန်းဈေးကတော့ ၁၉ သိန်းကျော် ရှိနေတာဖြစ်ပါတယ်။ “ရွှေဈေးကတော့ သူတို့သတ်မှတ်ဈေးနဲ့က ဘယ်သူမှ မရောင်းနိုင်ပါဘူး။ သူတို့ကိုယ်တိုင်တောင် မရောင်းနိုင်ဘူး။ အခု ဈေးတန်းတစ်ခု သတ်မှတ်ပေးလိုက်တာတောင်မှ သူတို့ရည်ညွှန်းဈေးနဲ့မတူဘူး။ ဒါ သူတို့ကိုယ်တိုင်ကိုက အပြင်ပေါက်ဈေးရဲ့ အနေအထားကို မငြင်းနိုင်တာ၊ မျက်ကွယ်မပြုနိုင်တာ ထင်ရှားတာပေါ့။ ဒီ…
Read More